Month: July 2020

ရုရှားက ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးကို သြဂုတ်လ ၁၀ ရက်နေ့မှာ မှတ်ပုံတင်မယ်လို့ဆို

ရုရှားက ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးကို သြဂုတ်လ ၁၀ ရက်နေ့မှာ မှတ်ပုံတင်မယ်လို့ဆို=================================== မော်စကို၊ ဇူလိုင်လ ၃၁ ရက်။ ရုရှားနိုင်ငံဟာ Covid-19 ကာကွယ်ဆေးရှာဖွေမှုမှာ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း လာမယ့် သြဂုတ်လ ၁၀ ရက်ကနေ ၁၂ ရက်အတွင်း ဒီကာကွယ်ဆေးကို ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးအဖြစ် မှတ်ပုံတင်သွားမယ်လို့ ဆိုပါတယ်။မှတ်ပုံတင်ပြီးသွားရင် ဒီဆေးဟာ ကမ္ဘာ့ကပ်ရောဂါအဖြစ်ရင်ဆိုင်နေရတဲ့ Covid-19 ရောဂါကူးစက်မှုမရှိအောင် ကာကွယ်နိုင်မဲ့ ပထမဆုံး ကာကွယ်ဆေးအဖြစ် ထွက်ပေါ်လာမှာဖြစ်တယ်လို့ ဒီဆေးကို ထောက်ခံထားတဲ့အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။ဒီကာကွယ်ဆေးဟာ မော်စကိုက Gamaleya Institute နဲ့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရံပုံငွေ (RDIF) တို့ ပူးပေါင်း သုတေသနပြုဖော်ထုတ်ခဲ့တာဖြစ်ပြီး တကယ်လို့ မှတ်ပုံတင်ပြီးစီးသွားမယ်ဆိုပါက သုံးရက်ကနေ ခုနှစ်ရက်အတွင်း […]

အင်္ဂလန်မီဒီယာမှာ ဖော်ပြခံရတဲ့ မြန်မာ့ခါးအသေးဆုံးပိုင်ရှင် ဆုလှိုင်

မြန်မာနိုင်ငံက သဘာဝအတိုင်း ခါးအသေးဆုံးပိုင်ရှင် ဆုလှိုင်ကို အင်္ဂလန်မီဒီယာတွေမှာ အထူးအဆန်းဖော်ပြနေတယ်လို့ သိရပါတယ်။မြန်မာက ဆုလှိုင်ရဲ့ ခါးဆိုက်ဒ်ဟာ ၁၃.၇ လက်မသာရှိလို့ ကမ္ဘာ့ခါးအသေးဆုံးစာရင်းဝင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ဆုလှိုင်ဟာ သူမရဲ့ သေးငယ်လှတဲ့ ခါးကို လူမှုကွန်ယက် Instagram ပေါ်တင်ရင်းကနေ အနောက်နိုင်ငံတွေက သတိထားမိတာဖြစ်ပါတယ်။ သူမရဲ့ခါးဟာ Photoshop နဲ့လုပ်ထားခြင်းမရှိသလို သဘာဝအတိုင်းရတဲ့ ခါးအရွယ်အစားဖြစ်တယ်လို့ သူမက ပြောပါတယ်။ အင်္ဂလန်ကျန်းမာရေးဌာနရဲ့သတ်မှတ်ချက်မှာတော့ ကျန်းမာတဲ့ခါးဆိုက်ဒ်အရွယ်အစားကို ၃၁.၅ ထက်မကျော်ဘူးလို့ သတ်မှတ်ထားပါတယ်။ “ကျွန်မရဲ့ခန္ဓာကိုယ်က ပုံမှန်အရွယ်အစားပါ။ အစားအသောက်တွေတော့ ဆင်ခြင်တာတွေရှိပါတယ်။ ထူးခြားတယ်လို့မခံစားရပါဘူး”လို့ ဆုလှိုင်က ပြောပါတယ်။ လက်ရှိကမ္ဘာ့အသေးဆုံးခါးဆိုက်ဒ်ပိုင်ရှင်က ဗြိတိန်သူဂရန်ဂျာဖြစ်ပြီး ခါးဆိုက်ဒ် ၁၃ လက်မသာရှိပါတယ်။ သူမရဲ့ခါးဆိုက်ဒ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေပေမယ့် အကောင်းမြင်တဲ့သူများပါတယ်။ Ref – DailyMail […]

နိုင်ငံခြားသားများ မြန်မာပြည်ဝင်ရောက်ခွင့်ပိတ်ပင်ထားမှု ဩဂုတ် ၃၁ ရက်အထိ ထပ်တိုး

မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် ပြည်ဝင်ခွင့် ယာယီ ကန့်သတ်ထားတဲ့ အစီအမံတွေ အားလုံးကို ဩဂုတ် ၃၁ ရက်အထိ ထပ်ပြီး တိုးမြှင့်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ပြည်ပကနေ ဝင်ရောက်လာနိုင်တာနဲ့ ကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ်ကနေ မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ထိရောက်တဲ့ အစီအမံတွေကိုဆက်လက်ချမှတ် ဆောင်ရွက်နိုင်ဖို့ရှေးရှုပြီး တိုးမြှင့်လိုက်တာလို့ ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်လိုက်တာပါ။ ဒါပေမဲ့ အရေးပေါ် အစိုးရတာဝန်နဲ့ဖြစ်စေ၊ မလွှဲမရှောင်သာတဲ့ ကိစ္စတွေကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသား သံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲမယ့် ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ လာရောက်ဖို့ရှိရင် ဗီဇာအကန့်အသတ်တွေကနေ ကင်းလွတ်ခွင့်ရဖို့ သက်ဆိုင်ရာနိုင်ငံတွေက မြန်မာသံရုံးတွေကို အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာ ကာကွယ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံးကနေ […]

