Category: ပြည်တွင်းသတင်း

စင်ကာပူကုမ္ပဏီက ချောက်ရေနံမြေမှာ ရေနံလာတူးရခြင်းရဲ့ အကြောင်းရင်း နောက်ကွယ်

နိုင်ငံတာဝန်ထမ်းဆောင်တဲ့သူဆို မပိန်းရင်၊ မယုတ်မာ မကောက်ကျစ်ရင် ကောင်းမယ်။ အခုတော့ကြည့်။ ရေနံထုတ်ဖို့ စိန်ထွက်တဲ့နေရာကို တိုင်းတပါးကို ပေးတယ်။ ရေနံချက်ဖို့က ရေနံအထွက်နှုန်း အရမ်းကောင်းမှ စီးပွါးဖြစ်လုပ်လို့ရပြီး ထုတ်လုပ်စရိတ်တွေ ကာမိမှာ။ အခုကျတော့ စိန်ထွက်တဲ့ နေရာမှာ ရေနံချက်စက်ရုံတည်တယ်တဲ့။ သူတို့လိုချင်တာက စက်မှုလုပ်ငန်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ရတနာတန်းမဝင်တဲ့ မာဆင့်မြင့်တဲ့ စက်မှုလုပ်ငန်းသုံးစိန်တွေ။ ရေနံထွက်တဲ့နေရာမှာ စက်မှုလုပ်ငန်းသုံးစိန်တွေက အမြောက်အမြားထွက်သလို ရတနာတန်းဝင်တဲ့ စိန်တုံးလေးတွေလည်း ထွက်တယ်။ ဒါကို သိသိနဲ့ တိုင်းပြည်မငြိမ်သက်နေချိန်မှာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာနေဆဲဆိုတာ ပြဖို့ တိုင်းတပါး သူခိုးတွေကို အကြံအဖန် လုပ်ခွင့်ပေးကြတာလား။ ပေါင်းစားကြတာလားတော့ နားကို မလည်တော့ဘူး။ (Aung Kyaw Oo) စင်္ကာပူနိုင်ငံရဲ့ စွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ အင်တာရာက ရှယ်ယာ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ […]

ရွှေဈေး (၂၇) သိန်းအထက် ရောင်းတဲ့ ရွှေဆိုင်မှန်သမျှ ပိတ်ပစ်မည်ဟု ရွှေအသင်း ဥက္ကဌ ပြော

ဈေးကွက်အတွင်း ရွှေဈေးကစားခြင်းနှင့် ဈေးဆွဲတင်ရန်ကြိုးစားမှုများ ရှိနေသည့်အတွက် ရွှေတစ်ကျပ်သား (၂၇) သိန်းကျပ်အထက် ရောင်းချသည့် ဆိုင်များကို ဆိုင်လိုင်စင်ပိတ်သိမ်းကာ အမည်ပျက်စာရင်း ကြေညာမယ်လို့ ရွှေလုပ်ငန်းရှင်များ ဥက္ကဌက ပြောလိုက်ပါတယ်။ယမန်နေ့ ဇန်နဝါရီ (၁၁) ရက်က စတင်ကာ ရန်ကုန်မြို့ တော်စည်ပင်နှင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက ဈေးကွက်အတွင်း စစ်ဆေးမှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။ “ရှိရင် ချက်ချင်း ပြောလိုက် ၊ ဆိုင်လိုင်စင်သိမ်းလိုက်မှာပဲ။ မနေ့က ဆိုင်လိုင်စင်သိမ်းမယ့်အဆင့် တခါတည်း လုပ်လိုက်တာပါ။ (၂၇) သိန်းကျော်လို့ ရှိရင် မြို့တော်စည်ပင်ကို အကြောင်းကြားလိုက်၊ အဲဒီမှာ ဆိုင်လိုင်စင် သိမ်းလိုက်မှာပဲ။ ဘာမှအကြောင်းပြစရာမရှိတော့ တရုတ်နှစ်ကူးတို့ ဘာတို့ လျှောက်ပြီး ပြောနေကြတယ်။ ကျွန်တော်တို့ကတော့ […]

မနေ့ညက စင်ကာပူကို ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ ပါဝါဘဏ့် မီးထလောင်ခြင်း နှင့် ပါဝါဘဏ် ပြဿနာ

