ကျနော်တို့လေးစားရတဲ့ သူမအကြောင်း
ကျုပ်လေးစားရတဲ့အထဲမှာ သူလဲပါတယ်။လှိုင်သာယာသပိတ်စစ်ကြောင်းမှာ အမြဲလိုလိုပါဝင်ခဲ့တယ် သပိတ်ဖြိုခွင်းခံရတဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းတွေ သေတာသူကိုယ်တိုင်မြင်ခဲ့တယ်။ နောက် ပိုက်စိပ်တိုက်လိုက်ဖမ်းလို့ သူရအောင်ရှောင်နိုင်ခဲ့ပေမဲ့သူ့ရဲ့သူငယ်ချင်းတွေအများအပြားတော ဖမ်းခံလိုက်ရတယ်။ ကြောက်စိတ်ကိုဘေးချိတ်ပြီး စန်းချောင်းက သပိတ်အင်အားစုတွေနဲ့ သူ့ခံယူချက်အတိုင်း ဆန္ဒတွေပြခဲ့တယ်။ နေ့စဉ်နှင့်အမျှဖမ်းစီးသတ်ဖြတ်နေတော သူလည်း ရတဲ့နည်းနဲ့တော်လှန်မယ်ဆိုပြီး လွတ်မြောက်နယ်မြေမှာသွားရောက်ပြီး စစ်ပညာတွေ သင်ယူခဲ့တယ်။ သူယုံကြည်ရာလက်နက်ကိုဆွဲကိုင်နေတဲ့အချိန်မှာဘဲ သူရဲ့အဖေ သေဆုံးသွားခဲ့ရပြီး နာရေးတောင်မှ သွားမကြည့်နိုင်တဲ့ဘဝ သူလိုဘဲ ဘဝတွေပေးဆပ်တဲ့သူတွေကြည့်ပြီး ဖြေသိမ့်နိုင်ခဲ့တယ်။ နိုင်ငံ့အတွက် သူ့သူငယ်ချင်းတွေအတွက် သူ့အဖေအတွက်ကျဆုံးသွားသူတွေအတွက် အာဏာရှင် ပြုတ်ကျတဲ့အထိတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သူရဲ့အသံလေးကြားယောင်ပြီး မေတ္တာနိုင်လွတ်မြောက်နယ်မြေ ———— စစ်အာဏရှင်တော်လှန်ရေးအတွက်ကြိုးစားနေတဲ့သူတွေထဲမှာဆင်းရဲချမ်းသား နာမည်ကြီးတဲ့သူတွေ အနုပညာရှင်တွေလည်းပါဝင်နေပါတယ်။ အားလုံးဟာခံယူချက်တူကြသည့် လူငယ်လေးတွေဖြစ်ပြီး။ အဆင့်အတန်းခွဲခြားတယ်ဆိုတာမရှိကြပါဘူး။ အားလုံးဟာကျနော်တို့ရဲ့သူရဲကောင်းတွေပါပဲ။ Zawgyi ကျုပ်လေးစားရတဲ့အထဲမှာ သူလဲပါတယ်။လှိုင်သာယာသပိတ်စစ်ကြောင်းမှာ အမြဲလိုလိုပါဝင်ခဲ့တယ် သပိတ်ဖြိုခွင်းခံရတဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းတွေ သေတာသူကိုယ်တိုင်မြင်ခဲ့တယ်။ နောက် ပိုက်စိပ်တိုက်လိုက်ဖမ်းလို့ သူရအောင်ရှောင်နိုင်ခဲ့ပေမဲ့သူ့ရဲ့သူငယ်ချင်းတွေအများအပြားတော ဖမ်းခံလိုက်ရတယ်။ […]
စစ်ခေါင်းဆောင်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ တစ်ခုချင်းစီကို ကျပ်သိန်း(၁၀၀၀)စီ ပေး
အာဏာသိမ်းစစ်ခေါင်းဆောင်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ တစ်ခုချင်းစီကို ကျပ်သိန်း(၁၀၀၀)စီ ပေး အာဏာသိမ်းစစ်ခေါင်းဆောင် နှင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့တွင် တွေ့ဆုံပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနုပညာကဏ္ဍ(၄)ခုအတွက်ကျပ်သိန်း(၁၀၀၀)စီ ပေးအပ်ကြောင်း သိရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရပ်ဝန်းအသီးသီးအတွက် ရံပုံငွေ စုစုပေါင်း ကျပ်သိန်း (၄၀၀၀) နှင့် ဆန် အိတ်(၁၀၀)၊ဆီ ပိဿာ(၅၀၀)နှင့် ပဲ ပိဿာ(၃၀၀)တို့ကို ပေးအပ်ခြင်းဖြစ်သည်။ ထိုသို့ ပေးအပ်သည်ကို မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်း ရေးမှူး ဦးညွန့်တင်၊ တွဲဘက်အတွင်းရေးမှူး […]
