ရွှေတေပါသွားတဲ့ နေ့ခင်းကြောင်တောင်တစ်ကိုယ်တော်၀င်ခိုးမှု
ရွှေတေပါသွားတဲ့ နေ့ခင်းကြောင်တောင်တစ်ကိုယ်တော်၀င်ခိုးမှု မိုးနှိုင်းရပ်ကွက် စွယ်တော်ပိုင်းရှိ ဦးပု၊ဒေါ်အေးကြည် ၏ နေအိမ်တွင် အိမ်သားများက အိမ်နီးချင်း ၊ဦးအောင်မြင့်ဆိုသူနာရေးသို့သွားနေစဥ် ၊ဇန္န ဝါရီ ၉ ရက်မနက် ၁၀နာရီခွဲအချိန်က၊  ဆိုင်ကယ်လိမ္မော်ရောင် ဖြင့်အသက်၃၈နှစ်ခန့်(ကိုယ်လုံးကောင်းအရပ် အနေတော်အမျိုးသားတစ်ဦး၊)သည်အခင်းဖြစ် အိမ်ဝင်းအတွင်းမှထွက်သွားသည်ကိုပတ်ဝန်းကျင်မှ တွေ့ရှိသတင်းပေးကြောင်း၊  အိမ်ရှင်များပြန်လာပြီးမိမိအိမ်ကို စစ်ဆေးခဲ့ရာ ၊နေအိမ်နောက်ဖေးမီးဖိုချောင်ပြုတင်းပေါက်မှစတီးသံချောင်းကိုချိုးဖျက်ဝင်ရောက်ထားခြင်းတွေ့ရကြောင်း၊  အိမ်ရှေ့ခန်းမှ ၊ရှိုးကစ်ဘီရိုအတွင်းမှ ရွှေထည်ပစ္စည်း ၇ ကျပ်သားခန့် နှင့်ငွေ တစ်သောင်းကျပ်ပျောက်ဆုံးနေသည်ကိုတွေ့ရသည်ဆို၏  အခင်းဖြစ်နေအိမ်သို့ နံနက်၁၁နာရီအချိန်တွင်မြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှုးဝင်းနိုင်ထွန်း နှင့်အဖွဲ့လာရောက်စစ်ဆေးပြီး နယ်မြေရဲကင်းရဲစခန်းတပ်ဖွဲ့ဝင်များထံချိတ်ဆက်ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည်ကိုတွေ့ရသည်။ဝရဇိန် ပေါင်  Zawgyi version မိုးနှိုင်းရပ်ကွက် စွယ်တော်ပိုင်းရှိ ဦးပု၊ဒေါ်အေးကြည် ၏ နေအိမ်တွင် အိမ်သားများက အိမ်နီးချင်း ၊ဦးအောင်မြင့်ဆိုသူနာရေးသို့သွားနေစဥ် ၊ဇန္န ဝါရီ ၉ ရက်မနက် ၁၀နာရီခွဲအချိန်က၊ […]