Category: Uncategorised

ဆိုတေး သီချင်းတပုဒ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ကောင်မလေးတယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက်

မှတ်မှတ်ရရ ဒီသီချင်းပေါ်တော့ ငါ ၄တန်း အတန်းပိုင်ဆရာမက စုံညီပွဲမှာ ဒီသီချင်းနဲ့ ငါတို့အတန်းထဲက ဝတဲ့မိန်းကလေးတွေကို က စေချင်တာ အတန်းထဲမှာက စလင်းဘော်ဒီ လေးတွေကခပ်များများ ဝတာဆိုလို့ ငါ အပါအဝင်မှ ၃ယောက်။ အရွယ်နဲ့မလိုက်အောင် ရှက်တတ်ကြောက်တတ်တာကြောင့်ရော ကျန်တဲ့ကောင်မလေးနှစ်ယောက်လောက် မဝတာကြောင့်ရော စုံညီက တဲ့ အဖွဲ့ထဲမှာ ငါ မပါခဲ့ဘူး အဲ့ဒီနှစ်ကစုံညီမှာ ငါတို့အတန်းက အဲ့ဒီသီချင်း သရုပ်ဖော်မှုနဲ့ ဆုကြေးအများဆုံးရတယ် အဲ့ဒီကောင်မလေးနှစ်ယောက်ကိုလည်း တစ်ကျောင်းလုံးက ဖက်တီးမ ဆိုပြီး မှတ်မိသွားတော့တာပဲ။ တစ်လောက ဆိုတေး interview တစ်ခုပြန်တက်လာတော့ ယောကျ်ားလေးတွေက အသံကဘယ်လိုကောင်းတယ် မီးအိမ်ရှင် သီချင်းဟာ ဘယ်အတိုင်းအတာထိပေါက်ခဲ့တယ် သူ့ကိုကြိုက်တယ်ပေါ့ ဝိုင်း share ကြတာ အဲ့မှာ ကိုယ်followထားတဲ့ chubby stylist အစ်မတစ်ယောက်ကလည်း […]

ကိုယ်ချင်းစာစိတ် ခေါင်းပါးကြတဲ့ ရွှေမြန်မာတွေရဲ့ နောက်ကွယ်က ငြင်းပယ်လို့မရတဲ့ အမှန်တရား

ခုလိုနိုင်ငံတော် ဓားပြတိုက်ခံရချိန်ကာလမှာ အကြားရအများဆုံး စကားကတော့ ဘယ်မှာတော့ ဘယ်ရွာတွေ မီးရှို့ခံနေရပြီ.. လူတွေ ‌တေနေကြပြီ.. နင်တို့က ဘားသွား ကလပ်တက် ကမ်ခြေသွားပြီး ပျော်နေကြလားဆိုတဲ့ ထေ့ငေါ့မှုနဲ့ အလားတူဆန်ဆန် မှတ်ချက်တွေပါပဲ..။ အထူးသဖြင့် ကိုယ်ချင်းစာပေးဖို့ တောင်းဆိုသံတွေ ညံလာကြတယ်ပေါ့..။ တဖက်က ပြန်တွေးကြည့်ရင် ဒီနိုင်ငံကလူတွေ ကိုယ်ချင်းစာတရား ဘာလို့ ခေါင်းပါးကြသလဲ..? ဆိုတဲ့ မေးခွန်းထွက်လာတယ်..။ အဖြေက မွေးမြူပေးမခံရလို့ဖြစ်တယ်..။ ဟုတ်ပါတယ်.. ကျွန်တော်တို့တွေရော ကျွန်တော်တို့ မိဘဘိုးဘွားတွေထိပါ ကိုယ်ချင်းစာတတ်ဖို့ မွေးမြူပေးခြင်း မခံရပါဘူး.. အာ့အစား တကိုယ်ကောင်းဆန်တတ်စေတဲ့ အဆိုအဆုံးမတွေနဲ့သာ ကြီးပြင်းလာရတာဖြစ်တယ်..။ အကြီးမလေးက ဘိုမရုပ်လိုချင်တယ်.. အငယ်ကောင်က ကားမရရင် ထမင်းမစားဘူး.. ဒီအခြေအနေမျိုးမှာ မိဘတွေဟာ နှစ်ယောက်စလုံးအလိုကို ဖြည့်ပေးဖို့ အခြေအနေအရ မလုံလောက်ဘူးဆိုပါတော့.. အကြီးမ မလို့ […]

