Category: အချက်အပြုတ်

တပေါင်း တန်ခူး အီးကုတ်တူး (အီးကုတ် နဲ့ ဆူးပုပ်)

တပေါင်း တန်ခူး အီးကုတ်တူး အီးကုတ် နဲ့ ဆူးပုပ်“တပေါင်း တန်ခူး အီးကုတ်တူး၊ ရတဲ့အီးကုတ် ရောဆူးပုပ်၊ စားရသူဝယ် လျှာချာလည်” သူတို့နှစ်တွဲကတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အတွဲဆိုင်းပါ။ ကြက်သွန်ဖြူနိုင်နိုင် ငြုတ်သီးခပ် စပ်စပ်နဲ့ ရောသမွှေချက်လိုက်ရင် ဝက်သားကြက်သား ဟင်းတွေထက်သာလွန်တဲ့ ဟင်းမျိုးပါ။ ဒီဟင်းမျိုးကတော့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်လောက်မှာ ပဲရနိုင်ပါတယ်။ အခြားဒေသတွေမှာ သိကြမယ်မထင်ပါဘူး။ ခြောက်သွေ့တဲ့ရာသီတွေမှာ ရရှိတတ်ပါတယ်။ အခုလို တပေါင်း တန်ခူး ကဆုန် နယုန်လတွေမှာ အထူးသဖြင့် ရရှိတတ်ပါတယ်။ ငယ်စဉ်ခါ ရွာမှာရှိတုန်းကတော့ တူးဖူးပါတယ်။ မရဖူးပါဘူး။ သူများတူးတာကိုပဲ ရဖူးပါတယ်။ နှောက်ချေးမရဲ့ ခြေရာနောက်ကိုလိုက်ပြီး သူ့ခြေရာအဆုံးမှာ ဒီလိုဥလုံးလေးတွေရှိပါတယ်။ တစ်တွင်းထဲမှာ အနည်းဆုံးဥခြောက်လုံးမှ ဥလုံး ၂၀ လောက်ရှိတတ်ပါတယ်။ ဥလုံးတစ်လုံးမှာ အကောင်တစ်ကောင်ပဲပါတယ်။ ဆူးပုပ်ရွက်နုထွက်လာတဲ့အချိန်မှာ […]

နှစ်သစ်ကူးညမှာ အကင်လုပ်စားမယ့်သူတွေအတွက် မပါမဖြစ် ဆော့စ်အချဉ် (၅) မျိုး ပြုလုပ်နည်း

နှစ်သစ်ကူးညမှာ အကင်လုပ်စားကြမယ့်သူတွေအတွက် အကင်နဲ့ တွဲဖက်စားသုံးရာမှာ မပါမဖြစ်တဲ့ ဆော့စ်အချဉ် (၅) မျိုး ပြုလုပ်နည်း အကြောင်းကို ဖော်ပြလိုက်ပါတယ်- ထိုင်းအကင်၊ ဝက်ဂုတ်သားကင်တွေမှာ များသောအားဖြင့် တွဲစားသော ဆော့စ်ပြုလုပ်နည်း – ထန်းလျက်၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ နံနံပင်မြစ် ထောင်းပါ။ ကျိုချက်ပါ။ ဆန်လှော်မှုန့်၊ ကြက်သွန်နီ၊ ငရုတ်ကြမ်းမှုန့်၊ နံနံပင် ထည့်ရုံပါပဲ။ ငါးကင်၊ ပုဇွန်ကင်၊ ဆီးဖုကင်တွေမှာ တွဲစားသော ဆော့စ်ပြုလုပ်နည်း – ငရုတ်သီးစိမ်းကို အိနေအောင် ပြုတ်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ထန်းလျက် ထောင်းပါ။ ဆား၊ သကြား၊ သံပုရာသီး ညှစ်ရုံပါပဲ။ မြေပဲဆော့စ်အစပ် ပြုလုပ်နည်း – အခုနောက်ပိုင်း ဝက်သားတုတ်ထိုးဆိုင် တော်တော်များများသုံးကြပါတယ်။ ငရုတ်နီတောင့်၊ ထန်းလျက်၊ […]

ပိုနေတဲ့ ခေါက်ဆွဲဖတ်တွေကို လွှင့်ပစ်စရာမလိုဘဲ စားကောင်းအောင် ပြုလုပ်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းများ