သဘာ၀ပတ်ဝန်းကျင် မထိခိုက်အောင် ဖောက်လုပ်ထားတဲ့ အဝေးပြေးလမ်း ဥမင်လှုိဏ်ခေါင်း

သဘာ၀ မထိခိုက်အောင် ဖောက်လုပ်ထားတဲ့ အဝေးပြေးလမ်း ဥမင် (Uni) ဒီဥမင်လိုဏ်ခေါင်းကတော့ ထိုင်ဝမ်နိုင်ငံမှာတည်ရှိတာဖြစ်ပြီး Xueshan နှင်းတောင် ဥမင်လို့ခေါ်ကြပါတယ်။ ထိုင်ဝမ် အမှတ် ၅လမ်းမကြီးဖြစ်ပြီး Taipei နဲ့ Yilan ကို ဆက်သွယ်ပေးထားပါတယ်။ တောင်ကိုဖြတ်ကာ ဖောက်လုပ်ထားပေမယ့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောက်လုပ်ထားပါတယ်။ ၁၉၉၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန် ၁၅နှစ် ယူခဲ့ရပါတယ်။ ဥမင်တည်ဆောက်ရေးဟာ အလွန်ခက်ခဲကြမ်းတမ်းခဲ့ပြီး လူပေါင်း ၂၅ယောက်အထိ သေဆုံးခဲ့ရပါတယ်။ ဒီဥမင်ဖောက်လုပ်ရေးမှာ ကွန်ကရစ် ၃၇၀,၀၀၀ ကုဗမီတာ ၊ ကေဘယ်ကြိုးအရှည်စုစုပေါင်း ၂၀၀၀ ကီလိုမီတာ နဲ့ လျှပ်စစ်မီးသီး အလုံး ၂၀၀၀ကျော်ကို သုံးစွဲတည်ဆောက်ထားတာဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၂.၈၃ဘီလျံခန့် ကုန်ကျခဲ့ပါတယ်။ အသွားအပြန် လေလမ်းသွားလမ်းမကြီးတွေဖြစ်ကာ အရှည်ကတော့ […]

တစ်ကယ်လိုအပ်နေတဲ့ နေရာလေးပါ ကူညီပေးကြပါအုံး

ဒါမျိူးဆိုရင် share မလုပ်ကျဘူး Share ပေးပါ ဗျ Share လေးတစ်ချက် နဲ့စာသင်ကျောင်းလေးပြောင်းလဲသွားနိုင်ပါတယ်ဗျ တည်နေရာ-တနသာၤရီတိုင်း၊ကျွန်းစုမြိုနယ်၊ဝန်တောင်ကျေးရွာ၊မူလွန် ကျောင်းက မိုးရွာတယ့်နေ့ ၊ရေကြီးတယ့်နေ့ ဘယ်လိုမှစာသင် လို့မရပါဘူး။ တခြားနေရာတွေမှာလည်းလှူ ပါ၊မလှူနဲ့ လ့ိုမပြောပါဘူး၊ အဓိကလိုအပ်တယ့် နေရာတွေမှာလည်း လှူဒါန်းကြပါ ခင်ဗျား ကိုယ်တိုင်ကိုယ်ကျ သွားပြီး ်နိုင်သလောက်လေးလှူဒါန်း နိုင်ပါတယ် ခင်ဗျာ.. …. #N #Myeik Fb Acc,,စေတနာ လေးစားစွာcrd ပေးပါတယ်ဗျာ သဒ္ဒါ အားနည်းများမဆိုပါဝင် လှူဒါန်းနိုင်ပါတယ် ဗျာ ဒီနှစ်မှ တာဝန်ကျတယ့် ကျောင်းအုပ်တာဝန်ခံ ဆရာကိုလင်းကြူ 09253326918တာဝန်ကဆရာတွေ တတ်နိုင်သလောက်လေး ပြုပြင် ပြီး စာသင် ကြား နေပါတယ် ဗျာ ကျနော် သူငယ်ချင်း ကျောင်းအုပ်တာဝန်ခံပါ ဒီနှစ်မှတာဝန်ကျတယ့်ကျောင်းလေးပါ ခင်ဗျား.. […]

သစ်တံခါးဆရာတော်ကြီးအားနေ့ဆွမ်း ဆပ်ကပ်ခြင်း၊ ဝါဆိုသင်္ကန်း နှင့် နဝကမ္မအလှူငွေများကို ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်

ပရိသတ်ကြီးရေ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီး ခိုင်သင်းကြည် ကတော့ ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ထားပြီး ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ စွယ်စုံရ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ ခိုင်သင်းကြည် က လတ်ရှိမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့သာလုပ်ကိုင်နေတာတွေ့ရပါတယ်။ ယနေ့အချိန်ထိလည်း ခိုင်သင်းကြည် က ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေပြီး လှပချောမောနေတုန်းပါ။ ယခုမှာဆိုရင်လည်း ခိုင်သင်းကြည် က ပရိသတ်တွေ ကြည်နူးပီတိဖြစ်စေမယ့် အလှူပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။ သူမ ပြုလုပ်ခဲ့တဲ့ အလှူလေးကတော့ သစ်တံခါးဆရာတော်ဘုရားအား အသိမိတ်ဆွေ အိမ်လေးမှာ သွားရောက်ပြီး နေ့ဆွမ်း ဆပ်ကပ်ခြင်း ၊ ဝါဆိုသင်္ကန်း များ နှင့် နဝကမ္မအလှူငွေ များကို လှူဒါန်းခဲ့ကာ ကောင်းမှုကုသိုလ်လေးကို ရယူခဲ့တာဖြစ်ပါတယ်။ […]

Back To Top