သူ့ရဲ့ လွမ်းသံဆွေးသံက တစ်နိုင်ငံလုံးကို လွမ်းဆွေးသွားစေခဲ့သူ…ငယ်ငယ်က ကျောင်းဆရာ တစ်ယောက် ဖြစ်ချင်ခဲ့သူ… ဝိုင်ဝိုင်း
မူရင်း ခေတ်လင်းနေ ရေးသားသည်။ ငယ်ငယ်က ကျောင်းဆရာ တစ်ယောက် ဖြစ်ချင်ခဲ့တယ်ဆိုတဲ့ ကိုဝိုင်ဝိုင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့ပါတယ်။ အမည်အရင်းက ကျော်ကျော်ဌေးပါ။ ကျောင်းဆရာ ဖြစ်ချင်သူကနေ မြန်မာပြည်ရဲ့ အအောင်မြင်ဆုံး ထိပ်တန်းအဆိုတော်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ရတာ ကိုလေးဖြူကလည်း အဓိက ကျပါတယ်လို့ သူက ဆိုခဲ့ပါတယ်။ 1980ကျော် ခုနှစ်များကာလမှာ သူတို့ တွေ့ဆုံခဲ့ကြတယ်လေ။ မန္တလေးတက္ကသိုလ်မှာ။ ကိုဝိုင်ဝိုင်းနဲ့ ကိုလေးဖြူက မေဂျာတစ်ခုတည်း၊ English မေဂျာမှာ။ ကိုဝိုင်ဝိုင်း၊ ကိုလေးဖြူ၊ ကိုကြီးအငဲ စသည်အားဖြင့်။ အဲ့ဒီမန်းလေးမှာပဲ တက္ကသိုလ်ထဲက ဖရက်ရှာဝဲလ်ကမ်းပွဲတွေကျရင် ကိုလေးဖြူက ဘေ့စ်တီးတယ်။ ကိုကြီးအငဲက လိဒ်တီးတယ်။ ကိုဝိုင်ဝိုင်းကတော့ ရစ်သမ်ပေါ့။ အတူတကွ သီချင်းတွေ သီဆိုခဲ့ကြတယ်။ ဂီတမှာ အတူ စီးမျောခဲ့ကြတယ်။ 1988 […]
ထူးချွန်ထက်မြက်ပြီး ရုပ်ရှင်လောကသားများအတုယူရသော မင်းသားဖြစ်သော်လည်း အကယ်ဒမီ ရမသွားရှာသော မင်းသားကြီး ကျော်ဆွေ…
မြန်မာ့ရုပ်ရှင်သမိုင်းတွင် စစ်ကား ပေါင်းများစွာ ပေါ်ထွက်ခဲ့ဖူးပါသည်။ သို့သော် အချစ်ကားများပေါ်ထွက်မှု နှင့်နှိုင်းစာလျှင် ရာခိုင်နှုန်းအားဖြင့် လွန်စွာနည်း၏။ စစ်ကားကို ဒါရိုက်တာ တိုင်းရိုက်၍ အဆင်မပြေ၊ စစ်အခြေခံ သဘောတရားကို ကျွမ်းကျွမ်းကျင် ကျင်နားလည်ပါမှ ပီပြင်သဘာဝ ကျသော စစ်ကားကောင်း တစ်ကား ဖြစ်နိုင်သည်။ ပေါ်ထွက်ပြီးသည့် မြန်မာစစ်ကားအချို့ကို ဖော်ပြရလျှင် ဂုဏ်မြင့်သူ ၁၉၄ဝ ၊ ပုလဲမျက်ရည်၊ ငါ့ညီ ငါ့မြေ ငါ့အမေ၊ ညတိုက်ပွဲ၊ ငါ့နိုင်ငံ တော်၊ တောင်ကုန်းအမှတ် (၁၁၉)၊ အမိမြေမှသားကောင်းများ၊ ဆယ့်သုံး ရက် ဆယ့်သုံးနာရီ ဆယ့်သုံးယောက်၊ အိပ်မက်တံတား၊ အချစ်တစ်ပွဲစစ်ပွဲ တစ်ရာ၊ နှလုံးသားနဲ့စစ်တာဝန်၊ အသက်ကိုနှင်း၍၊ နှောင်းတမြေ့မြေ့၊ တိုက်ပွဲခေါ်သံ၊ ရှေ့မှာရန်သူ၊ ဝေ လည်းမွေး ကြွေလည်းမွေးနှင့် ကြယ်စင် မော်ကွန်း။ […]
အဆိုတော်၊ မင်းသား၊ စာရေးဆရာ စွယ်စုံရ အနုပညာရှင် တွံတေးသိန်းတန်ရဲ့ ဘဝဇာတ်ကြောင်း