အိမ်တွေမှာ အသုပ် လုပ်စားရင် ဖြစ်စေ၊ ခေါက်ဆွဲကြော် စားရင် ဖြစ်စေ ပိုနေတဲ့ ခေါက်ဆွဲဖတ်တွေိကို ရေခဲသေတ္တာထဲမှာ နှစ်ရှည်လများ ထည့်ထားပြီး လွှင့်ပစ်နေကြတဲ့ သူတွေအတွက် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်- အိမ်ရှင်မ ကျမ ဟိုတလောက အသုပ်လုပ်စားရင်း ခေါက်ဆွဲဖတ်တွေ ကျန်နေလို့ နေပူလှန်းလိုက်တယ်။ ခြောက်သွားတော့ သိမ်းထားရင်း ဒီနေ့သတိရလို့ ဆီပူထိုးစားတာ တော်တော်စားကောင်းပါတယ်ရှင်။ ထမင်းခြောက် ထက် ပိုအရသာရှိတယ်။ မွမွလေးနဲ့ အရသာရှယ်ဘဲ နေပူလှန်းရင် ဘာမှမထည့်ရဘူး။ ကြော်ရင်လဲ ဘာမှမထည့်ရဘူးနော်။ ကြော်ပြီး ပန်းကန်ထဲရောက်မှ ဆားလေးဖြူးစား အဆာပြေအပျင်းပြေ လုပ်စားလို့ရအောင်လာပြောပြတာပါ။ သိပြီးသူများ ဆောရီးပါနော်ရှင့်၊ အလေအလွင့် မဖြစ်တော့ဘူးပေါ့ရှင်။ (Shinn Thant Mar Mar) မှတ်ချက် (၁) – အဲ့လိုခေါက်ဆွဲကို ကြော်ပြီး […]

“ကိုရီးယားအစားစာ ကင်ချီကို အိမ်မှာ ကိုယ်တိုင် ပြုလုပ်နည်း”

လုပ်နည်းပြောပြမယ်နော် 😘 စလုပ်မယ့် အချိန်မှာ လိုအပ်တဲ့ ပစ္စည်းတွေကတော့ – မုန်ညင်းဖြူထုပ် – ၃ ကီလို (သို့) ၆ ထုပ်ခန့် ဆား – ၁/ ၂ ခွက် (လက်ဖက်ရည်ပန်းကန်လုံး) ပထမအဆင့်အနေနဲ့ မုန်ညင်းဖြူ အောက်ခြေ အမြစ်နားကိုဖြတ်ပြီး ဓားနဲ့ ၂ လက်မလောက် ထိုးခွဲ လှီးလိုက်ပါ (တစ်ထုပ်လုံးကို မလှီးရပါ)။ ဟသွားတဲ့နေရာကနေ လက်နှစ်ဘက်နဲ့ ဆွဲဖြဲ လိုက်ပါ။ ဒါမှသာ အတွင်းပိုင်း မုန်ညင်းသားတွေ နဂိုမူရင်းအတိုင်း ရရှိမှာ ဖြစ်ပါတယ်။ ရေများများ ထည့်ထားတဲ့ ဇလုံထဲမှာ ဆေးပြီး အနည်းငယ် စစ်ထားပါ။ မုန်ညင်းရွက် တရွက်ချင်းစီကြားထဲကို နှံ့အောင် ဆားပက်ထည့်ပြီး ဇလုံတခုထဲမှာပဲ ၁၀ မိနစ် ၁ […]

“ကြက်အူချောင်းကို အိမ်မှာ လွယ်လွယ်ကူကူနဲ့ ကိုယ်တိုင် လုပ်စားနိုင်မယ့် နည်းလမ်းလေး”.

