ယနေ့အာဏာပိုင်တေချိတ်ပိတ်တာခံခဲ့ရတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း
ယနေ့အာဏာပိုင်တေချိတ်ပိတ်တာခံခဲ့ရတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်က သာသနာ့ဓမ္မဂုဏ်ရည် ဘုန်းကြီးကျောင်းကို ဒေသန္တရ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေဇန်နဝါရီ ၈ ရက်မနက်မှာ လာရောက်ချိပ်ပိတ်ခဲ့ပါတယ်။ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြည်မြို့မှာ ဖမ်းမိတဲ့ ရခိုင်ပြည်နယ်က အထောက် အထားမဲ့ဝင်ရောက် လာသူတွေကို လိုက်ပို့ရာမှာ သုံးတဲ့ မော်တော်ယာဉ်ဟာ ဒီကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဥူးက္ကန္ဒယ ပိုင်ဆိုင်တဲ့ယာဉ်ဖြစ်ပြီး ဒီကိစ္စကြောင့် ဘုန်းကြီးကျောင်းကိုပါ ချိပ်ပိတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ချိပ်ပိတ်ခံရတဲ့ ကျောင်းမှာ သတင်းသုံးနေတဲ့ သံဃာတော်တွေနဲ့ သီလရှင်တွေမှာ ခုလို ရုတ်တရတ်ကြုံရတဲ့အခြေအနေအကြောင့် တခြားကျောင်းတိုက်တွေဆီ သွားရောက်သတင်းသုံးဖို့အတွက် လက်ခံမယ့်ကျောင်းတိုက်မရှိသေးတာကြောင့် ကျောင်းရှေ့ မျက်နှာစာ လမ်းဘေးမှာ သီတင်းသုံးခဲ့ကြပါတယ်။ ဒါကြောင့် သံဃာတွေထံ ရပ်ကွက်တာဝန်ရှိသူက လာရောက်ပြီး အဆင်ပြေမယ့်နေရာ […]