သင်မသိသေးတဲ့ မတ်တပ်ရပ်ပြီးရေမသောက်သင့်သည့်အကြောင်းအရင်း
သင်မသိသေးတဲ့ မတ်တပ်ရပ်ပြီးရေမသောက်သင့်သည့်အကြောင်းအရင်း ကျန်းမာရေးကောင်းဖို့အတွက် တစ်နေ့ကို ရေ(၈)ခွက်သောက်တာက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက ရေသောက်တဲ့အခါ ဘယ်လိုအနေအထားမျိုးနဲ့ သောက်ဖြစ်နေလဲဆိုတာပါပဲ။လူတော်တော်များများဟာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိပ်ပြီး မသိရှိကြသလို သတိလည်း မထားမိတတ်ကြပါဘူး။ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေအရ ရေသောက်တဲ့အခါမှာ မတ်တပ်ရပ်အနေအထားနဲ့ မသောက်သင့်ဘူးဆိုတာကို အံ့အားသင့်စွာ တွေ့ရှိခဲ့ပါတယ်။ ????၁။ အဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်မတ်တပ်ရပ်အနေအထားဖြင့် ရေသောက်တဲ့အလေ့အထဟာ ကြာလာတဲ့အခါမှာ အဆစ်ရောင်တဲ့ ဝေဒနာကို ခံစားလာရနိုင်ပါတယ်။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းက ခန္ဓာကိုယ်အတွင်းရှိ အဆစ်အဆက်များဆီသို့ အရည်ဓာတ်စီးဆင်းမှုကို အနှောက်အယှက်ဖြစ်ရာမှတစ်ဆင့် အဆစ်ရောင်ရောဂါအတွက် အစလမ်းကြောင်းကိုဖြစ်စေပါတယ်။????၂။ အစာခြေစနစ်ကို ထိခိုက်စေမတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် ရေတွေဟာ အစာအိမ်နံရံတွေမှာ ပိုပြီး မြန်မြန်ဆန်ဆန် စီးဆင်းစေပါတယ်။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ စီးဆင်းမှုဟာ အချိန်ကြာလာတဲ့အခါမှာ အစာအိမ်နံရံကို ထိခိုက်စေကာ အစာခြေစနစ်ကို အနှောက်အယှက်ဖြစ်လာစေနိုင်ပါတယ်။ […]