မိုးပေါ်ပျံဝတ်စုံကို အရှေ့တောင်အာရှဒေသမှ စစ်တပ်တစ်ခုကဝယ်ယူ
JetPack Aviation ရဲ့ ထုတ်ပြန်ချက်အရ အမည်မဖော်ပြလိုတဲ့ အရှေ့တောင်အာရှတပ်မတော်တစ်ခုက ၎င်းတို့ကုမ္ပဏီထုတ် JB12 စနစ် ၂ စုံကို ဝယ်ယူရန်တောင်းဆိုးထားသည်ဟုသိရှိရပါတယ်။ တန်ကြေးအားဖြင့် ၂ စုံစာအတွက် အမေရိကန်ဒေါ်လာ ၈ သိန်းကျသင့် မှာဖြစ်ပြီး နောက် ၆ လအတွင်း ပေးပို့မှာဖြစ်တယ်လို့ဆိုပါတယ်။ ၎င်းစနစ်ကို ကယ်လီဖိုးနီးပါးအခြေစိုက်ကုမ္ပဏီကနေ ထုတ်လုပ်ပေးတာပါ။ ပုံစံအသေးစိတ်နဲ့ပတ်သတ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ချင်းတော့မရှိပါဘူး။ စစ်ဘက်အတွက် အထူးတီထွင်ပေးထားမှာဖြစ်တယ်လို့တော့ဆိုပါတယ်။ JB12 စနစ်ဟာ အလေးချိန် ၁၀၅ ပေါင်ရှိပြီး တာဘိုဂျက် ၆ လုံးနဲ့ တစ်နာရီ ၁၂၀ မိုင်နှုန်းကို ပျံသန်းနိုင်မှာပါ။ ပျံသန်းမှုစနစ်အတွက် ကွန်ပျူတာထိန်းချုပ်မှုစနစ်ကိုလည်း အသုံးပြုထားတယ်လို့ သိှရိရပါတယ်။ အကယ်၍ မမျှော်မှန်းနိုင်တဲ့ တွန်းကန်မှုဆိုင်ရာ အင်ဂျင်ပြဿနာအတွက်လည်းလျှော့ချမှုတွေပြုလုပ်ပေးထားမှာဖြစ်တယ်လို့သိရှိရပါတယ်။