Category: Myanmar

အာဆီယံထဲက မြန်မာထွက်လိုက်တော့မှာလား

စစ်အာဏာသိမ်း မြန်မာကို ကိုင်တွယ်ဖို့ အာဆီယံ ခေါင်းခြောက်နေပါတယ်။ မနှစ်က ဧပြီမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂျကာတာ ပင့်ဖိတ်ပြီး ဘုံသဘောတူညီချက်တွေ ရယူခဲ့ပေမယ့် ဘာမှဖြစ်မလာလို့ ထိပ်သီးအစည်းအဝေးတွေက မြန်မာစစ်ခေါင်းဆောင်ကို ပထုတ်ထားရသလို မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကိုလည်း ဖယ်ထုတ်ထားခဲ့ပါတယ်။ အခုကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ သွားတက်တဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကလည်း မြန်မာစစ်ကောင်စီကို ဘုံသဘောတူညီချက်တွေ မလိုက်နာရင် ပိုဖိအားပေးမယ့် လေသံတွေ ပစ်နေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်သွယ်ဖို့ ပိုပြောဆိုလာနေပါတယ်။ အဲဒီအထဲ မလေးရှားနဲ့ အရှေ့တီမောတို့က အသံအကျယ်ဆုံးပါ။ စက်တင်ဘာလ ၁၉ ရက်နေ့က NUG ဝန်ကြီးတွေနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာတို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ တွေ့ဆုံပွဲအပြီး […]

Back To Top