အာဆီယံထဲက မြန်မာထွက်လိုက်တော့မှာလား
စစ်အာဏာသိမ်း မြန်မာကို ကိုင်တွယ်ဖို့ အာဆီယံ ခေါင်းခြောက်နေပါတယ်။ မနှစ်က ဧပြီမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂျကာတာ ပင့်ဖိတ်ပြီး ဘုံသဘောတူညီချက်တွေ ရယူခဲ့ပေမယ့် ဘာမှဖြစ်မလာလို့ ထိပ်သီးအစည်းအဝေးတွေက မြန်မာစစ်ခေါင်းဆောင်ကို ပထုတ်ထားရသလို မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကိုလည်း ဖယ်ထုတ်ထားခဲ့ပါတယ်။ အခုကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ သွားတက်တဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကလည်း မြန်မာစစ်ကောင်စီကို ဘုံသဘောတူညီချက်တွေ မလိုက်နာရင် ပိုဖိအားပေးမယ့် လေသံတွေ ပစ်နေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်သွယ်ဖို့ ပိုပြောဆိုလာနေပါတယ်။ အဲဒီအထဲ မလေးရှားနဲ့ အရှေ့တီမောတို့က အသံအကျယ်ဆုံးပါ။ စက်တင်ဘာလ ၁၉ ရက်နေ့က NUG ဝန်ကြီးတွေနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာတို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ တွေ့ဆုံပွဲအပြီး […]
မိုးထစ်ချုန်းရွာမယ့် ဒေသများ
မိုးထစ်ချုန်းရွာမယ့် ဒေသများ နေ့စဉ်မိုးလေဝသသတင်း (၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်ရှိနိုင်ပါသည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများဆက်လက် ဖြစ်ပေါ်နေမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ […]
“ဝ”ကို ပြည်နယ် တကယ်ပေးမှာလား
စစ်တပ်က အာဏာမသိမ်းမီ ၂၀၁၉ ခုနှစ် ဇွန်လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ UWSA “ဝ” တပ်ဖွဲ့ရဲ့ နှစ် ၃၀ ပြည့်မှာ လက်နက်အပြည့်အစုံနဲ့ စစ်ရေးပြပွဲလုပ်ခဲ့တာကို “တပ်မတော်က အစွမ်းကုန် သည်းခံနေရတယ်” လို့ အဲဒီတုန်းက ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောခဲ့တာကို မှတ်မိကြဦးမှာပါ။ အစွမ်းကုန် သည်းခံခဲ့ရတဲ့ မြန်မာစစ်တပ်ဟာ သူ အာဏာသိမ်းပြီးတဲ့နောက် နေပြည်တော်ကို ရောက်လာတဲ့ “ဝ”ခေါင်း ဆောင်တွေကို “ဝ”ပြည်နယ် ပေးဖို့ မူအားဖြင့် သဘောတူတယ်လို့ ထုတ်ဖော်ပြောဆိုတဲ့အခါ တနိုင်ငံလုံးမှာ စစ်တိုက်နေရတဲ့ စစ်ကောင်စီရဲ့ဗျူဟာတခုလို့ပဲ နားလည်ရပါတယ်။ စစ်ခေါင်းဆောင်တွေဘက်က အခုလို ဝ ကို ပြည်နယ်တခု သတ်မှတ်ပေးမယ်လို့ ကတိပေးထားတာ အခုမှ လူသိရှင်ကြား ထုတ်ပြောတာပါ။ တကယ်တော့ […]
ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေးမ၀ယ်ယူကြရန် YUG တိုက်တွန်း
အမျိုးသားညီညွတ်ရေးအစိုးရမှ စက်တင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံတော်အားအရေးပေါ်အခြေအနေ ကြေညာပြီးသည့်နောက် ရန်ကုန်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေး၀ယ်ယူစုဆောင်းခြင်း များမပြုလုပ်ရန် ရန်ကုန်မြို့ပြ ပျောက်ကြားအဖွဲ့ (YUG)မှ တိုက်တွန်းလိုက်သည်။ ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်အတူ တတ်စွမ်းသည့် နယ်ပယ်ကဏ္ဍတို့မှ ပူးပေါင်းပါဝင်ပေးကြရန်လည်း ၎င်းအဖွဲ့က မေတ္တာရပ်ခံထားသည်။ သတင်းအချက်အလက်များကို သေချာစိစစ်ပြီးမှ ယုံကြည်ရန်၊ တော်လှန်ရေးအင်အားစုများ၏ တည်နေရာများ အင်အားများအား ဖော်ထုတ်တင်ပြခြင်းမပြုရန်၊ စိုးရိမ်ထိတ်လန့်စွာ ဈေးဝယ်စုဆောင်းခြင်းများ မလုပ်ကြရန်နှင့် စစ်ကောင်စီအား သတင်းပေးခြင်း ပူးပေါင်းခြင်းများကို ရှောင်ကျဉ်ကြရန် ပြည်သူများအား အသိပေးထားသည်။ တိုက်ပွဲများဖြစ်ပွားလာပါက နေရပ်စွန့်ခွာရမည်ဆိုလျှင် အိုးမင်းမစွမ်းသူများ၊ မိခင်နှင့် ကိုယ်ဝန်ဆောင်သည်များ၊ ကလေးငယ်များ၊ ထိခိုက်ဒဏ်ရာရနေသူများ၊ ဆေးဝန်ထမ်းများနှင့် သာသနာ့ဝန်ထမ်းများကို အစဉ်လိုက် ကယ်ထုတ်ပေးကြရန်လည်း အသိပေး တိုက်တွန်းထားသည်။ တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် NUG မှ […]
မြန်မာဈေးကွက်ထဲကနေ ပြန်ထွက်မသွားဘူးလို့ ထိုင်းဘီလျံနာလုပ်ငန်းစု ကြေညာ
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပြသနာနဲ့ နိုင်ငံရေးအရှုပ်အထွေးတွေ ရှိနေပေမယ့် အားကောင်းတဲ့ ဈေးကွက်ရှိနေဆဲဖြစ်တာကြောင့် ရင်းနှီးမြုပ်နှံမှုတွေ ဆက်လုပ်သွားမယ်လို့ ထိုင်းဘီလျံနာလုပ်ငန်းစု Osotspa က အသိပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာမတိုင်မီကတည်းကတည်ရှိပြီး နှစ်ပေါင်း(၁၃၀)ကျော် ရှိနေပြီဖြစ်တဲ့ ထိုင်းအဖျော်ယမကာ လုပ်ငန်းစုဟာ မြန်မာနိုင်ငံထဲမှာ ဈေးကွက်ဝေစုကြီးကြီးမားမား ရထားပြီးတာကြောင့် မတည်မငြိမ်ဖြစ်နေ မှုတွေကို သီးခြားကဏ္ဍလိုသတ်မှတ်ပြီး ဆက်လက်လုပ်ကိုင်သွားဖို့ စဉ်းစားတာမျိုးဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ထိပ်တန်းတာဝန်ရှိသူတွေက ပြောပါတယ်။“ မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွေ ရှိနေပေမယ့် ဈေးကွက်ကတော့ ခိုင်မာအား ကောင်းမှုရှိနေဆဲပါ။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ဈေးကွက်ဝေစု ရရှိထားသလို စက်ရုံ အလုပ်ရုံတွေနဲ့ ကောင်းမွန်စွာလည်ပတ်နေပြီးသားပါ ” လို့ ကုမ္ပဏီရဲ့ထိပ်တန်းမဟာဗျုဟာ ဈေးကွက်နဲ့ ငွေကြေးအရာရှိ မစ္စ Chidapa Amralikit က ပြောပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကနေ ပြန်ထွက်သွားချင်မျိုးလုပ်မှာမဟုတ်ဘဲ […]
တစ်ကမ္ဘာလုံးထမင်းငတ်နေသော်လည်း တရုတ်ကြီးပန်းပန်လျက်ရှိ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကြပ်အတည်းဖြစ်နေချိန်တွင် တရုတ်၏ ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်ရေးသည် ပြီးခဲ့သည့်လက စံချိန်တင်အဆင့်ထိ မြင့်တက်လာခဲ့ကြောင်း CNN သတင်းဖော်ပြချက်အရသိရသည်။ အင်္ဂါနေ့(စက်တင်ဘာလ ၇ရက်)က ထုတ်ပြန်သည့် အကောက်ခွန်စာရင်းများအရ သြဂုတ်လတွင် တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ (၂၅.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်ပမာဏသည်လည်း (၃၃.၁) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၆) ဘီလျံထိရှိခဲ့ကြောင်း သိရသည်။ coronavirus ကူးစက်မှုများကြောင့် စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သော်လည်း သြဂုတ်လ၏ ကိန်းဂဏန်းများသည် စီးပွားရေးပညာရှင်များ၏ မျှော်မှန်းချက်ထက်ကျော်လွန်ကာ ဇူလိုင်လအမြတ်ထက် ပိုမိုအားကောင်းလာခဲ့ကြောင်း သိရသည်။ ၂ဝ၂၁ ခုနှစ် ပထမရှစ်လအတွင်းကုန်သွယ်မှုပမာဏသည် ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တွင် (၃၄) ရာ ခိုင်နှုန်းနှင့် သွင်းကုန်တွင် (၃၅) ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပြီး တရုတ်၏ ကုန်သွယ်မှုပိုငွေသည် […]