Category: အချစ်ရေး

သင့်ကိုအပျော်ကြံတာမဟုတ်ပဲ လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ ချစ်သူမှန်း သိသာစေတဲ့ အချက်များ

အချစ်ရေးတစ်ခုမှာ အကြောက်ရဆုံးကတော့ ကိုယ်က စိတ်ရင်းအမှန်နဲ့ ပုံအပ်ပြီးချစ်ရသလောက် ကိုယ့်ကိုအပျော်တွဲခံရတာပါပဲ။ ဒါဟာ လူတော်တော်များများလည်း ကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်သလို ခံစားရတာလည်း အရမ်းကိုဆိုးရွားပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုအပျော်တွဲတာလား၊ အတည်တွဲတာလားဆိုတာ ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ် အခုဖော်ပြပေးမယ့်အချက်လေးတွေကတော့ သင့်ကိုအတည်တွဲနေတဲ့ ယောကျ်ားတစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သင့်ချစ်သူနဲ့ ကိုက်ညီနေရင်တော့ သင်ဟာ ကံကောင်းတဲ့သူတစ်ယောက်ပါပဲနော် (၁)=သင့်အနားမှာနေရင် ရယ်မောပျော်ရွှင်နေမယ် သင့်ကိုအတည်တွဲတဲ့ ယောကျ်ားတစ်ယောက်ဟာ သင့်အနားမှာနေတဲ့ အချိန်တွေမှာ ရယ်မောပျော်ရွှင်နေ တတ်တဲ့သူပါ။ ဟန်ဆောင်ပြီး ပျော်တဲ့ပုံဖမ်းနေ တာမျိုးနဲ့တော့ အရမ်းကိုကွာပါတယ်။ သူ့ကိုသင်ကြည့် လိုက်တာနဲ့၊ သင့်အနားသူ ရောက်လာတာနဲ့ အမြဲတမ်းပျော်ရွှင်ပြီး ကြည်နူးနေ တတ်တဲ့ သူမျိုးပါ (၂)=သူ့ရဲ့အပြုအမူမှာပေါ်လွင်နေတယ် ယောကျ်ားလေးတွေဟာ စကားအပိုတွေ၊ တီတီတာတာတွေ သိပ်မပြော တတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်ကို အပြုအမူနဲ့ […]

မကြာခဏ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေးတွေ ရမယ့် ဆိုးကျိုး (၅) ခု

မိန်းကလေးတွေရဲ့ သဘာဝကိုက စိတ်ဆိုးစိတ်ကောက် လုပ်တတ်တာမျိုး ပါလာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိန်းကလေးတိုင်းကတော့ စိတ်ဆိုးစိတ်ကောက်တာမျိုး မလုပ်ကြပါဘူး။ မကြာခဏ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေးတွေကတော့ သူများတွေထက် ထူးခြားနေတတ်သလို သူများတွေ မရတဲ့ ဆိုးကျိုးတွေလည်း ရနေတတ်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော် (၁)=ပူလောင်တယ် စိတ်ဆိုးတယ်ဆိုတည်းက ကိုယ့်စိတ်မှာ အလိုမကျတာ တခုခု ဖြစ်သွားလို့ ဖြစ်ပါတယ်။ စိတ်ဆိုးတယ်ဆိုတာ စိတ်ဆိုးသင့်တဲ့အရာ ဟုတ် မဟုတ် စစ်ဆေးပြီးမှ စိတ်ဆိုးရင်တော့ သဘာဝကျပါတယ်။ ဒီလို မဟုတ်ဘဲ ကိုယ့်စိတ်အလိုအတိုင်း မဖြစ်တာနဲ့ စိတ်ဆိုးနေရင်တော့ စိတ်ဆိုးခံရသူထက် သင်ပဲ အရင်ဆုံး ပူလောင်နေရတာ ဖြစ်ပါတယ် (၂)=ဝမ်းနည်းရတယ် စိတ်ဆိုး စိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေး အများစုကတော့ အကြီးအကျယ် စိတ်ဆိုးကြလို့ မဟုတ်ဘဲ ကလေးဆန်လွန်းကြတာ […]

