Category: စောလူးမင်း

ပုဂံရာဇဝင်ထဲက စောလူးမင်း

စောလူးမင်း(အေဒီ၁၀၇၈-၁၀၈၄) – မင်းလုလင် ဟူ၍လည်း သမိုင်းတွင် ထင်ရှားသည်။ ငယ်ရွယ်သောမင်း ဟုအဓိပ္ပါယ်ရှိသည်။ ဘွဲ့အမည်မှာ ဂြီဝဇြာဗရဏ တြိဘုပတိ ဖြစ်သည်။ ဖခင်ဖြစ်သူ အနော်ရထာ တည်ထောင်ခဲ့သည့် တိုင်းပြည်ကို အရည်အချင်းရှိရှိဖြင့် ဆက်ခံနိုင်သူမဟုတ်ဟု သမိုင်းကပြဆိုသည်။ ငယ်ရွယ်သူဖြစ်သည့်အလျှောက် တိုင်းပြည်အုပ်ချုပ်ရေးတွင်အားနည်းပြီး၊ အပျော်အပါးတွင် ဝါသနာကြီးသူအဖြစ် ဖော်ပြလေ့ရှိကြသည်။ တိုင်းပြည်အခြေအနေ ယိုယွင်းလာမည်ကို ကြိုတင်မြင်ကြသည့် မှူးမတ်များ၏ အကြံပြုချက်ကြောင့် အနော်ရထာလက်ထက်က နန်းတော်မှစကာ ထွက်ပြေးနေသည့်ကျန်စစ်သား အားပြန်လည်ခေါ်ယူခဲ့သည်။ သို့သော် မခံချင်စိတ်ဖြင့် ပုန်ကန်သူပဲခူးစား ငရမန်ကန်းနှင့်စစ်ပြုရာ ၎င်း၏ ပရိယာရ်တွင် ကျဆုံးရပြီး၊ ပြည်တော်သာကျွန်းတိုက်ပွဲတွင် ရန်သူလက်သို့ပါရသည်။ ကျန်စစ်သားက ရန်သူတပ်တွင်း စွန့်စားဝင်ရောက်ကာ အချုပ်မှကယ်ရန် ကြိုးပမ်းသော်လည်း ယုံကြည်ခြင်းမရှိ၍ အော်ဟစ်ရုန်းကန်သောကြောင့် ရန် သူ လက်တွင်း၌သာ အဖမ်းခံဘဝနှင့် အသတ်ခံရပြီးကွယ်လွန်ခဲ့သည်။ ၎င်းလွန်သော် […]

Back To Top