စစ်တပ်က စနစ်တကျ ရည်ရွယ်ချက်ဖြင့် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေမှုကို ကုလညီလာခံမှာ တင်ပြပြီး နိုင်ငံတကာကို အကူအညီတောင်းခံလိုက်တဲ့ ဦးကျော်မိုးထွန်း
စစ်တပ်က မြန်မာပြည်သူများကို စနစ်တကျ ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်သတ်ဖြတ်နေဟု ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြ၊ နိုင်ငံတကာကို အကူအညီတောင်း ရန်ကုန်၊ နိုဝင်ဘာ ၂၄ မြန်မာနိုင်ငံတွင် စစ်တပ်က ပြည်သူများကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ်ဖြတ်နေကြောင်း ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြလိုက်ပြီး မြန်မာပြည်သူများကို နိုင်ငံတကာက ကူညီကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်နှင့်ပတ်သက်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင်ကျင်းပနေပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းက ၂၃ ရက်နေ့တွင် အထက်ပါအတိုင်း မိန့်ခွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်နှင့်ပတ်သက်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း၌ လူကုန်ကူးမှုပြဿနာဖြေရှင်းရေး၊ […]