ရောကြော် ပညာရေးစနစ်ကို မသင်ချင်လို့ နုတ်ထွက်စာတင်ထားတဲ့ ကျောင်းဆရာလေးရဲ့ ရင်ဖွင့်သံ

အလုပ်ထွက်ဖို့တော့ပြင်ပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ပြောင်းလဲလာတဲ့ ပညာရေးစနစ်နဲ့အညီ ဆရာ/မ အင်အား ဖြည့်တင်း မှု မရှိဘဲ ပညာရေးစနစ်သစ်ကိုအောင်မြင်ချင်တဲ့ လူတွေကို စိတ်နာလို့၊ မြို့ပေါ်မှာနေပြီး ဉာဏ်ရည်ကောင်းတဲ့ ကလေးတွေကို သင်ပြီး ဂုဏ်ယူနေတဲ့လူတွေ ကျေးလက်တောရွာမှာကျနေတဲ့ဆရာ/မတွေရဲ့ အခြေနေကို မသိဘဲ စွပ်စွဲပြောဆိုတတ်တဲ့ လူတွေကို စိတ်နာတယ်။ စနစ်သစ်ပညာရေး ကလေးတွေဟာ သင်ချိန်တိုင်းမှာ ဆရာ/မနဲ့ အတူရှိနေရတယ်။ အခုလက်ရှိ ဖြစ်နေတာကို ပြောလိုက် မယ်။ မူလတန်းမှာ KG ကနေ စတုတ္ထတန်းအထိ အတန်း ၅တန်းရှိပါတယ်။ ဆရာ/မအင်အားက မူလတန်းအတွက် ၄ ယောက် ကျောင်းအုပ်အပါဝင် ၅ ယောက် ကျောင်းလုပ်ငန်းတာဝန်တွေ စာရင်းဇယားတွေ ခဏခဏ တောင်းခံနေတဲ့ အတွက် ကျောင်းအုပ်ကလည်း စာရင်းဇယား၊ သင်တန်း၊ အစည်းဝေး ဒါတွေနဲ့လုံးချာလိုက်ပြီး […]

ပုဂံခေတ် ဒညင်းသီးရဲ့ ရာဇဝင်…

ဒညင်းသီးရဲ့ ဖြစ်ပုံကတော့ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်မှာ ဘုရင်က တိုင်းခန်းလှည့်လည်ရင်း ကောင်မလေး တစ်ယောက်ကို တော်ကောက်လာရာမှ အစပြုခဲ့ပါတယ်။ နန်းတော်ရောက်လို့ ညဖက်ဆောင်တော်ကူးတော့ကောင်မလေးက သူ့ရည်းစားက လွဲရင် No ပါ၊ ဘုရင်လည်း မပေးနိုင်ဘူး ဆိုပီး ဇွတ်ငြင်းလေတော့ ဘုရင်ကြီးခမျာ ဒေါ‌သတွေထွက် ၊ အရှက်တွေကွဲပြီး လက်မရွံ့တွေကို ချက်ချင်းခေါ် သူ့ကို ငြင်းတဲ့ နေရာကို ဓားနဲ့ကွက်လှီးပီး သတ်စေ အမိန့်ပေးတော့တာဘဲ။ လက်မရွံ့တွေက အလောင်းကို မြို့ပြင်မှာ မြှုပ်နှံပြီး ပြန်ခဲ့တော့မှ သူတို့ဓားနဲ့ ကွက်လှီးထားတဲ့ ပစ္စည်းက နန်းတော်ထဲမှာမေ့ ကျန်ရစ်ခဲ့တာကို ပြီးမှ သိလိုက်ကြတယ်။ ဒါနဲ့ မထူးပါဘူးကွာ ဆိုပြီး နန်းတွင်းထဲက ဒေါင့်တနေရာမှာ မြှုပ်နှံလိုက် ကြပါတော့တယ်။လအတန်ကြာတဲ့အခါ အဲဒီနေရာက အပင်တစ်ပင် ပေါက်လာပါတယ်။ […]

ဈေးတောင်းအလေးကြီးရွက်ပြီး ဦးပိန်တံတားမှာ ဈေးရောင်းနေတဲ့ အသက် (၈၀)အရွယ်အဖွားကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်

