Category: ေဗဒင္လကၡဏာ

မိန်းကလေးတိုင်းသိထားသင့်သော ယောင်္ကျားဆိုးနှင့်တွေ့နိုင်သော လက္ခဏာ

ယောင်္ကျားဆိုးနှင့်တွေ့နိုင်သော လက္ခဏာ လေးတွေ လေ့လာကြည့်ကျမယ် မိန်းမအပေါ် သစ္စာမရှိသူ၊ ရိုက်နှက်သူ၊ ငွေအသုံးကြမ်းသူ စသည်ဖြင့် မိန်းမဖြစ်သူကို စိတ်ဆင်းရဲအောင်လုပ်သော ယောင်္ကျားတွေရှိပါတယ်။မိန်းကလေးတွေမှာလည်း သူ့မှာကျွန်မမှ မရှိရင် မဖြစ်ဘူး။ သူက လူတော်ပါ လို့ပတ်ဝန်းကျင်က အမြင်ကို ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။ အမြင်မှန်ကို မရချိန်အထိ ပတ်ဝန်းကျင်က ဘယ်လိုပဲ နားချ နားထောင်မှာမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ အချစ်ကြောင့်ပါ။ဒီတစ်ခေါက်တော့ ယောင်္ကျားဆိုးနဲ့တွေ့နိုင်ချေရှိသော လက္ခဏာဟာ ဘယ်လိုဖြစ်မလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။ ၀၁. လက်သန်းအောက်ကနေ လက်ညှိုးအထိရှိသောလမ်းကြောင်းပထမဆုံး လက်ကိုဖြန့်ကြည့်လိုက်ပါ။ လက်သန်းအောက်ကနေ လက်ညှိုးအထိသွားသော လက္ခဏာလမ်းကြောင်းရှိပါလိမ့်မယ်။ဒီလမ်းကြောင်းကိုတော့ မေတ္တာလမ်းကြောင်းလို့ခေါ်ပြီး လက္ခဏာပိုင်ရှင်ရဲ့ စိတ်အနေအထား၊ အချစ်ရေးတို့ကို ကြည့်နိုင်ပါတယ်။ ကဲ ပရိသတ်ကြီးရဲ့ လက္ခဏာကကော ဘယ်လိုရှိနေသလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။အကယ်၍ မေတ္တာလမ်းကြောင်းဟာ လက်ညှိုးအောက်တွင် အောက်သို့ထိုးကျနေရင်တော့ သင်ဟာ အချစ်အတွက် မျက်စိမရှိသူဖြစ်ပါလိမ့်မယ်။ […]

သင့် နှလုံးသားလမ်းကြောင်းကပြောတဲ့ အချစ်ရေး

လက်ဖဝါးကိုကြည့်လိုက်ရင် လက္ခဏာလေးတွေ ရှုပ်ထွေးနေတာတွေ့ရပြီး လက္ခဏာဆရာတွေကတော့ အချစ်ရေး ဘဝနဲ့ အလုပ်အကိုင်စတာတွေကို ဟောပြောနိုင်ပါတယ်။ ဗေဒင်ရယ်လို့မဟုတ်ပေမယ့် စာဖတ်သူတို့အတွက် အပျော်သဘောအနေနဲ့ နှလုံးလမ်းကြောင်းကပြောတဲ့ အိမ်ထောင်ရေးအကြောင်းကို မျှဝေလိုက်ပါတယ်။ ( 1 )နှလုံးလမ်းကြောင်း နှလုံးလမ်းကြောင်းက လက်ဖဝါးရဲ့အလည် လက်သည်းရဲ့အောက်နားထိရောက်တဲ့ မျဉ်းကြောင်းလေးဖြစ်ပါတယ်။ လက်ဝါးနှစ်ဖက်ကို အတူတူစပ်လိုက်လို့ နှလုံးလမ်းကြောင်းက လခြမ်းလိုပုံစံမျိုးဖြစ်သွားလား ဒါမှမဟုတ်တပြေးညီဖြစ်သွားလားဆိုတာကိုအရင်ကြည့်လိုက်နော်။ ( 2 ) လခြမ်း သင်ဟာ ကိုယ်ရည်ကိုယ်သွေးရှိပြီး စိတ်ဓါတ်ခိုင်မာသူတစ်ဦးဖြစ်ပါတယ်။ သင်ဟာ ဆတ်ဆတ်ထိမခံသူ ဟန်ဆောင်တာမကြိုက်တဲ့သူတွေနဲ့ ဖူးစာစုံတတ်ပါတယ်။ အချစ်ရေးမှာ အခက်ခဲတွေကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေအားလုံးကို ကျော်လွှားနိုင်ပြီး အချစ်ရေး အိမ်ထောင်ရေးမှာ အံ့သြစရာအပြည့်ဖြစ်နေမှာပါ။ ( 3 )တပြေးညီဖြစ်နေခြင်း သင်ဟာ အနေအေးတဲ့သူဖြစ်ပါတယ်။ အလွယ်တကူ ဒေါသထွက်လွယ်တဲ့သူမျိုးမဟုတ်ပါဘူး။ အငြင်းပွားမှုတွေ သိပ်မရှိဘဲ အေးဆေးတည်ငြိမ်တဲ့သူတွေကို […]