(တစ်ခုတည်းသော အလင်္ကာကျော်စွာဘွဲ့ကို ၂၀၂၂ခုနှစ် နှောင်းပိုင်းကမှ ပူပူနွေးနွေး ရရှိထားသော ကွယ်လွန်သွားတာ ဒီနေ့ဆို၁၁-၁-၂၀၂၃ (၂၄)နှစ် ရှိပြီဖြစ်တဲ့ တွံတေးသိန်းတန်) စွယ်စုံရ မင်းသားကြီး တွံတေးသိန်းတန် ၏ ဘ၀ဇာတ်ကြောင်း။ မည်သည့် ဆုတံဆိပ်၊ မည်သည့် ဘွဲ့ထူး ဂုဏ်ထူး၊ မည်သည့် အကယ်ဒမီ မှ မရခဲ့ ရှာသောပြည်သူချစ်သော အနုပညာရှင် စွယ်စုံရ မင်းသားကြီး တွံတေးသိန်းတန် ၏ ဘ၀ဇာတ်ကြောင်း။ တွံတေးသိန်းတန် သည် မြန်မာနိုင်ငံသား အဆိုတော်၊ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ ဇာတ်ဆရာ တစ်ဦး ဖြစ်သည်။ သူသည် ပြည်သူ့အကျိုးကို သယ်ပိုးခဲ့သူဖြစ်သောကြောင့် ပြည်သူချစ်သော အနုပညာသမား တစ်ဦး ဖြစ်ခဲ့သည်။ သူခေတ် သူ့အခါက သူ့လောက်အောင်မြင်ခဲ့သူ […]
“ကော်လံထောင်၊အကျီ ၊ အပေါ်ကျယ်သီးဖြုတ်၊ စီးကရက်ခဲ၊ ဘောင်းဘီအကျပ်ဝတ် စတိုင်နဲ့ တခေတ်တခါက မိန်းမပျိုမေလေးတွေအသဲကို စိုးမိုးခဲ့တဲ့ မင်းသားကြီး ဇော်ခင်”
“ကော်လံထောင်၊အကျီ ၊ အပေါ်ကျယ်သီးဖြုတ်၊ စီးကရက်ခဲ၊ ဘောင်းဘီအကျပ်ဝတ် စတိုင်နဲ့ တခေတ်တခါက မိန်းမပျိုမေလေးတွေအသဲကို စိုးမိုးခဲ့တဲ့ မင်းသားကြီး ဇော်ခင်” “အောင်မြင်စဉ် အချိန်များ ကောင်းစားတုန်းကဆို၊ နိုင်ငံတခွင်မှာ ထင်ရှား မင်းသားအကျော်အမော်ပေ၊ ငယ်ရွယ်သူတွေရင်ထဲ မိန်းကလေးများအသည်းဝယ်နေတစ်ဆူလိုပင် သူပဲ မင်းမူခဲ့ပါတယ်” ကိုညီထွဋ် ရဲ့ ခေတ်ဟောင်းမင်းသားကြီး သီချင်း နား ထောင်တိုင်း ကျနော့် မျက်လုံးထဲ မင်းသားကြီးဦးဇော်ခင် ကို မြင်ယောင်နေမိတယ်. ဒီသီချင်းက သူ့ကို ရည်ရွယ်ပြီး စပ်ဆိုထားတာများလားလို့ အမြဲတွေးဖြစ်ပါတယ် .. မင်းသားကြီးဦးဇော်ခင်.က တကယ့် နာမည်ကျော် ခေတ်ဟောင်းမင်းသားကြီး တစ်လက်ပါ၊ အရပ်ခပ်မြင့်မြင့် ယောက်ျားပီသပြီး. သရုပ်ဆောင် အရမ်းကောင်းတဲ့ မင်းသားပါ၊ ရှပ်အင်္ကျီ အပေါ်ကြယ်သီးနှစ်လုံး ပြုတ် ရင်ဘက်ဟပြဲ နဲ့ကုတ်အင်္ကျီအနက်တွေက သူ့ရဲ့ ပင်ကိုယ်စတိုင် […]
နှုတ်ခမ်းမွှေးကားကားနဲ့ ပရိသတ်တွေအမြဲတမ်းအမှတ်ရနေဆဲဖြစ်တဲ့ လူရွှင်တော်ကြီး ရှဲဒိုး