ရည်းစားအများကြီး ထားခဲ့ခြင်းကြောင့် ရရှိလာနိုင်တဲ့ ဘဝသင်ခန်းစာများ

အခုလိုခေတ်ကြီးထဲမှာ ရည်းစားဆိုတာ တစ်ယောက်မကထားဖူးခဲ့ကြမှာပါတစ်ခါတစ်လေ အချစ်ရေးကံမကောင်းလို့ ရည်းစားတွေအများကြီး ဖြစ်သွားတာမျိုးတွေလည်း ရှိကြမှာပေါ့။ ပတ်ဝန်းကျင်ကတော့ ဒီကောင်မလေး ရည်းစားများတယ်ဆိုပြီး သွားပုတ်လေလွင့် ကဲ့ရဲ့နိုင်ပေမယ့်တကယ်တမ်း ရည်းစားများခြင်းဟာ ရှေ့ဆက်လျှောက်မယ့် ကိုယ့်ဘဝခရီးလမ်းအတွက် အကျိုးရှိစေနိုင်ပါတယ်ဘာတွေများဖြစ်မလဲ တစ်ချက်လောက် ဆက်ဖတ်ကြည့်လိုက်ကြရအောင်နော် (၁)=အမျိုးသားတွေအကြောင်း ပိုသိလာတယ် ရည်းစားများပြီဆိုမှတော့ ပတ်သက်ခဲ့ရတဲ့ အမျိုးသားတွေလည်းဘမှာအများကြီး ရှိခဲ့မှာပေါ့။ဒါကြောင့် အမျိူးသားတို့ကို အကဲခတ်တဲ့စွမ်းရည်ဟာလည်း အတော်လေး တိုးတက်နေပါပြီ။ အမျိုးသားတစ်ယောက် ကိုယ့်ကို ချဉ်းကပ်လာခဲ့ရင် သူ့ရဲ့ ပုံစံ၊ ပြောဆိုနေထိုင်မှု စတာတွေကိုကြည့်ယုံနဲ့ဒီလူဟာ ဟန်ဆောင်နေတာလား၊ တကယ်လားဆိုတာ သိနိုင်နေမှာပါ (၂)=ရလိုက်တဲ့ သင်ခန်းစာတွေ ရည်းစားတစ်ယောက်နဲ့ပြတ်ပြီးတိုင်း ကိုယ်မှားခဲ့တာတွေကို သေချာပြန်စဉ်းစား ပြုပြင်ပြောင်းလဲပြင်ဆင်လိုက်မယ်ဆိုရင် နောက်ထပ်ပေါ်လာမယ့်အနာဂတ်ချစ်သူလေးနဲ့ ပိုမိုကောင်းမွန်တဲ့ RS တစ်ခုဖြစ်အောင် အရှေ့ကသင်ခန်းစာတွေနဲ့ဆင်ခြင်ရင်း တည်ဆောက်လို့ရပြီပေါ့ (၃)=အသည်းကွဲတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိလာမယ် ဘဝဆိုတာ ဘယ်အရာမှမတည်မြဲဘဲ […]