အဲဒီ အတက်ကလေး နှလုးံ လမ်းကြောင်း လေးကပြောမည့် အိမ်ထောင်ဖက်ကောင်း လက္ခဏာ

အိမ်ထောင်ဖက် ကောင်း လက္ခဏာ အဲဒီလို နှလုးံ လမ်းကြောင်း လေးက လက်ညှိုးအောက် ကြာသာပတေး ခုံကိုသွားနေမယ် ….. အတက်ကလေး ကလည်း လက်ညှိုး နဲ့ လက်ခလယ် ကြားကို အခွလေး ဖြစ်နေမယ်ဆိုရင်….. အဲဒီသူဟာ အိမ်ထောင်ရေး မှာယဉ်ကျေးမယ်…. သူ့ကို လည်းလေးစားအောင်နေမယ်… ဘက်ညီမယ် သံယောဇဉ် ကြီးပြီး အိမ်ထောင် သာယာအောင် ဖန်င်္တီးမယ်…. ကိုယ့်လက် ချစ်သူ အိမ်ထောင်ဖက် လက်ကို စစ်ကြည့်နိုင်ပါတယ်….။ ခပ်ဆင်ဆင်တွေ အများကြီး မို့ မသေချာရင် ညာဖက် လက် ကို ထင်ထင်ရှားရှားပြပေးပါ…. ပုံထဲကအတ်ုင်း တူတယ် မတူဘူး ပြောပေးပါမယ်……။ unicode အိမ်ထောင်ဖက် ကောင်း လက္ခဏာ အဲဒီလို နှလုးံ လမ်းကြောင်း လေးက […]

လက္ခဏာ ပညာရဲ့အခြေခံ လက်ဝါး(၇)မျိုးအကြောင်း

မင်္ဂလာပါဗျာ လက္ခဏာ ပညာ ကို ဝါသာနာ ထုံကာ လေ့လာလိုက်စားကြသော အမျိုးကောင်း သားသမီး တို့အတွက် လက ္ခဏာပညာရဲ့အခြေခံဖြစ်သော လက်အမျိူးစား (၇)မျိုးအကြောင်း တတ်အားသ၍စေတနာများဖြင့် ပညာမျှဝေေ ပးလိုက် ပါတယ်ခင်ဗျာ။ လက်ဝါကိုမှောက်ပြီး လက်ဖမိုးဖက်မှကြည့်ရန် ၁။အခြေခံအညံ့စားလက် လက်ဝါးလက်ချောင်းများ တုတ်ခိုင်ထူထဲ ကြမ်းတမ်းလွမ်းလှပြီး အမြင်ဆိုးလှပါသည်။ လက်ဖဝါး ဖက်ကိုလှန်ကြည့်လျှင်လည်း အသက်လမ်းညာဏ်လမ်းနှလုံးလမ်းဟူ၍ ၃ကြောင်းထဲသာ တုံးတိအနေနဲ့ဖြစ်နေတတ် သ ည်။ လက်သည်းများက ပေါက်ပြားပုံစံ။ ထိုလက်ပိုင်ရှင်တို့သည် ညာဏ်သမားမဟုတ်ကြပါ ကာယသမား ဗလအားကိုးတတ် သူအစစ်ဖြစ်ကြပါသည်။ တိရိစ္ဆာန်သာသာညာဏ်လေးဖြင့် လောကအတွက်မိမိအတွက် ဘာကောင်းကျိူးမှမပြုနိုင် တတ် ကြပါ။ ဒေါသကိုမထိန်းချူပ်နိုင်ခြင်းနဲ့အတူ မဆင်မချင်တုံးတိုက်ကမ်းဆိုက်လုပ်တတ်သည်။ သတ္တိမရှိ ဂုဏ်မရှိ ကြီးပွားလိုစိတ်မရှိ အိပ်မှု့စားမှု့ကာမမှု့သာ သူ့အတွက်အဓိကဖြစ်သည်။ ဒီလက်မျိူးကို လက်ပြတ်ဟုခေါ်ကြပါသေးသည်။ ၂။လေးဒေါင့်လက် လက်ဝါး […]

