လိုအပ်ပါက နိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို လက်တွေ့ကျင့်သုံးမယ်လို့ စစ်ခေါင်းဆောင်ပြော
လိုအပ်ပါက နိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို လက်တွေ့ကျင့်သုံးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော ရန်ကုန်၊ နို၀င်ဘာ ၂၇ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၆ အရ နိုင်ငံသားတိုင်းစစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ ဥပဒေကို လိုအပ်လာရင် လက်တွေ့ကျင့်သုံးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နို၀င်ဘာ ၂၆ ရက်နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံမှာ ပြောကြားပါတယ်။ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေပါ၀င်ပြီး အဲ့ဒါနဲ့ ဆက်စပ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေတို့ကိုလည်း ရေးဆွဲအတည်ပြုထားတယ်လို့ ဆိုပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အသက်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း ကာလအပိုင်းအခြားအလိုက် စစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဆင့်ခေါ်ခြင်းအပါအ၀င် တခြား လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြဌာန်းထားတယ်လို့ သိရပါတယ်။ အရန်တပ်ဖွဲ့ဥပဒေကို စစ်မှုထမ်းရာက နှုတ်ထွက်သူတွေနဲ့ အငြိမ်းစားယူခွင့်ရရှိထားသူတွေ အရန်တပ်ဖွဲ့မှာ ပါ၀င်နိုင်ဖို့ ပြဌာန်းထားတာဖြစ်ပြီး လိုအပ်လာပါ အဲ့ဒီဥပဒေတွေကို […]
အစည်းအဝေးပွဲများ တက်ရောက်ရေးထက် ပြည်သူများ၏ ရင်ဘက်ထဲကအသံကို သိရှိနားလည်နေဖို့ကသာ ပိုမိုအရေးကြီးကြောင်း မင်းအောင်လှိုင်ပြောကြား
အစည်းအဝေးပွဲများ တက်ရောက်ရေးထက် ပြည်သူပြည်သားများ၏ ရင်ဘက်ထဲကအသံကို သိရှိနားလည်နေဖို့ကသာ ပိုမိုအရေးကြီးကြောင်း မင်းအောင်လှိုင်ပြောကြား ကမ္ဘာ့နိုင်ငံများတွင် ကျင်းပပြုလုပ်နေသည့် အစည်းအဝေးပွဲများကို ပါဝင်တက်ရောက်ရေးထက် ပြည်သူပြည်သားများ၏ ရင်ဘက်ထဲကအသံကို သိရှိနားလည်နေဖို့ကသာ အရေးကြီးကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်မှ တုံ့ပြန်ပြောကြားထားပါသည်။ အာရှ-ဥရောပ အစည်းအဝေး (ASEM) တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် မသက်ဆိုင်သူကိုသာ တက်ရောက်စေရန် မြန်မာနိုင်ငံကို အကြောင်းကြားခဲ့ကြောင်း သိရသည်။ ASEAN က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု့ကြောင့်ဖြစ်သည့် ဖရိုဖရဲအခြေအနေများကြောင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အစည်းအဝေးများတွင် ဖယ်ထုတ်ထားရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအစည်းအဝေးတွင် ထိုအတိုင်း ဆက်လက်ဆုံးဖြတ်ခြင်းဖြစ်သည်။ ကြာသပတေးနေ့တွင် ဗီဒီယိုဖြင့် ကျင်းပသည့် နှစ်ရက်ကြာ အာရှနှင့် ဥရောပမှ ခေါင်းဆောင်များထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်္မည် မဟုတ်ကြောင်း မွနျမာစဈကောငျစီက အိမျရှငျ ကမ်ဘောဒီးယား နိုငျငံသို့ […]
ကံထူးရှင်ရွေးချယ်ပွဲကြီးပြုလုပ်တော့မည့် အောင်လံလွှင့်ချီ နွေဦးထီနှင့် စကစတို့ လက်ရှိအခြေအနေ
နွေဦးထီ ကံထူးရှင်ရွေးချယ်ပွဲကြီးပြုလုပ်တော့မည့်ရက်ကို NUG မှ ထုတ်ပြန်၊ စစ်တပ်ကလည်း နွေဦးထီ အားပေးသူ ၃၀၀၀ ကျော်ကို စုံစမ်းနေကြောင်း သိရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အွန်လိုင်းမှတဆင့် ရောင်းချသည့် ‘အောင်လံလွှင့်ချီ နွေဦးထီ’ ရှေ့ပြေးစီမံချက် (Pilot Project) ၏ ကံထူးရှင်ရွေးချယ်ပွဲကို လာမည့် အောက်တိုဘာ ၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ Computerized Random Selection (ကွန်ပျူတာဖြင့် ကျဘမ်းရွေချယ်ခြင်း) ဖြင့် ကံထူးရှင် နံပါတ်များကို ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း အောင်လံလွှင့်ချီ နွေဦးထီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။ NUG […]