မနေ့ကညနေ ၇ နာရီ ၄၀ မိနစ်မှာ ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့ကနေ စင်ကာပူသို့ပျံသန်းဖို့ပြင်နေတဲ့ Scoot လေကြောင်းလိုင်း ခရီးစဉ်အမှတ် TR933 ပေါ်မှာ ပါဝါဘဏ့် (Power Bank) မီးထလောင်ခဲ့တဲ့အတွက် လူ (၂) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ Scoot လေယာဉ်ဟာ Taoyuan လေဆိပ်ဂိတ်ပေါက်ကနေထွက်ခွာလာပြီး ပြေးလမ်းပေါ်မှာပျံတက်ဖို့ မောင်းနှင်လာနေစဉ်မှာပဲ မီးထလောင်ခဲ့တာဖြစ်ပါတယ်။ မိနစ်ပိုင်းကလေးနောက်ကျခဲ့ရင် လေယာဉ်ပြေးလမ်းပေါ်မှာပျံတက်ဖို့အရှိယူနေစဉ်သာဖြစ်ခဲ့ရင် အတော်ကသိကအောက်နိုင်မယ့်ကိစ္စဖြစ်ပါတယ်။ ပါဝါဘဏ့်တွေကိုသုံးစွဲရင် သတိထားရပါတယ်။ လေယာဉ်ဝမ်းဗိုက်ထဲ Check-in အဖြစ်ထည့်ပေးလိုက်မယ့် ခရီးဆောင်အိတ်တွေထဲကို ပါဝါဘဏ့်ထည့်မပေးရပါဘူး။ လေယာဉ်ပျံသန်းနေစဉ် အခုလိုမီးထလောင်ခဲ့ရင် အခြားခရီးဆောင်အိတ်တွေကိုပါမီးလောင်ပြီးအန္တရာယ်ကြီးပါတယ်။ ပါဝါဘဏ့်ဖောင်းကြွနေရင်၊ သုံးစွဲစဉ်မှာအရမ်းပူတတ်ရင် မသုံးစွဲသင့်ပါ။ ပါဝါဘဏ့်တွေဟာ အပူလွန်ပြီးမီးလောင်မှုမကြာခဏဖြစ်တတ်ပါတယ်။ ပါဝါဘဏ့်ကို အိမ်မှာအားသွင်းထားပြီး အပြင်မသွားသင့်ပါ။ အပူလွန်ပြီးမီးထလောင်တတ်ပါတယ်။ အခုလိုပါဝါဘဏ့်လို့ပြောတာက အားသွင်းလက်နှိပ်ဓာတ်မီးကနေ လျှပ်စစ်ဆိုင်ကယ်တွေ အထိပါပါတယ်။ အထူးသဖြင့် […]

သုသာန်က ဇရပ်တောင် မချန်ကြတော့ဘူး၊ အဆောက်အဦးတစ်ခုလုံး ဖြုတ်ယူသွား၊ စစ်ကိုင်းတိုင်းမှာပါ

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ နန့်ဖာလုံသုသာန်ရှိ ဇရပ်အပါအဝင် အဆောက်အဦးတစ်ခုလုံး ခိုးယူခံခဲ့ရပြီး မီးသင်္ဂြိုလ်ဖိုသာ ကျန်ရှိခဲ့ကြောင်း ဒေသခံပရဟိတအဖွဲ့တစ်ခုထံမှ သိရပါတယ်။ အိန္ဒိယနယ်စပ်နှင့် နီးကပ်သော တမူးမြို့ရှိ နန့်ဖာလုံရပ်ကွက်တွင် တည်ဆောက်ထားသည့် နန့်ဖာလုံသုသာန်ရှိ ဇရပ်နှင့် အဆောက်အဦးတစ်ခုလုံး ခိုးယူခံရမှုအား ပြီးခဲ့သည့် ရက်ပိုင်းက ဒေသခံများက နာရေးသင်္ဂြိုလ်ရန် သွားရောက်ရာမှ သိရှိရခြင်း ဖြစ်သည်။ တမူးမြို့အခြေစိုက် နိဗ္ဗာန်လမ်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်.. “စခိုးနေတာတော့ နှစ်လ၊ သုံးလလောက်ရှိပြီ။ ဟိုဟာဖြုတ်၊ ဒီဟာဖြုတ်နဲ့ တစ်ခုချင်းကို ခိုးနေရင်း ဟိုနေ့ကမှ ဘာမှမရှိတော့တာ တွေ့ရတယ်။ တိုင်တွေ၊ အမိုးတွေ၊ မီးသင်္ဂြိုလ်ဖိုဘက်က သံဇကာတွေ၊ သဂြိုလ်တဲ့နေရာမှ သုံးတဲ့ဟာတွေ၊ ခေါင်မိုးတွေရော၊ အကာတွေရော အစုံဘဲ။ ဖျင်တွယ်တိုင်တွေကအစ ဖြုတ်ခိုးတာ။ အုတ်နဲ့လုပ်ထားတဲ့ သဂြိုလ်ဖိုဘဲ ကျန်ခဲ့တယ်” ခိုးယူခံရသည့် […]

