Category: ကိုဗစ်

ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေးမ၀ယ်ယူကြရန် YUG တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရမှ စက်တင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံတော်အားအရေးပေါ်အခြေအနေ‌ ကြေညာပြီးသည့်နောက် ရန်ကုန်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေး၀ယ်ယူစုဆောင်းခြင်း များမပြုလုပ်ရန် ရန်ကုန်မြို့ပြ ပျောက်ကြားအဖွဲ့ (YUG)မှ တိုက်တွန်းလိုက်သည်။ ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်အတူ တတ်စွမ်းသည့် နယ်ပယ်ကဏ္ဍတို့မှ ပူးပေါင်းပါဝင်ပေးကြရန်လည်း ၎င်းအဖွဲ့က မေတ္တာရပ်ခံထားသည်။ သတင်းအချက်အလက်များကို သေချာစိစစ်ပြီးမှ ယုံကြည်ရန်၊ တော်လှန်ရေးအင်အားစုများ၏ တည်နေရာများ အင်အားများအား ဖော်ထုတ်တင်ပြခြင်းမပြုရန်၊ စိုးရိမ်ထိတ်လန့်စွာ ဈေးဝယ်စုဆောင်းခြင်းများ မလုပ်ကြရန်နှင့် စစ်ကောင်စီအား သတင်းပေးခြင်း ပူးပေါင်းခြင်းများကို ရှောင်ကျဉ်ကြရန် ပြည်သူများအား အသိပေးထားသည်။ တိုက်ပွဲများဖြစ်ပွားလာပါက နေရပ်စွန့်ခွာရမည်ဆိုလျှင် အိုးမင်းမစွမ်းသူများ၊ မိခင်နှင့် ကိုယ်ဝန်ဆောင်သည်များ၊ ကလေးငယ်များ၊ ထိခိုက်ဒဏ်ရာရနေသူများ၊ ဆေးဝန်ထမ်းများနှင့် သာသနာ့ဝန်ထမ်းများကို အစဉ်လိုက် ကယ်ထုတ်ပေးကြရန်လည်း အသိပေး တိုက်တွန်းထားသည်။ တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် NUG မှ […]

တစ်ကမ္ဘာလုံးထမင်းငတ်နေသော်လည်း တရုတ်ကြီးပန်းပန်လျက်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကြပ်အတည်းဖြစ်နေချိန်တွင် တရုတ်၏ ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်ရေးသည် ပြီးခဲ့သည့်လက စံချိန်တင်အဆင့်ထိ မြင့်တက်လာခဲ့ကြောင်း CNN သတင်းဖော်ပြချက်အရသိရသည်။ အင်္ဂါနေ့(စက်တင်ဘာလ ၇ရက်)က ထုတ်ပြန်သည့် အကောက်ခွန်စာရင်းများအရ သြဂုတ်လတွင် တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ (၂၅.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်ပမာဏသည်လည်း (၃၃.၁) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၆) ဘီလျံထိရှိခဲ့ကြောင်း သိရသည်။ coronavirus ကူးစက်မှုများကြောင့် စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သော်လည်း သြဂုတ်လ၏ ကိန်းဂဏန်းများသည် စီးပွားရေးပညာရှင်များ၏ မျှော်မှန်းချက်ထက်ကျော်လွန်ကာ ဇူလိုင်လအမြတ်ထက် ပိုမိုအားကောင်းလာခဲ့ကြောင်း သိရသည်။ ၂ဝ၂၁ ခုနှစ် ပထမရှစ်လအတွင်းကုန်သွယ်မှုပမာဏသည် ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တွင် (၃၄) ရာ ခိုင်နှုန်းနှင့် သွင်းကုန်တွင် (၃၅) ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပြီး တရုတ်၏ ကုန်သွယ်မှုပိုငွေသည် […]

Back To Top