Category: သင့်ကလေးကိုချစ်ရင်ဟာလဝါ ၊ ထိုးမုန့်လုံးဝ ( လုံးဝ ) မကျွေးကြပါနဲ့ရှင့်

သင့်ကလေးကိုချစ်ရင်ဟာလဝါ ၊ ထိုးမုန့်လုံးဝ ( လုံးဝ ) မကျွေးကြပါနဲ့ရှင့်

သင့်ကလေးကိုချစ်ရင်ဟာလဝါ ၊ ထိုးမုန့်လုံးဝ ( လုံးဝ ) မကျွေးကြပါနဲ့ရှင့် စမ်းသပ်ခန်းထဲမှာအန်လို့လာပြတဲ့လူနာကိုဆေးသွင်းနေရင်းဆေးခန်းအပြင်လူနာစောင့်အခန်းက“ဆရာရေခလေးတက်သွားလို့ပါ” ဆိုပီးပြေးလာသံကြားလို့အထဲဝင်ခိုင်းလိုက်တော့တနှစ်ခွဲခလေးကမလှုပ်မယှက်ပျော့ခွေပီးပြာနှမ်းလို့“ဘာဖြစ်သွားတာလဲ” မေးလိုက်တော့“အစားစားနေရင်းတက်ပြီးစကားမပြောတော့တာပဲဆရာဆယ်မိနစ်လောက်ရှိပီ” လို့အတူပါလာတဲ့လူကပြောတယ်ခလေးအဖေကတော့ကြောင်ပီးစကားမပြောနိုင်သေးဒါနဲ့မြန်မြန်လေးမျက်လုံးဖြဲပြီးမီးထိုးကြည့်တယ်သူငယ်အိမ်ကျုံ့နေသေးတယ်ရင်ဘတ်တချက်ကြည့်တော့  အသက်ကမရှူနားကြပ်နဲ့ရင်ဘတ်ကိုနားထောင်တယ်နှလုံးခုန်သံကြားရတယ်အသက်ရှူသွင်းသံလေးကြားလိုက်ရသလိုပဲ။အဲ့မှာတင်ခေါင်းထဲရောက်လာတာကအစာသီးခြင်း၊အစာနင်ပီးအသက်ရှူလမ်းကြောင်းပိတ်ခြင်း(Choking)ပဲအစားစားရင်းဖြစ်တာဆိုတော့ဒါနဲ့ချက်ချင်းပဲပါးစပ်ဖြဲကြည့်ကြည့်တယ်အာခေါင်မှာဘာမှမတွေ့ပေမယ့်Heimlichmaneuver(ခလေးအနောက်ကနေလက်တဖက်နဲ့ဝိုက်ပီးဗိုက်နဲ့ကျောကိုအားပြင်းပြင်းဆောင့်ပီးဖိခြင်း)စလုပ်တယ်၆ချက်လောက်လုပ်လိုက်တော့ခလေးကအဲ့ကနဲအသံစထွက်လာတယ်နောက်ကျောကနေအားပြင်းပြင်းနဲ့ကျောကုန်းကိုဆယ်ချက်လောက်ထပ်ရိုက်တယ်လက်တဖက်ကတော့ဗိုက်မှာထားပီးခလေးကိုခေါင်းအောက်စိုက်ထားတယ်အဲ့မှာပဲခလေးကစငိုလာတယ်ပါးစပ်ထဲကတော့ဘာမှထွက်မလာသေးဘူးခလေးပြန်တိတ်သွားပီးပြန်ပြာနှမ်းလာတယ်ဒါနဲ့နောက်ထပ်heimlich maneuver ဘယ်နှခါမှန်းမသိဘူးထပ်လုပ်လိုက်တော့မှထွက်လာပီလေဟာလဝါဖတ်၄၅စင်တီမီတာလောက်ကြီးအဲ့တော့မှခလေးကအသံဗြဲကြီးနဲ့ထငိုတာနောက်ကနေပီးချွဲတွေလဲချောင်းဆိုးပီးထပ်ထွက်လာတယ်လူလဲအဲ့တော့မှဟင်းချပီးဘေးကိုသတိထားမိတာခလေးအဖေကပျော်ပီးမျက်ရည်ကျလို့စောနကဆေးသွင်းနေတဲ့လူနာလဲလိပ်ပြာအပ်တန်းလန်းလေးနဲ့ငုတ်တုပ်လေး(စာရေးတာသာရှည်တာတကယ်က၁၀မိနစ်အတွင်းပဲဆေးခန်းထဲဝင်လာချိန်ကနေဟာလဝါဖတ်ကျတဲ့အထိက) ဒါပေမဲ့ခလေးကမှိန်းနေလို့မေးကြည့်တော့သတိလစ်နေတာအိမ်မှာဆယ်မိနစ်တဲ့  ဒါနဲ့ပဲBrain hypoxia(ဦးနှောက်ထဲအောက်စီဂျင်ပြတ်)ရပီးနောက်ဆက်တွဲရောဂါတေဖြစ်လာမှာစိုးလို့အောက်စီဂျင်ပေးပီးဆေးရုံကားနဲ့ဆေးရုံလွှဲလိုက်တယ်သေချာတာကတော့ဒီကောင်လေးမသေတော့ဘူးပဲ။ လေးမိဘတွေကိုသတိထားစေချင်တာကခလေးတွေအစာစားရင်ဘေးနားကနေစောင့်ကြည့်နေပေးဖို့နဲ့တစ်ကိုက်စာအတုံးလေးတေပဲကျွေးဖို့ပါဟာလဝါ၊အော်ကွေ့ကြည်လိုမျိုးအစာတေဆိုရင်တော့သတိပိုထားဖို့ပါ။ကွေ့ကြည်လိုမျိုးအစာတေဆိုရင်တော့သတိပိုထားဖို့ပါ။Credit- ဒေါက်တာမျိုးကျော်ဦး

Back To Top