ပရိသတ်ကြီးရေ မိုးစက်ကတော့ လတ်တလောမှာ ရိုက်ကူးရေးလုပ်ငန်းတွေနဲ့ မန္တလေးမြို့ကို ရောက်ရှိနေခဲ့ပါတယ်။ ရောက်လေရာအရပ်တိုင်းမှာ အလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ မိုးစက်ကတော့ လတ်တလော မန္တလေးကိုရောက်ရှိနေချိန်မှာလည်း သမာအာဇီဝကျကျ ဝမ်းရေးဖြေရှင်းနေတဲ့ အဖွားတွေကို ကူညီထောက်ပံ့ခဲ့ပါသေးတယ် အဖွားကတော့ ဦးပိန်တံတားရဲ့ ဟိုးဘက်ရွာကနေ လာရောက်ဈေးရောင်းတာဖြစ်ပြီး ခေါင်းပေါ်မှာ ဈေးတောင်းအလေးကြီး ရွက်ထားပြီး ပင်ပင်ပန်းပန်းဈေးရောင်းကာဝမ်းရေးဖြေရှင်းနေခဲ့ရတာပါတဲ့။ အဖွားက အသက် (၈၀)အရွယ်ရှိနေခဲ့ပြီဖြစ်ပြီး မိုးစက်ကတော့ အဖွားဆီကနေ အကုန်ဝယ်ယူပြီး အဖွားအတွက် ပစ္စည်းဖိုး(၂)သောင်းနဲ့ ထောက်ပံ့ငွေ (၁)သိန်းပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ အဖွားကိုကူညီထောက်ပံ့ပြီး နေ့လည်းဘက် ရွှေစာရံဘုရားဘက်မှာ ရိုက်ကူးရေးတည်ရင်းနဲ့လဲ ငါးမုန့်ကြော်ရောင်းတဲ့ အဖွားအို ကို တစ်သိန်းကျပ် ထပ်မံလှူဒါန်းကန်တော့ခဲ့ပါတယ်။ ပရိသတ်ကြီးရေ မိုးစက်နဲ့ သူ့ရဲ့အလှူရှင်တွေရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ Source – Moe SatCrd – CeleZone – Zawgyi […]

မြန်မာငွေ (၂၆၀၀၀) နဲ့ တနာရီအတွင်း စိတ်ကြိုက် အဝစားနိုင်မယ့် ဒူးရင်းသီး ဘူဖေး (ထိုင်းနိုင်ငံမှာပါတဲ့)

ဒူးရင်းသီးကို အရူးအမူး ကြိုက်လွန်းပြီး ဘယ်လောက်စားစား မတင်းတိမ်နိုင်ဘဲ စားပြီးရင်း ထပ်စားချင်နေသူတွေအတွက် ထိုင်းနိုင်ငံက ဒူးရင်းသီးဘူဖေးကို သွားစားသင့်ပါတယ်။ ဒူးရင်းသီးဆို ရရင်ရသလောက် စားမယ့်လူတွေ ထိုင်းနိုင်ငံက ဒူးရင်းသီးဖေးကို CTW မြက်ခင်းပြင်မှာ ၄၇၉ ဘတ် (မြန်မာငွေ ၂၆၀၀၀ ဝန်းကျင်) နဲ့ စားနိုင်ပါပြီ။ မိနစ် ၆၀ အတွင်း အဝစားခွင့်ရှိပြီး အချိန်ပြည့်ပါက ပန်းကန်ပြားပေါ်တွင် ဒူးရင်းသီးသုံးပုံတစ်ပုံထက် ပိုကျန်နေလျှင် ဒဏ်ငွေ ဘတ် ၁,၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မစားနိုင်လို့ မကုန်ခဲ့ပါက ပုံမှန်စားတဲ့ နှုန်းထက် နှစ်ဆ ပြန်လျော်ရမယ့် သဘောပါပဲ။ ဒူးရင်းသီး သရဲတွေကို စိန်ခေါ်ထားသလိုပါပဲဗျာ။ ဒူးရင်းသီးဘူဖေးနေရာမှာ လုံခြုံရေးတွေနဲ့ စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ဆီးချိုနဲ့ သွေးတိုးရောဂါ ရှိသူတွေ […]

Back To Top