သာသနာတော်ဘွဲ့တံဆိပ်ဆုများရရှိထားသူ နေအိမ်မှ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်မျက်လုံးတစ်လုံးပွင့်လာ
သာသနာတော်ဘွဲ့တံဆိပ်ဆုများရရှိထားသူ နေအိမ်မှ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်မျက်လုံးတစ်လုံးပွင့်လာ နိုင်ငံတော်မှာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များချီးမြှင့်ခံထားရသူတစ်ဦးဖြစ်တဲ့ဒေါက်တာလှဝင်း အောင်ရဲ့ နေအိမ်မှာ ကိန်းဝပ်စံပ္ပာယ်တော်မူနေသော ကျောက်စိမ်းဆင်းတုတော်မှာ မျက်လုံးတော်ပွင့်ပြီး ပြုံးတော်မူလာတာကြောင့် အများပြည်သူများဖူးတွေ့နိုင်စေဖို့  ဒေါက်တာလှဝင်းအောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ တဆင့်ပူဇော်ခွင့်ရနိုင်ဖို့ တင်ပေးထားခဲ့ပါတယ်။အဆိုပါကျောက်စိမ်းဆင်းတုတော်မြတ်မှာ ကျောက် စိမ်းတုံးတစ်တုံးတည်းကနေ တစ်ဆက်တည်းထုလုပ်ပူ ဇော်ထားခြင်းဖြစ်ပြီး ဉာဏ်တော်၃၆လက်မ၊ အလျား ၂၈လက်မ ထုလုပ်ပူဇော်ထားတာဖြစ်ပြီး ရောင်းချဖို့အစီ အစဉ်မရှိဘူးလို့လည်း ပြောကြားထားတာဖြစ်ပါတယ်။  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိထားတဲ့ ဒေါက်တာလှဝင်းအောင် မှာ ဘစိုးဥကျောက်မျက်ရတနာဆိုင်ကို ဖွင့်လှစ်ထားသူတစ်ယောက်ဖြစ်ပြီးလတ်တ လော မှာလည်း အွန်လိုင်းမှ ကျောက်စိမ်းဆင်းတုများနဲ့ အနုပညာလက်မှုပစ္စည်းများကို ရောင်းချပေးခြင်း၊ ဘုရားများကို မဲဖောက်ပေးခြင်းနှုင့်ကျောက်စိမ်းဆင်းတုတော်များကို မဲဖောက်လှူတန်းပေးခြင်းများကို လည်း ဆောင်ရွက်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ယခုကဲ့သို့ကျောက်စိမ်းဆင်းတုတော် မျက်လုံးတော်ဖွင့်မည့်နေ့မှာလည်း ကိုဗစ်၁၉ရောဂါကာကွယ်ရန်အတွက် မက်စ်တစ်သောင်းခန့်လှူတန်းရန်ပြင်ဆင်ပြီး  ပစ္စည်းများရွှေ့ပြောင်းနေစဉ်မှာ […]