ကလေးမွေးပြီးခါစဇနီးဖြစ်သူကို အဲ လို တော့ မလုပ် သင့် ပါဘူး
ကလေးမွေးပြီးခါစဇနီးဖြစ်သူကို အဲ လို တော့ မလုပ် သင့် ပါဘူး ဇနီးဖြစ်သူကို မကြာခဏစနောက်ကျီစယ်တတ်ပြီး သူ့ရဲ့ကိုယ်ပိုင် youtube ချန်နယ်မှာတင်လေ့ရှိတဲ့ ထိုင်းက “ ကာရင် ၁၄၁၂” လို့ချန်နယ်အမည်ပေးထားတဲ့ နာမည်ကျော် Youtube ဆယ်လီတစ်ဦးဟာ ပြီးခဲ့သော ဇန်နဝါရီလ ၁ ရက်နေ့တုန်းက “ကားထဲ အသုံးပြုပြီးတဲ့ကွန်ဒုံးတွေ့ရှိတယ်” လို့နာမည်ပေးထားတဲ့ သူ့ရဲ့ဇနီးကိုစနောက်ထားတဲ့ ဗီဒီယိုကလစ်လေးအသစ်တစ်ခု အွန်လိုင်းမှာ တင်လိုက်ပါတယ်။ ၎င်းဟာ ကွန်ဒုံးထဲကိုအုန်းနို့ထည့်ပြီး ကားအတွင်းတစ်နေရာမှာသွားဖွက်ထားပြီးနောက် တွေ့သွားတဲ့ဇနီးဖြစ်သူရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ရန် တမင်ရိုက်ကူးစီစဉ်ထားတဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။ အစမှာ သူ့ရဲ့လမ်ဘိုဂီနီကားထဲက မောင်းသူထိုင်ခုံဘက်ခြမ်းမှာထားခဲ့သေးတယ်။ ဒါပေမယ့် သူ့မိန်းမက မတွေ့လိုက်ဘဲ အဲ့ဒီတစ်ခေါက်က မအောင်မြင်ခဲ့ပါဘူး ။ ထို့နောက် ကားနောက်တစ်စီးပြောင်းပြီး ထင်သာမြင်သာပိုရှိတဲ့နေရာမှာ ထားလိုက်ပါတော့ တယ်။ ဒီတစ်ခေါက် သူ့ရဲ့ကြံစည်မှုက အောင်မြင်တယ်လို့ ဆိုလို့ရပါ […]