သရဏဂုံအကျိုးကြောင့် (၇)နှစ်သားအရွယ်ဖြင့် ရဟန္တာဖြစ်ခဲ့ရသူ
သရဏဂုံအကျိုးကြောင့် (၇)နှစ်သားအရွယ်ဖြင့် ရဟန္တာဖြစ်ခဲ့ရသူ အကြောင်းဘုရားရှင်လက်ထက်တော်ကသရဏဂုံကို အကြောင်းခံပြီးရဟန္တာဖြစ်သွားရတဲ့ ပုဂ္ဂိုလ်တွေလဲရှိခဲ့ဖူးတယ် ။ ‘သရဏဂုံမထေရ်’ လို့ပဲအမည်တွင်ခဲ့ကြတယ်။ မြတ်စွာဘုရားလက်ထက်တော်ကသာဝတ္ထိပြည်မှာ ၇-နှစ်သားအရွယ်သူငယ်ကလေး တစ်ယောက် ရှိခဲ့ဖူးတယ်။ကလေးတို့ဘာဝ ကစားဖော် ကလေးများနှင့် ဘုန်းကြီးကျောင်းတိုက် တစ်ခုထဲရောက်သွားကြတယ်။ ကျောင်းတိုက်ထဲမှာသီတင်းသုံးတဲ့ ရဟန္တာအရှင်မြတ်တစ်ပါးကပျူ ပျူ ငှာငှာ ကလေးများကို နှုတ်ဆက်မေးစမ်းပြီး သရဏဂုံသုံးပါးကို ရွတ်ဆိုသင်ပြပေးလိုက်တယ်။သူကြွယ်သားကလေးဟာ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’လို့ဆိုလိုက်တာနဲ့ ချက်ချင်း ရိုးတွင်းချဉ်ဆီခိုက်အောင်ပီတိတွေဖြစ်သွားတယ်။ အိပ်ပျော်နေရာကဖြုန်းကနဲနိုးလာပြီးတစ်စုံတစ်ခု သတိရလိုက်သလိုမီးခဲပြာဖုံးဖြစ်နေတဲ့ အသိတွေ ဘွားခနဲပွင့်သွားတယ်။ သရဏဂုံကို အကြောင်းပြု ပြီးဝိပဿ နာဥာဏ် ဝင်စားလိုက်တာ အဲဒီနေရာမှာပဲခုနစ်နှစ်သားကလေး ရဟန္တာဖြစ်တော်မူသွားသတဲ့။ သတ္တဝါတို့မည်သည် နောက်ကြောင်းကိုယ်စီရှိကြတယ်။ ဘဝနောက်ခံ ကိုယ်စီပါကြသည်လို့မှတ်ရမယ်။အသိဥာဏ်ရှိတဲ့ ဘဝတစ်ခုခုက ထိထိခိုက်ခိုက်နှလုံးသွင်း လေ့ကျင့်ထားတဲ့ အလုပ်တစ်ခုဟာတစ်သံသရာလုံး အကျိုးဖြစ်စေတယ်။နှယ်နှယ်ရရ မမှတ်ကြနှင့်။ ဒီ ( ၇ )နှစ်သား […]
မြတ်စွာဘုရားဟာ ရဟန်းတော်များလို ဦးပြည်းကတုံး မဖြစ်ရတဲ့ အကြောင်းရင်း
ဒီနေ့ တိုက်တိုက်ဆိုင် လူနှစ်ဦးက တန်ဘိုးရှိသော မေးခွန်းတစ်မျိုးတည်းကို တစ်ပြိုင်တည်းမေးကြတယ်။ ထိုမေးခွန်းလေး တွေက ၁။ မြတ်စွာဘုရားရှင်ဟာ ရဟန်းတော်တွေလို ခေါင်းတော်မှာ ဆံပင်မရှိဘူး မို့လားဘုရား၊ ၂။ ပုံတော်တွေမှာ ဆံထုံးနဲ့ ဖူးတွေ့ရပါတယ်။ ၃။ ကိုးကွယ်ဆည်းကပ်ဖို့ရန် ဆံတော်စွန့်တယ်ဆိုတာက တန်ခိုးတော်နဲ့ စွန့်တာလား ဘယ်လိုလည်း ဘုရား။ သိလိုတဲ့ အတွက် ဖြေပေးပါ ဘုရား။ မသိသေးသူများအတွက်တော့ မေးသင့်မေးထိုက်ပြီး