ဝက်သားထဲမှာ ပါလာတဲ့ ထူးဆန်းတဲ့ အရာများ (လောဘသားတွေရဲ့ လုပ်ရပ်တွေများလား)

ဈေးဝယ် အက်ပလီကေးရှင်းတခုကနေ မှာယူလိုက်တဲ့ ဝက်သားတွေမှာ ထူးဆန်းတဲ့ အစိတွေ၊ အဖတ်တွေ ပါလာတာတံ အကြောင်းကို လူမှုကွန်ရက် အသုံးပြုသူတဦးက ရေးသားထားတာကို တွေ့ရပါတယ်။ အဆိုပါ ပို့စ်ထဲမှာတော့ ဈေးဝယ် အက်ပလီကေးရှင်း တခုကနေ ဝက်သားမှာယူလိုက်ကြောင်း၊ ဝက်သားထဲမှာ အစိတွေ၊ အဖတ်တွေ ပါလာကြောင်း၊ ဈေးထဲကလို ဝက်သား အတုံးလိုက် မဟုတ်ဘဲ ခုတ်ပြီးသား ဖြစ်နေပေမယ့် ပေးရတဲ့ ဈေးနဲ့ ပစ္စည်းကွာလတီက မကောင်းကြောင်း၊ သန့်ရှင်းမှု အားနည်းပြီး ကာစတန်မာကို အလေးမထားသလို ခံစားရကြောင်း၊ မှာတဲ့နေရာကတော့ ပြန်လဲပေးမယ်လို့ ပြောကြောင်း၊ ဝယ်ထားတဲ့ အသားကို စစ်ဆေးလို့ ရအောင် ပြန်ထည့်ပေးလိုက်မယ် ဖြစ်ကြောင်း ပါရှိပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေ ပေးထားတဲ့ မှတ်ချက်တွေကို ပြန်လည် […]

သိန်း ၄၀ တန် အိုင်ဖုန်းကို ကောက်ရလို့ ပြန်ပေးသူကို ကျေးဇူးတင်စကားမဆိုဘဲ ငွေ ၂၀၀၀ သာပေးလိုက်တဲ့ အဖြစ်

တက်စီ ပေါ်မှာ ကျန်ခဲ့တဲ့ သိန်း ၄၀ နီးပါးတန်တဲ့ အိုင်ဖုန်းကို ယာဉ်မောင်းက ရိုးရိုးသားသား ပြန်ပေးတာတောင် ကျေးဇူးတင်စကား တခွန်းမပြောဘဲ ငွေ ၂ ထောင်ပေးပြီး လှည့်ပြန်သွားတဲ့အကြောင်းကို ဖော်ပြ ပေးလိုက်ပါတယ်- ဒီနေ့ (၈-၁-၂၀၂၃) ကိုယ်တွေ့လေး တစ်ခု၊ ရန်ကုန်မြို့နယ်တခုမှာ သူငယ်ချင်း ၅ယောက် လက်ဖတ်ရည်ဆိုင်ထိုင်နေတုန်း အမ်စီယူ အသင်းသား ကိုမျိုးသူထံဖုန်းဝင်လာတယ်။ ဂရပ်တက်စီရုံးက ခရီးသည်ဖုန်းကျန်ခဲ့လို့တဲ့၊ ကားမောင်းသူလည်း ကားဆီကို အပြေးသွားကြည့်ရတယ်။ တွေ့တယ် အိုင်ဖုန်း ၁၄ ပရို ဖုန်းပိုင်ရှင်အစား ပျော်မဆုံးပေါ့။ ခဏနေလာယူမယ်ဟု ဆိုသဖြင့် ကားမောင်းသူစောင့်ရတယ်။ ဖုန်းပိုင်ရှင်လာယူတယ်။ ကားမောင်းသူအား ငွေကျပ်၂၀၀၀ ပေးတယ်။ ဘာစကားမှ မပြောဘူး။ ပြန်သွားတယ်။ အေးဆေးပဲ (ဖုန်းဘယ်လောက်တန်သည် မသိပါ)။ အမ်စီယူ ယာဉ်မောင်း […]

Back To Top