Category: Military News

အမြင့်ဆုံးဘွဲ့တွေ ယူပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ် အပေါင်းအပါတွေကို ဘွဲ့ပေး၊ဇော်မင်းထွန်းက ဇေယျကျော်ထင်ဘွဲ့ရ

အမြင့်ဆုံးဘွဲ့တွေ ယူပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ် အပေါင်းအပါတွေကို ဘွဲ့ပေး၊ဇော်မင်းထွန်းက ဇေယျကျော်ထင်ဘွဲ့ရ၊ MFP ၊ နိုဝင်ဘာ – ၁၇ နိုင်ငံတော်အဆင့် အမြင့်ဆုံးဘွဲ့တွေ ရယူထားပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ်မှာ ကိုယ်တိုင် ဘွဲ့မယူတော့ဘဲ စိုးဝင်း အပါအဝင် အပေါင်းအပါတွေနှင့် စကစ ဝင်တွေကို ဘွဲ့ပေးတယ်လို့ စ-စ်အုပ်စုက သတင်း ဖြန့်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရတွေ လက်ထက်မှာ နိုင်ငံတော်အဆင့် ဘွဲ့တွေ၊ ဆုတံဆိပ်တွေကို နှစ်စဉ် လွတ်လပ်ရေးနေ့မှာ သမ္မတက ပေးအပ်ချီးမြှင့်လေး ရှိပေမယ့် မင်းအောင်လှိုင်နဲ့ စ-စ်အုပ်စုကတော့ ဒီနေ့ ကျရောက်တဲ့ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် သူတို့ရဲ့ အပေါင်းအပါတွေနဲ့ သူတို့ကို ထောက်ခံသူတွေကို ဘွဲ့ပေးတာ ဖြစ်ပါတယ်။ ဒီနေ့ စ-စ်အုပ်စုက ပေးအပ်တဲ့ […]

မင်းအောင်လှိုင် က ရုရှားကို အတင်းကပ်နေရခြင်းရဲ့ နောက်ကွယ်

မင်းအောင်လှိုင်သည် သူ့လူများကို အကြိမ်ကြိမ် ရုရှားသို့ စေလွှတ်ကာ ရေနံတူးပါ၊ ချက်ပါ၊ ဓါတ်မြေဩဇာတွေ လာထုတ်ပါ၊ ရင်းနှီးမြှုပ်နှံကြပါဟု အောက်ကျခံ ပြောဆိုနေရပေသည်။ အဘယ်ကြောင့် ကရင်မလင်ကို ထိုသို့ အတင်း တွယ်ကပ်နေကြသနည်း ဆိုသည့် မေးခွန်းကို စင်္ကာပူ ရှိ ယူဆွတ် အီရှတ် သုတေသီ ဌာန ကြီးမှ အထက်ပါ ခေါင်းစဉ်ဖြင့် ယခုလို သုံးသပ် တင်ပြသွားခဲ့သည်။ ထိုသို့ ရုရှားကို ချဥ်းကပ်လာခြင်း၏ အဓိက အကြောင်းရင်း နှစ်ရပ်မှာ လက်တွေ့ကျကျ နိုင်ငံရေး သဘောတရား နှင့် ဘူမိနိုင်ငံရေး သဘောတရားများ ကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။ စစ်တပ်သည် သောင်းကျန်းသူ တိုက်ဖျက်ရေး၊ ပြည်ပ ခြိမ်းခြောက်မှု မှ ကာကွယ်ရန် ဆိုသည့် အကြောင်းပြချက် […]

ကြံ့ခိုင်ရေးပါတီကို အာဏာသိမ်းဖို့ မင်းအောင်လှိုင် ပြင်ဆင်ပြီ

အောက်တိုဘာ ၄ ရက်၊ မနက်ဖြန်တွင် စတင်ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အထွေထွညီလာခံအပြီးတွင် စစ်တပ်အရာရှိအများအပြားကို ၎င်းတို့၏ ရာထူးများမှ အနားပေးကာ ပါတီတာဝန်များ ခွဲယူစေရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စီမံနေကြောင်း သိရှိရသည်။ နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် နှစ်ရက်ကြာ ကျင်းပမည့် USDP ညီလာခံတွင် မင်းအောင်လှိုင်နှင့် သဟဇာတဖြစ်သည့် စစ်ဗိုလ်ချုပ်ဟောင်းများ ပါတီထိပ်တန်းနေရာများ ရရန်ရှိသလို ညီလာခံပြီးချိန်တွင် စစ်တပ်အရာရှိ ၃၀၀ ကျော်ကို အနားပေးပြီး ကြံ့ခိုင်ရေးပါတီသို့ သွတ်သွင်းရန်ရှိသည်ဟု ပါတီနှင့် နီးစပ်သူက ပြောဆိုကြောင်း Myanmar Now သတင်းမှာ ဖော်ပြထားပါတယ်။ “ အဓိက ဗိုလ်မှူးကြီးတွေ များတယ်။ တပ်မှာ ရာထူးမတိုးတော့တဲ့သူ အများစုပါဝင်တယ်။ ဦးခင်ရီကို ဥက္ကဋ္ဌရာထူးခန့်အပ်မှာ အဲဒီရည်ရွယ်ချက်လည်း ပါတယ်။ (ပါတီဥက္ကဋ္ဌရာထူးက […]