သိထားသင့်တဲ့ အဖြေလေးတွေပါပဲ။ ၁။ မြတ်စွာဘုရားရှင်က ခုခေတ်ရဟန်းတော်တွေလို ခေါင်းတော်ပေါ်မှာ ဆံပင်က ပြောင်မနေပါဘူး၊ လက်နှစ်သစ်ခန့် ရှည်သော ဆံတော်တွေက လက်ယာရစ်ခွေလျှက် တည်ရှိပါတယ်။ ထိုဆံတော်၏ သမိုင်းစဉ်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တော်ထွက်တော်မူလို့ အနော်မာသောင်သို့ ရောက်သော အခါမှာ ခေါင်းပေါ်က ဆံထုံးကို ကျစ်နေအောင် […]
“ပြည့်တန်ဆာအိမ်၌ ဝါဆိုခြင်း” (အကောင်းဆုံး ဇင်ပုံပြင် တပုဒ်)
“ပြည့်တန်ဆာအိမ်၌ ဝါဆိုခြင်း” (အကောင်းဆုံး ဇင်ပုံပြင် တပုဒ်) ဝါဆိုခြင်း ဓလေ့ စတင်ဖြစ်တည်လာခဲ့စဉ်က ရဟန်းတွေဟာ ဒီကနေ့ခေတ်လို တစ်စုတစ်ဝေးထဲ ဝါဆိုနိုင်ခြင်း မရှိခဲ့သေးဘူး။ အလွန်များပြားတဲ့ ရဟန်းတွေ အနေနဲ့ ဝါတွင်း ခရီးသွားလာခြင်း မပြုရဆိုတဲ့ ဝိနည်းကိုလည်း ထိန်းရမှာ တစ်ကြောင်း.. လူနေအိမ် တစ်အိမ်ထဲမှာ ရဟန်းတွေ အများကြီး ဝင်ရောက်တည်းခိုဖို့ မသင့်တော်တာက တစ်ကြောင်းကြောင့် ရဟန်းတစ်ပါးကို အိမ်တစ်အိမ်ကျ ဝါဆိုနိုင်ဖို့ အတွက် ရှာဖွေခဲ့ရတယ်လို့ ဆိုတယ်။ အခါတပါးက ရဟန်းတစ်ပါးဟာ ဒီလို ဝါဆိုနိုင်ဖို့ တည်းခိုအိမ် ရှာနေတုန်း ပြည့်တန်ဆာ တစ်ယောက်က ချဉ်းကပ်ပြီး နှစ်လိုဖွယ် အပြုံးနဲ့ လျှောက်တယ်။ “ချောမောလှပတဲ့ အရှင်.. ဝါတွင်းမှာ တည်းခိုဖို့ အရပ်ကို ရှာနေတယ် ဆိုရင် တပည့်တော်ရဲ့ […]
ရလေ လိုလေ အိုတစ္ဆေ ဖြစ်နေတဲ့ ဘဏ်နဲ့ စပါယ်ရှယ်အကောင့်တို့ရဲ့ မာယာများ
သံယောဇဉ် အမျှင်တန်းကို ရှင်ခန်း ဖြတ်လိုက်တော့မယ် ကေဘီဇက် ရေ။ (၄.၄.၂၀၂၂) ကနေ စပြီး ဘဏ်ထဲ ရောက်နေတဲ့ ဒေါ်လာများ ကို တရက်အတွင်း အပြီး ဘဏ်ကို ပြန်ရောင်းရမယ် ဆိုတဲ့ အမိန့်စာထွက် လာတော့ ကျွန်တော်တို့ ကုမ္ပဏီ နဲ့ ကေဘီဇက် ဒေါ်လာအကောင့်ထဲ ရောက်နေပြီးသား ဒေါ်လာ (၂၀၂၁ ဇန်နဝါရီ) ကတည်းက ဝင်ထားပြီး ပြန်ထုတ်မရတဲ့ ဒေါ်လာ) ကို ရောင်းဖို့ ကေဘီဇက်ဘဏ် ကို ဆက်သွယ် ရပါတယ်။ ဒါပေမယ့် အထက်က ညွန်ကြားစာ မရောက် လာသေးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ကေဘီဇက်ဘဏ်က ပြန်မဝယ်ပေးပါ။ ဒါပေမယ့် တခြားဘဏ် အေဘဏ် က (၄.၄.၂၂) နေ့မှာကတည်း က […]
