ကမ္ဘာကျော်လေယာဉ်ပျက်ကျမှုမှာတန်ခိုးပြကာကွယ်ပေးခဲ့သောတောင်ပုလုဆရာတော်ဘုရားကြီး၏ကမ္ဘာကျော်ဖြစ်ရပ်
ကမ္ဘာကျော်လေယာဉ်ပျက်ကျမှုမှာတန်ခိုးပြကာကွယ်ပေးခဲ့သောတောင်ပုလုဆရာတော်ဘုရားကြီး၏ကမ္ဘာကျော်ဖြစ်ရပ် လေယာဉ် ပျက်ကျတော့မယ့် အချိန်မှာ တန်ခိုးပြ ကာကွယ်ပေးခဲ့သော တောင်ပုလုဆရာတော်ဘုရားကြီး၏ ကမ္ဘာကျော် ဖြစ်ရပ် ..ဘာသာရေးနှင့်ဆက်နွယ်သော အထွေထွေ ဗဟုသုတလွန်ခဲ့တဲ့ ၃၈ နှစ်လောက်က ထူးခြားဖြစ်စဉ်တခုပါ.မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အနီးရှိ တောင်ပုလု တောရရိပ်သာတွင် သီတင်းသုံးနေထိုင်ခဲ့သော တောင်ပုလု ဆရာတော် ဘုရားကြီးသည် တစ်ချိန်က ရဟန္တာဟု ထင်ပေါ်ကျော်ကြားခဲ့သည်။ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူ တစ်ယောက်အကြောင်း အပါအဝင် စာအုပ်ပေါင်းများစွာကို ရေးခဲ့သူ စာရေးဆရာ ဒါရိုက်တာဦးဆန်းလွင်သည် တောင်ပုလု ဆရာတော်ဘုရားကြီးကိုအကြောင်းပြု၍  ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ အရှင်အာဒိစ္စရံသီ ဘွဲ့အမည်ဖြင့်ရဟန်းဝတ်ပြီး မြန်မာပြည်အနှံတရားများ လှည့်လည်ဟောခဲ့ပါသည် ။ပျဉ်းမနား မဟာမြိုင် ဆရာတော် ဦးဇောတိကသည်လည်း ဆရာတော်ကြီးကို အကြောင်းပြု၍ ဘာသာကူးပြောင်းကာ ရဟန်းဝတ်ပြီး စာအုပ်ပေါင်းများစွာရေး၍ ကမ္ဘာ့နိုင်ငံ အသီးသီးကို လှည့်လည်တရားဟောခဲ့ပါသည်။1970 ခုနှစ်ကျော်ဝန်းကျင်လောက်က […]