သင့်ကို တန်ဖိုးမထားတဲ့ချစ်သူကို နောင်တရသွားအောင်လုပ်နိုင်မယ့် နည်းလမ်း(၅)မျိုး

ကိုယ့်ဘက်က ချစ်နိုင်သလောက်ချစ်ပေးခဲ့ပေမယ့် ကိုယ်ချစ်မှန်းသိလို့ အနိုင်ယူပြီးကိုယ့်အချစ်တွေကိုတန်ဖိုးမထားဘဲ ပစ်ချခဲ့တဲ့သူမျိုးနဲ့ကြုံရတဲ့အခါ ဒီအတွက် ပြိုလဲခံစားမနေပါနဲ့ကိုယ့်အချစ်တွေကိုတန်ဖိုးမထားခဲ့တဲ့သူအတွက် ကိုယ့်ကိုယ်ကိုထိခိုက်မခံဘဲ သူတို့တွေနောင်တရသွားအောင် ဒီလိုနည်းလေးတွေနဲ့ တုံ့ပြန်လိုက်ပါ။ (၁)=ဂရုမစိုက်ပါနဲ့ ကိုယ်ချစ်တာတွေကို သူတန်ဖိုးမထားမှန်းသိပြီဆိုတာနဲ့ သူ့ကိုတွယ်ကပ်နေတာထက် ဂရုမစိုက်တာက ပိုကောင်းပါတယ်။သူ့ရဲ့အပြုအမူတွေ၊ အချိုးတွေနဲ့ပတ်သက်လို့ သင့်ဘက်က လုံးဝဂရုမစိုက်ဘူးဆိုတာ သူသိအောင် ပြသပါ။ ဒါမှ သင့်ရဲ့တန်ဖိုးကိုသူ့ဘက်ကနားလည်လာမှာပါ။ (၂)=ဖုန်းခေါ်တာ၊မက်ဆေ့ပို့တာတွေကို reply မလုပ်ပါနဲ့ သင့်အချစ်တွေကိုတန်ဖိုးမထားတဲ့သူ၊ သင့်ကိုဂရုမစိုက်တဲ့သူ၊ သင့်ကိုနာကျင်စေတဲ့သူကို သင့်ဘက်ကလည်း လစ်လျူရှုလိုက်ပါသူဖုန်းခေါ်တာ၊ မက်ဆေ့ပို့တာတွေကို reply မပြန်ပါနဲ့။ သင့်ကိုဆက်သွယ်ဖို့ကြိုးစားတာကို လက်မခံမိပါစေနဲ့။ (၃)=သူမပါလည်း အဆင်ပြေတယ်ဆိုတာ သူသိပါစေ သင့်အတွက်သူကမရှိမဖြစ်အရေးပါတဲ့သူလို့ ထင်နေတာတွေရပ်သွားအောင် သူမပါလည်း သင်အဆင်ပြေတယ်ဆိုတာကို ပြလိုက်ပါသူနဲ့မှမဟုတ်ဘဲ သင်တစ်ယောက်တည်းလည်း အဆင်ပြေတယ်ဆိုတာ သူသိပါစေ။ ဒီလို သိစေတာက သူ့ကိုတုန်လှုပ်စေပါတယ်။ (၄)=သူဖြစ်စေချင်တာတွေမလုပ်ပါနဲ့ သူမရှိရင် သင်အဆင်မပြေဘူး၊ သင်မနေတတ်ဘူးလို့ထင်နေတာကို […]