မိုင်းကျက်ဂူထဲမှာ အဓိဌာန်ဝင်နေတဲ့ မိုင်းဖုန်းဆရာတော်ကြီး ကြုံခဲ့ရတဲ့ ထူးခြားဆန်းကြယ်မှုများ
သာသနာတော်နှစ် ၂၅၆၅ ခု သင်္ကြန်ကာလ တန်ခူးလပြည့် (၁၅-၄-၂၀၂၀) သားတပည့်အပေါင်းတို့အား သိရှိစေရန် မိုင်းကျက်ဂူမှ ပေးပို့သော မိုင်းဖုန်းဆရာတော်၏ မေတ္တာစာ ဆရာတော်လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာဖြင့် တရားဘာဝနာကို ကောင်းမွန်စွာ ပွားများအားထုတ်နိုင်ပါတယ်။ မဟာသတိပဌာန်တရားလေးပါးနဲ့အညီ ကျင့်ကြံနေထိုင်ပါတယ်။ သာယာလှပ အေးမြတဲ့ တောတောင်သဘာဝနဲ့အတူ သီတင်းသုံးနေထိုင်ရတာ နေ့စဉ်အမျှ ချမ်းမြေ့ရပါတယ်။ သားငှက်တိရစ္ဆာန်များဖြစ်ကြတဲ့ တောကျီး တောကြက် ဥဒေါင်း ချေ ဆတ် ဂျီ မြွေတွေ ဆရာတော်ရဲ့ မေတ္တာကိုခံယူကာ ဘေးကင်းစွာ ယှဉ်တွဲနေထိုင်ကြပါတယ်။ ထူးဆန်းတဲ့ အိမ်မက်ကတော့ နတ်ဒေဝါများစွာ အခါခါ ဆွမ်းလာရောက်ကပ်လှူခြင်းပါ။ တပေါင်းလပြည့် ညသန်းခေါင်မှာ ငန်းတော်ကြား တစ်ကောင် ဂူရှေ့နားကို ရောက်လာတယ်။ အဲဒီလပြည့်ညမှာပဲ ဆရာတော်ရဲ့ မရိတ်ဘဲ ထားလာခဲ့တဲ့ ဆံတော်ဟာ အလိုလိုထုံးသွားပါတယ်။ […]
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ နွားမေတ္တာစာ
နဖူးလက်တင် အိမ်ရာဝင် ဆင်ခြင်ကြည့်ကာ စဉ်းစားပါ။ လူ့ဘောင်လောကီ နွားကိုမှီ လီလီဖြာဖြာ အကျိုးလာ။ နွားအရင်းပြု ပစ္စည်းမှု စုလို့လှုတာကျေးဇူးပါ။ လူတို့ကိုးကွယ် ဘုရားတည် အုတ်သယ်တိုက်ရှာ နွားတို့မှာ။ သိမ် ကျောင်း ဇရပ် ဆောက်တုံလက် မပြတ်နွားတို့မှာ ရုန်းရရှာ။ လင်နေ သားမွေး အိမ်ထောင်ရေး အပြေးရုန်းတာ နွားသတ္တဝါ။ နွားမှာပိန်ချုံး တကုန်းကုန်း ရုန်းရဝန်တာ ထွန်လယ်ယာ။ ပြောင်း၊ ပဲ၊ ဗူး၊ နှမ်း၊ ဝါ၊ ခရမ်း စိုက်ခန်း၌ပါ ရုန်းရရှာ။ မချိသွားဖြဲ စပါးလှည်း အမြဲတိုက်ရာ နွားနှင့်သာ။ လှည်းကဖြုတ်ဟယ် စပါးနယ် တကယ်ခိုင်းတာ ပတ်ပတ်ချာ။ ကောက်ပြန် ဆင်းခိုက် သစ်ကိုတိုက် ရိုက်လိုက်ကြောမှာ ကြိမ်ဒဏ်ရာ။ မိန်းမမီးဝင် ထင်းတိုက်လျှင် နွားပင်ခိုင်းတာ မညှာတာ။ […]