သင်ဟာ တစ်ချိန်မှာချမ်းသာကြွယ်ဝသူဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနိုင်တဲ့ မှဲ့ပိုင်ရှင်များ

သင်ဟာ တစ်ချိန်မှာချမ်းသာကြွယ်ဝသူဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနိုင်တဲ့ မှဲ့များ သင်ဟာ တစ်ချိန်မှာ ချမ်းသာ ကြွယ်ဝသူ ဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနိုင်တဲ့ မှဲ့များမှဲ့နဲ့ပတ်သက်ပြီး သီအိုရီတွေ မြောက်များစွာ ရှိပါတယ်။ မှဲ့ဟာ ကံဆိုးခြင်းတွေကိုပဲ ယူဆောင်လာပေးတယ်လို့ အယူရှိကြသလို ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတယ်လို့လည်း အယူရှိကြပါတယ်။ ဒါပေမယ့် မှဲ့တစ်ခုချင်းစီရဲ့နောက်မှာ ကျွန်မတို့ဘဝနဲ့ပတ်သက်ပြီး ပုန်းကွယ်နေတဲ့ အကြောင်းအရာတစ်ခုစီ ရှိရမယ်လို့ လက်ခံထားကြဆဲပါ။ ဒီတစ်ခါမှာတော့ လေ့လာဖော်ထုတ်ချက်များအရ အောက်ပါဧရိယာတစ်ဝိုက်မှာရှိတဲ့ မှဲ့တွေနဲ့ပတ်သက်ပြီး ချမ်းသာကြွယ်ဝမှုလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ( 1 )နှုတ်ခမ်းအပေါ်မှာ မှဲ့ပါတဲ့သူတွေဟာ အထူးကံကောင်းကြသူတွေပါ။အရွယ်မတိုင်ခင်ကတည်းက ငွေကြေး၊အောင်မြင်မှုတွေနဲ့ထိတွေ့ နေရပါပြီ။ သူတို့ဟာ သဘာဝအားဖြင့် တဇွတ်ထိုးဆန်တတ်ပေမယ့် အဲဒီအကျင့်လေးကပဲ အောင်မြင်မှုလမ်းကြောင်းကို အမြန်ဆုံးတွန်းတင်ပေးလိုက်သယောင်ပါ။ ( 2 )နှာခေါင်းပေါ်(သို့)နှာခေါင်းဘေးဘက်မှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝဖို့ ကျိန်းသေပါတယ်။ဒါပေမယ့်ဒီလိုမှဲ့ပိုင်ရှင်တွေရဲ့ အောင်မြင်မှုနဲ့ဓနကတော့…. အသက်30(သို့)လက်ထပ်ပြီးနောက်မှ […]

ယောကျ်ားလေး တွေရဲ့ လက်မအနေအထားက ပြောပြတဲ့ အချစ်စိတ်ထား

လက်မှာရှိတဲ့ အရေးအကြောင်းတွေဟာ တစ်ဦးနဲ့တစ်ဦး တူသယောင် ရှိပေမယ့် သေချာကြည့်မယ်ဆိုရင် ကွဲပြားပါတယ်။ ယောကျ်ားလေးတွေရဲ့ လက်မမှာရှိတဲ့ အရေးအကြောင်း၊ အရစ်ကြောင်းလေးတွေကလည်း သူတို့ရဲ့ ချစ်သူ မိန်းကလေးအပေါ် ထားတဲ့ စိတ်နေစိတ်ထားကို ဖော်ပြပေးနိုင်တာကြောင့် ဖတ်ကြည့်ဦးနော်… ယောကျ်ားလေး ရဲ့ လက်မ မှာရှိတဲ့ အရစ်အကြာင်းလေးဟာ (A) ပုံစံအတိုင်း လက်မရဲ့ ပထမအရစ်အရှည်က ဒုတိယအရစ်ထက် ပိုရှည်တယ်ဆိုရင် ….. သစ္စာတရား ကို လက်ကိုင်ထားသူ ဖြစ်ပြီး လက်တွဲဖော်ရဲ့ စိတ်ဆန္ဒကို ဦးစားပေးတတ်သူ ဖြစ်ပါတယ်။ လက်တွဲဖော်ကို စွဲစွဲလမ်းလမ်းကို ချစ်တတ်သူ ဖြစ်ပါတယ်။ ယောကျ်ားလေး ရဲ့ လက်မ မှာရှိတဲ့ အရစ်အကြောင်းလေးဟာ (B) အတိုင်း လက်မရဲ့ပထမအရစ်နဲ့ ဒုတိယအရစ်ဟာ အရှည်တူတူပဲဆိုရင်တော့ …. တည်ငြိမ်သူတစ်ဦးဖြစ်ပြီး ရည်မှန်းထားတဲ့ […]

Back To Top