အိမ်မှာ ကိုယ်တိုင်လုပ်စားလို့ရသည့် သန့်ရှင်းလတ်ဆတ်တဲ့ ကြက်အူချောင်းလေး လုပ်နည်းလေးပါ။ ကလေးတွေအတွက်လဲ အထူးသင့်လျော်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်သား ၂၀ သား ဆားနည်းနည်း သကြားနည်းနည်း ငြုပ်ကောင်းမှုန့်ကြိုက်ရင် နည်းနည်းထည့်ပါ (မထည့်လဲရ) ကြက်ဥတလုံး ပြောင်းကော်မှုန့် ၂ ဇွန်း (မရှိရင် ရိုးရိုးကော်မှုန့်) စက်ထဲထည့်ကြိတ်ပါ။ စီးစီးလေးဖြစ်အောင် အကြာကြီးကြိတ်ပါ။ ငှက်ပျောရွက်လေး စင်ကြယ်အောင်ဆေးပြီး အိသွားအောင် ရေနွေးဖျော်ပါ။ ငှက်ပျောရွက်ပေါ်ဆီလေး နဲနဲသုတ်ပြီး ကြိတ်ထားတဲ့ အသားထည့်လိပ်ပါ။ ပြီးရင်ဒါမျိုးလေးဖြစ်အောင်စည်းပါ။ ပေါင်းအိုးမရှိရင် ဒယ်နီအိုးထဲရေထည့်ပြီး ဇလုံနဲ့ပေါင်းလို့ရပါတယ်။ ၄၅ မိနစ်လောက်ပေါင်းပြီးတဲ့အခါ ရပါပြီနော်။ ဒီတိုင်းပဲစားစား ဆီပူထဲထည့်လှိမ့်ပြီးစားစား ဘယ်လိုစားစား အရမ်းကောင်းပါတယ်။ ကလေးတွေလဲ ကြိုက်နှစ်သက်ပါတယ်။ ပူပူလေးကို ခရမ်းချဉ်သီးဆော့လေးနဲ့တို့စားရင်လည်း လိုက်ဖက်ပါတယ်။ (Rain Queen) Crd Zawgyi အိမ်မှာ […]

ဈေးကြီးပေးဝယ်ရတဲ့ ကြက်ပေါင်းရည်ကို အိမ်မှာကိုယ်တိုင် ပြုလုပ်နည်း

Unicodeအပြင်မှာကြက်ပေါင်းရည်ဝယ်မရတော့ဘူးဆိုလို့ ကြက်ပေါင်းရည်လုပ်နည်းလေး ပြန်လည်၍ဝေမျှပေးလိုက်ပါတယ် ။ ကိုယ်လည်းအပြင်မထွက်တာ ၁ပတ်လောက်ရှိပြီမို့ရှိတာလေးနဲ့လုပ်ပြထားပါတယ် ။ ကြက်ပေါင်းရည်ဆိုတာကြက်ကိုပေါင်းပြီးထွက်လာတဲ့အရည်ချိုကိုပြောတာပါ ။ ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင်အမြစ်တို့လိုပါတယ် ကြက်သားကိုရေစင်အောင်ဆေးပါ နံနံပင်ရဲ့အမြစ်ကိုရေစင်အောင်ဆေးပါ ဂျင်းကိုအခွံခွာပြီး မထူမပါးလှီးပါ ကြက်သွန်ဖြူအမွှာကိုခွာယူပြီး ရေဆေးပါ (အခွံမခွာပါဘူးရှင် အခွံနဲ့တစ်ပါတည်းထည့်ပေါင်းမှာပါ ) ဇောက်နက်တဲ့ပန်းကန်ထဲကို ပန်းကန်လုံးအသေးလေးတစ်လုံးမှောက်ထည့်ပါ သူ့အပေါ်မှ ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင် ဖြန့်ပြီးထည့်ပါ ထမင်းပေါင်းအိုးထဲကို ရေထက်ဝက်ခန့်ထည့်ပြီး အပေါ်ကန့်သုံးကာ ၂နာရီခန့်ပေါင်းပါ အဖုံးမဖွင့်ကြည့်ပါနဲ့ ကြက်ပေါင်းရည်ရဖို့ အချိန်၂နာရီကလုံလောက်ပါတယ်ရှင် ကြက်ပေါင်းရည်လိုတာထက်ပိုထွက်ချင်ရင် ဒီလိုလေးလုပ်ပါရှင် ဇစ်အိတ်လေးတွေထဲ ရေခဲတုံးလေးတွေထည့်ပြီး အိုးအဖုံးပေါ်ကို တင်ပေးပါရှင် ဘယ်အချိန်လုပ်ရမလဲဆိုတော့ အချိန်ပြည့်ဖို့ ၅မိနစ်၁၀မိနစ်အလိုလောက်မှာလုပ်လို့ရပါတယ် ဘာအရသာမှုန့် ဘာဆားမှမထည့်ပါဘူး ကြက်ကတော့ ဗမာကြက်အသုံးပြုတာအကောင်းဆုံးပါရှင် ။ ကြက်ပေါင်းရည်ထဲမှာအဆီတွေဝေ့နေတာ မနှစ်သက်ဘူးဆိုရင် ကြက်ပေါင်းတဲ့အခါ ကြက်အရေခွံကိုဖယ်ပြီးပေါင်းပေးပါရှင့် […]

Back To Top