ပြိုကွဲမှုတွေ ကြုံတွေ့နေရပြီဖြစ်တဲ့ မင်းအောင်လှိုင် မိသားစုပိုင် တပ်

လွိုင်ကော် လေယာဉ်ကွင်း ပစ်ခတ်မှု အား စစ်အာဏာသိမ်း အဖွဲ့မှ စစ်ရာဇဝတ်မှု ဟု ခေါင်းစဉ်တပ်ပြီး အကြီးအကျယ် ထုတ်ဖေါ်ပြောဆိုလာသော်လည်း နောက်ပိုင်း နိုင်ငံတကာ သတင်းများ တွင် မည်သူမျှ ရေးကြီးခွင်ကျယ် လုပ်ပြီး ဖေါ်ပြနေကြသည်ကို မတွေ့ကြရတော့။ ကျည်ပေါက်ထွက်ရာ နေရာကို အထင်အရှား မြင်တွေ့နေရပြန်၍ Ballistic expert ကျည်ဆံ နှင့် ကျည်လမ်း ကြောင်း စီစစ်သူ များ အဖို့ အထူးအထွေ အငြင်းပွားနေစရာပင် မလိုပေ။ သို့သော် စစ်ကောင်စီ အဖို့ က ၎င်းတို့ မည်သို့ ထင်ထင် အရေးစိုက်နေမည်လည်း မဟုတ်၊ ၎င်းတို့ အတွက် အရေးကြီးနေသည်မှာ PDF များကို တနိုင်ငံလုံး မှ ဆန့်ကျင်လာရေးပင် ဖြစ်သည်။ ယခုအခါ […]

တပ်ရင်းတစ်ရင်းစာ ရိက္ခာငွေ သိန်း (၆၀၀)ခန့် ထုတ်ယူပြီး တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ် ထွက်ပြေး

တပ်ရင်းတစ်ရင်းစာ ရိက္ခာငွေ သိန်း (၆၀၀)ခန့် ထုတ်ယူပြီး တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ် ထွက်ပြေး ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်တပ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ရင်း(၁၄၄)ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရာဇာမင်းနဲ့ တပ်ရေးဗိုလ် အောင်ဆန်းဦးတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်က ၎င်းတို့တပ်ရင်း တစ်ရင်းစာ ရိက္ခာငွေကို ထုတ်ယူပြီး ထွက်ပြေးသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်ဆီက သိရပါတယ်။ “သူတို့ နှစ်ယောက်က CDM လုပ်တာလည်း မဟုတ်ဘူး။ သူတို့တပ်ရင်း တစ်လစာ ရိက္ခာကို ထုတ်ပြီးတော့ ထွက်ပြေးကြတယ်။ ဘယ်မှာ သွားခိုကြလဲတော့ မသိဘူး” ၎င်းတို့ ၂ ဦး ထုတ်ယူသွားတဲ့ တပ်ရင်းအတွက် တစ်လစာရိက္ခာမှာ သိန်း (၆၀၀)ဝန်းကျင် ရှိတယ်လို့ […]

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ ကတိအတိုင်း လက်နက်တပ်ဆင်ပေးရန် ဗိုလ်နဂါးတောင်းဆို

သို့ ဦးရည်မွန် ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုမြန်မာနိုင်ငံတော် အကြောင်းအရာ။ ။ တပ်ရင်းတရင်းစာလက်နက်တပ်ဆင်ပေးပါရန်တင်ပြခြင်းကိစ္စ။ ကျွန်ုပ်တို့နိုင်ငံနှင့်ပြည်သူလူထုဘဝအား အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မလွှမ်းမိုးအုပ်ချုပ်မှုအောက်မှလွတ်မြောက်ရေးအတွက် (NUG) အစိုးရမဖွဲ့မှီ ၂၀၂၁-ဧပြီနှောင်းပိုင်းမှစ၍ ရရာလက်နက်ဆွဲကိုင်ကာ ယနေ့ထိတိုင် တပ်ဖွဲ့ဝင်ရဲဘော်များ၏ အသက်နှင့် ခန္ဓာကိုယ် ခြေ၊ လက်အဂ်ါများဆုံးရှုံးလိုက်ရသည်အထိ ကြိုးစားပြီးတိုက်ပွဲဝင်တော်လှန်နေခဲ့သည်ကို ပြည်တွင်းပြည်ပရှိမြန်မာတိုင်းရင်းသားပြည်သူအားလုံး သိရှိကြပြီးဖြစ်ပါသည်။ (NUG) အစိုးရဖွဲ့စည်းပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန (MOD) တွင်လည်းတပ်ရင်းတပ်ဖွဲ့များစနစ်တကျပေးသွင်း၍ အသိအမှတ်ပြုပူးပေါင်းပါဝင်ခဲ့ပြီးလည်း ဖြစ်ပါသည်။ ယခုအချိန်တွင် စစ်ကောင်စီဘက်မှ ကျွန်ုပ်တို့ဒေသအား ဦးတည်၍ ချေမှုန်းနိုင်ရေးထိုးစစ်ပြင်ဆင်စတင်နေသည့်အနေအထားတခုအား ရင်ဆိုင်နေရချိန်လည်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ( 13.3.2022 ) ရက်နေ့ ဝန်းကြီးဦးရည်မွန်နှင့် ကျွန်ုပ်တို့တွေ့ဆုံဆွေးနွေးစဉ်က ( MRDA ) ၏စာရင်းသွင်းတပ်ရင်းများအားလုံးတပ်ဆင်ဖို့ရန်မဖြစ်နိုင်သော်လည်း တရင်းစာတပ်ဆင်ခြင်းကိုမူ ထိုနေ့မှစ၍တလအတွင်း တပ်ဆင်ပေးမည်ဟုကတိပေးထားသည့်အတိုင်း အမြန်ဆုံးတာဝန်ယူတပ်ဆင်ပေးပါရန် လေးစားစွာတင်ပြတောင်းဆိုအပ်ပါသည်။

Back To Top