မိန်းကလေးတွေ ကိုယ့်ရည်းစားကိုယ် သည်းနေအောင် မချစ်ပြသင့်တဲ့ အကြောင်းအရင်း (၅)ချက်

မိန်းကလေးတစ်ယောက်အနေနဲ့ သူတစ်ပါးကို မလိမ်ညာဘဲ တကယ်အချစ်စစ်နဲ့ချစ်တာက အရမ်းကောင်းပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ကိုယ်ချစ်နေတာကို သည်းသည်းလှုပ်မဖော်ပြသင့်ပါဘူး ဒီလိုမဖော်ပြသင့်ရတဲ့ အကြောင်းအရင်း (၅) ချက်ကတော့ ဒီလိုပါ။ လူတိုင်းဒီလိုဖြစ်မယ်ရယ်လို့တော့ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေအများဆုံး အရာတွေကို ဖော်ပြပေးထားတာပါနော် ။ (၁)=အနိုင်ယူလာမယ်ယောကျ်ားတွေဟာ ပင်ကိုဗီဇကိုက အနိုင်ယူချင်စိတ်ရှိတဲ့သူတွေဖြစ်ပါတယ်။ တကယ်လို့ သင်သာ သူ့ကို သည်းသည်းလှုပ်ချစ်ပြလိုက်မယ်၊ ဒါမှမဟုတ် သူ့ကိုသင် အရမ်းချစ်နေတာကို သိသွားမယ်ဆိုရင်တော့ သင့်ကို အနိုင်ယူလာတော့မှာပါ။ဒါကြောင့်မို့လို့ ယောကျ်ားတစ်ယောက်ကို ဘယ်လောက်ပဲချစ်ချစ် ထုတ်မပြတာ အကောင်းဆုံးပါပဲ (၂)=တန်ဖိုးမထားတော့ဘူးသင့်ချစ်သူကို သူမရှိပဲမနေနိုင်တဲ့ ပုံစံလုံးဝမလုပ်ပြပါနဲ့။ ဒီပုံစံကိုမြင်သွားရင် ဒါမှမဟုတ် သင်ဒီလိုဖြစ်နေတာကို သိသွားရင် သင့်ကို အရင်လို တန်ဖိုးထားတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ဘဝနဲ့ကိုယ် နေနိုင်တဲ့၊ ချစ်သူမရှိလည်း ကိယ့်ဘာသာကို ကောင်းကောင်းနေတတ်တဲ့ သူမျိုးကိုမှ ယောကျ်ားလေးတွေက […]

သ ဝန် တို တတ် တဲ့ ကောင် မ လေး တွေ က သင့် ကို အ ချစ် စစ် နဲ့ ချစ် မယ့် သူ မျိုး ဆို တာ ယုံ ပေး ပါ

မိန်းကလေးတွေက အချစ်ကြီးတယ် ၊ အချစ်ကြီးလွန်းရင် ပိုင်ဆိုင်ချင်လာတယ် ၊ သဝန်တိုလာတယ်။ အခုဖော်ပြမယ့်အကြောင်းကတော့ အချစ်ကြီးပြီးသဝန်တိုတတ်တဲ့ ကောင်မလေးတွေအကြောင်းပဲ ဖြစ်တယ်။ သင့်ဆီမှာ သင့်ကို သဝန်တိုနေတဲ့ ချစ်သူကောင်မလေးရှိနေပြီးဆိုရင် သင်က အချစ်စစ်နဲ့ အချစ်ခံနေရလို့ပါ။ ၁= သင်နဲ့ပတ်သက်ပြီး အမြဲစိတ်ပူတယ် လူတစ်ယောက်ကို စိတ်ပူတယ်၊ စိုးရိမ်တယ်ဆိုတာ လူတိုင်းအပေါ် ဖြစ်နေတာမျိုး မဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့ လူအပေါ်မှာပဲ စိတ်ပူ ၊ စိုးရိမ်တာပါ။စိတ်ပူတယ်ဆိုတာကို စိတ်ပူနေတဲ့ လူကပဲ ပျာယာခတ်နေတာမျိုးပါ။ ဒါကလည်းခံစားဖူးရတဲ့သူမှ သိမှာပါ။ သင်အမှတ်မထင် ပြောဖို့မေ့သွားတဲ့ ကိစ္စရှိခဲ့တယ်ဆိုရင် သူမအရမ်းကို စိတ်ပူသွားမှာပါ။သင့်ဆီကို ဖုန်းတွေ အကြိမ်ကြိမ်ဆက်ထားမယ် ၊ စာတွေပို့ထားမယ်ဆိုရင်သင့်ကို သူမစိတ်ပူနေလို့ပါ။ သူမကတော့ တစ်ယောက်တည်း ကမ္ဘာတွေပျက်နေသလိုမျိုး ခံစားနေရမှာပါ။ဒါကြောင့် သူမကိုဘယ်နေရာရောက်ရောက် ၊ဘာပဲလုပ်လုပ် အချိန်မှန် ဖုန်းဆက်ပြောပေးပါ။ […]

Back To Top