Category: Weather

လာမည့် လေးလအတွင်း အချိန်အခါမဟုတ် စီးပွားဖျက်မိုးများ ရွာနိုင်မည် (တောင်သူများ သတိထားရန်လို)

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ရာသီဥတုအခြေအနေနဲ့ ဇန်နဝါရီ ၄ ရက်မှ ၁၁ ရက်အထိ မိုးလေဝသ အခြေအနေ (မိုးလေဝသပညာရှင် ဦးချစ်ကျော်) ဒီနှစ် ၂၀၂၁ နှစ်ဝက်ကာလက ၂၀၁၈ လိုဘဲ လာနီညာ သက်ရောက်မှုရှိသော နှစ်ဖြစ်နေပါတယ်။ ဒီနေရာမှာ ကြိုတင်သိရှိနိုင်စေလိုသော အချက်အလက်များ အခြေအနေများကို ဆွေးနွေး အသိပေးလိုပါတယ်။ ရက်ရှည်ခန့်မှန်းချက်များက ပြဆိုနေတာက ၂၀၂၁ ဇန်နဝါရီလနဲ့ ဧပြီလတွေမှာ ဧရာဝတီတိုင်း အရှေ့ခြမ်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းများတွင် မိုးအသင့်အတင့်မှ တချို့နေရာများတွင် တလက်မခွဲ လောက်အထိ ရွာနိုင်ကြောင်း တွက်ချက် ထားကြပါတယ်။ ရက်ရှည်ခန့်မှန်းချက် ဖြစ်လို့ အနီးကပ်ရောက်လာရင်တော့ အနည်းငယ်ကွဲလွဲနိုင်ပါသေးတယ်။ အပတ်စဥ် ခန့်မှန်းချက်များနဲ့ ဖြည့်စွက် […]

ဒီဇင်ဘာ ၂၀ မှစ၍ အအေးပိုမည့် တိုင်းနဲ့ ပြည်နယ်များ စာရင်း

ဒီဇင်ဘာ ၂၀ မှစ၍ အအေးပိုမည့် တိုင်းနဲ့ ပြည်နယ်များ စာရင်း ၂၀၂၀ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ဇန်နဝါရီလ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံမှာ ပုံမှန်ထက် အအေးပိုလာစေနိုင်ပြီး ဇန်နဝါရီလ ၁၀ရက်ေ န့မှ ၂၄ ရက်နေ့အတွင်းထူးကဲ အအေးပိုခြင်းတွေ ရှိလာနိုင်ကာ ရန်ကုန်တိုင်းဧရာဝတီတိုင်းမွန်ပြည်နယ်တွေမှာတောင် ၁၅ ဒီဂရီစင်တီဂရိ တ် အထိ အေးစေနိုင်တဲ့ ရက်တစ်ချို့ ရှိလာနိုင်ပါတယ်…လာအို ထိုင်း ရှမ်းပြည်နယ် ကယားပြည်နယ် နေပြည်တော် ကရင် ပြည်နယ်တွေ မှာ ဇန်နဝါရီလ အတွင်း ထူးကဲ အအေးပိုနိုင်လာတဲ့ ရက်တွေရှိလာနိုင်သဖြင့် ကျန်းမာရေးကောင်းမွန်ခြင်း မရှိသူများ အသက် အရွယ်ကြီး ရင့်သူများသည် မိမိမဒေသထက် အအေးပေါ့စေနိုင်တဲ့ ရန်ကုန်တိုင်း ဧရာဝတီတိုင်း တွေသို့ ဇန်နဝါရီလမှာ […]

ယနေ့ညနဲ့ မနက်ဖြန် နံနက်တွင် ရန်ကုန်၊ ဧရာဝတီနှင့် မွန်ပြည်နယ်တို့တွင် အအေးပိုမည် (ဆရာမလေး စုစုစံ)

၂၀၂၀ ဒီဇင်ဘာလ ၈ရက်နေ့ည သန်းခေါင်ကျော် ၉ရက်နေ့ နံနက်ပိုင်းမှာ ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ်တွေမှာ အေးမြတဲ့ဆောင်းလေညှင်း ရရှိလာစေနိုင်ပါတယ်…8/12/2020 at 1:17pm (MMT) Su SuSan ၂၀၂၀ ဒီဇင်ဘာလ ၁၅ရက် ၁၆ရက် ၁၇ရက်နေ့တွေမှာ ထိုင်းပင်လယ်ကွေ့အတွင်း Low pressure cloud တွေဖြစ်ပေါ်နိုင်ပြီး ထိုင်းတောင်ပိုင်းမှတဆင့် ကပ္ပလီပင်လယ်တောင်ပိုင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွေကို လေဖိအားအနိမ့်တွေ ၁၉ ရက် ၂၀ ရက်နေ့တွေမှာ ထပ်မံဖြစ်ပေါ်လာဖွယ် ရှိပါတယ်။ ဒီဇင်ဘာလ ၁၆ ရက် ၁၇ ရက်နေ့တွေမှာ မြိတ် ဘုတ်ပြင်း ကော့သောင်းဒေသတွေမှာ မိုးအနည်းငယ်ရွာနိုင်ပြီး ကျန်တနိုင်ငံလုံးမှာတော့ ဖိအားမြင့်တွေ ရှိနေမှာဖြစ်လို့ မိုးရွာသွန်းဖွယ်တော့ မတွေ့ရှိရပါဘူး။ ရက်ဝေး ခန့်မှန်းပေးတာဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် ကပ္ပလီပင်လယ် ထိုင်းပင်လယ်ကွေ့တွေကို […]

Back To Top