တချိန်က မြန်မာ့ဇာတ်သဘင်လောကမှာ ညီအစ်ကိုလိုအရမ်းချစ်ကြတဲ့ အဖွဲ့ဝင်တွေနဲ့ဖွဲ့စည်းထားတဲ့ ရွှေညီကိုအဖွဲ့ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်။ ငြိမ်းချမ်း၊ကောင်းကျော်၊ဝိုင်းချစ်၊ရှဲဒိုး၊ထက်ထက် တို့နဲ့ဖွဲ့စည်းထားပြီးတော့ ပရိသတ်တွေကို ဆယ်စုနှစ်တစ်ခုကြာအောင် ရယ်စရာပျော်စရာ ပြက်လုံးအမျိုးမျိုးနဲ့ ဇာတ်ခုံပေါ်ကနေ တင်ဆက်ပေးခဲ့တဲ့ အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ကိုလူသိများစေခဲ့တဲ့ ရှု့မဝဇာတ်သဘင်ဟာ ရွှေညီကိုအဖွဲ့ကိုနာမည်ကြီးစေခဲ့တဲ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာထိ အောင်မြင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်မှု့တွေရရှိနေရင်း အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော်ကြီး ရှဲဒိုး ဟာ ကွယ်လွန်သွားခဲ့တာကြောင့် ပရိသတ်တွေအားလုံးက ဝမ်းနည်းခဲ့ရပါတယ်။ လူရွှင်တော်ကြီး ရှဲဒိုး ရဲ့နာမည်အရင်း ဟာ လှမြင့် ဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ လူရွှင်တော် ဝိုင်းချစ်နဲ့အတူ သစ္စာမေတ္တာရွှေမန်းသဘင်ကစပြီး ဇာတ်သဘင်လောကကို လျှောက်လှမ်းလာတာ ကွယ်လွန်တဲ့အထိပဲ ဖြစ်ပါတယ်။ ရှဲဒိုး ဆိုတဲ့နာမည်ကို ဂီတစာဆို ဦးဂမုန်း က ပေးခဲ့တာဖြစ်ပြီး လက်ဦးဆရာကတော့ လူရွှင်တော် ပေါ်ဦးပဲ ဖြစ်ပါတယ်။ […]
ကုလို့ မရတဲ့ ရောဂါ စွဲကပ်နေတဲ့ တိုက်တန်းနစ်သီချင်း အဆိုတော် စီလင်းဒီယွန်
ကမ္ဘာကျော်အဆိုတော် စီလင်းဒီယွန် (Celine Dion) ဟာ ကုသလို့မရတဲ့ Stiff-person Syndrome (SPS) လို့ခေါ်တဲ့ ဦးနှောက်နှင့် အာရုံကြောရောဂါတခုကို ခံစားနေရလို့ သူမရဲ့ ရှိုးပွဲတွေကို ၂၀၂၄ ထိ ရွှေ့ဆိုင်းလိုက်တယ်လို့ အင်စတာဂရမ်ကနေ သူမရဲ့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဒီရောဂါဟာ အခုထိ သိပ္ပံနည်းကျ လေ့လာနေဆဲပဲရှိသေးပြီး သေချာမသိရှိရသေးပါဘူး။ အဲဒီရောဂါခံစားရတဲ့သူမှာ ကြွက်သားတွေ တောင့်တင်းပြီး လမ်းလျှောက်လို့မရ လှုပ်လို့မရ ဖြစ်တတ်ပါတယ်။ လူသားရုပ်ထုကြီးဖြစ်သွားတယ်လို့ အလွယ်ဆိုကြပါတယ်။ သူမရဲ့ ကြွက်သားတွေ တောင့်တင်းမှုကြောင့် နေ့စဉ်ဘဝမှာ ပြသနာရှိနေသလို သီချင်းဆိုလို့လဲ အဆင်မပြေဘူးလို့ သူမက ကိုယ်တိုင်ဖွင့်ဟပြောကြားသွားပါတယ်။ ဒီရောဂါကို ပျောက်ကင်းအောင် ကုသမရသေးပဲ သက်သာအောင်ပဲ လုပ်လို့ရသေးတယ်လို့ ဆိုပါတယ်။ သူမ သီဆိုခဲ့တဲ့ တိုက်တန်းနစ်ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း ” […]