Category: တရုတ်

တစ်ကမ္ဘာလုံးထမင်းငတ်နေသော်လည်း တရုတ်ကြီးပန်းပန်လျက်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကြပ်အတည်းဖြစ်နေချိန်တွင် တရုတ်၏ ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်ရေးသည် ပြီးခဲ့သည့်လက စံချိန်တင်အဆင့်ထိ မြင့်တက်လာခဲ့ကြောင်း CNN သတင်းဖော်ပြချက်အရသိရသည်။ အင်္ဂါနေ့(စက်တင်ဘာလ ၇ရက်)က ထုတ်ပြန်သည့် အကောက်ခွန်စာရင်းများအရ သြဂုတ်လတွင် တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ (၂၅.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်ပမာဏသည်လည်း (၃၃.၁) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၆) ဘီလျံထိရှိခဲ့ကြောင်း သိရသည်။ coronavirus ကူးစက်မှုများကြောင့် စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သော်လည်း သြဂုတ်လ၏ ကိန်းဂဏန်းများသည် စီးပွားရေးပညာရှင်များ၏ မျှော်မှန်းချက်ထက်ကျော်လွန်ကာ ဇူလိုင်လအမြတ်ထက် ပိုမိုအားကောင်းလာခဲ့ကြောင်း သိရသည်။ ၂ဝ၂၁ ခုနှစ် ပထမရှစ်လအတွင်းကုန်သွယ်မှုပမာဏသည် ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တွင် (၃၄) ရာ ခိုင်နှုန်းနှင့် သွင်းကုန်တွင် (၃၅) ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပြီး တရုတ်၏ ကုန်သွယ်မှုပိုငွေသည် […]

Back To Top