တာဝန်မှ အနားယူတော့မည့် မြန်မာနိူင်ငံဆိုင်ရာကုလကိုယ်စားလှယ်ကြီးရဲ့ မြန်မာလူမျိူးများကို နောက်ဆုံးနူတ်ဆက်စကား
မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် Christine Schraner Burgener သူမ၏လက်ရှိရာထူးအား တာဝန်ထမ်းဆောင်သည့် နောက်ဆုံးနေ့အဖြစ် Twitter မှ တဆင့် မြန်မာလူမျိုးများအား နှုတ်ဆက်စကားဆိုထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် မစ္စခရစ်စတင်းက ကုလသံတမန်အဖြစ် သူတာဝန်ယူတာ ဒီကနေ့ (၃၁.၁၀.၂၀၂၁) နေ့ဟာ နောက်ဆုံးဖြစ်ကြောင်း မြန်မာပြည်သူတွေကို တွစ်တာကနေ နှုတ်ဆက်ပါတယ်။ သူရေးထားတာက – “ဒီနေ့ဟာ ကုလသမဂ္ဂအထူးသံတမန်အဖြစ် အလုပ်လုပ်ခြင်းရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ အစစအရာရာ အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်းပါတယ်။ တိုင်းပြည်အာဏာ ပြည်သူ့ဆီပြန်လည်ရောက်ရှိတဲ့အခါ ကျမ ပြန်လာပါ့မယ်။ အဲဒီ့အခါ ကျမတို့ ငြိမ်းချမ်းရေးအရသာကို အောင်ပွဲခံကြတာပေါ့။ ဒီလိုဖြစ်လာဖို့ သိပ်မဝေးတော့ဘူးလို့ ကျမ ယုံကြည်ပါတယ်။ ကျမရဲ့ နှလုံးသားက ရှင်တို့နဲ့အတူ ရှိနေပါတယ်။” လို့ ရေးသားထားပါတယ်။ ———– […]
“တိုင်းရင်းသူအမတစ်ယောက်ရဲ့ Video Call မှာ ကြားရတဲ့ စကားတွေကြောင့် မျက်ရည်မကျအောင် မနည်းထိန်းထားရတယ်” ဆိုတဲ့ ပန်ဆယ်လို
အမေရိကားက တိုင်းရင်းသူအမတစ်ယောက် Video Call ခေါ်လာတယ်။ မြန်မာစကားကို သိပ်မတတ်ပေမယ့် ကြိုးစားပြောရှာတယ်။ စစ်အာဏာရှင်ကို တစ်တိုင်းပြည်လုံးတော်လှန်နေတာ ပြည်သူတွေကို ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ပြောတယ်။ သူတို့တုန်းက စစ်အာဏာရှင်တွေ ဘယ်လိုနှိပ်စက်တယ်ဆိုတဲ့အကြောင်း၊ ပြည်သူတွေ မသိကြဘူးဆိုတဲ့အကြောင်း။ သူ့အဒေါ် အမျိုးသမီးတစ်ယောက်ဆို ကလေးမွေးပြီး ဆယ်ရက်ပဲရှိသေးတယ်။ သွေးနုသားနုနဲ့ကို ဗမာစစ်သားတွေက မုဒိမ်းကျင့်ခဲ့တယ်။ အသက်သေခဲ့ရတယ်တဲ့။ ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆန်ထောင်းတဲ့ဆုံထဲထည့်ပြီး ဗိုက်ကိုထောင်းတယ်။ ကလေးထွက်ကျပြီး အမေရော ကလေးရော အသက်ဆုံးရှုံးတယ်။ ဗမာတွေ ဝင်လာပြီဟေ့ဆိုရင် အမတို့ တစ်ရွာလုံး ပြေးကြရတယ်တဲ့။ ဗမာလူမျိုးကို မုန်းတာမဟုတ်ပါဘူး။ ဒါပေမယ့် ဗမာဆို စစ်သားပဲ မြင်ဖူးတာဆိုတော့ ဗမာဆိုတဲ့ စကားလုံးကို အခုထိ ကြောက်နေတုန်းပဲတဲ့။ သူတို့မိသားတစ်စုလုံးမှာ သူတစ်ယောက်ပဲ လွတ်မြောက်လာခဲ့တာ။ တစ်မိသားစုလုံး ဗမာစစ်သားတွေသတ်လို့ သေခဲ့ရတယ်တဲ့။ […]
လူ ၁၀၀ ထက် ပိုစုဝေးပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာ
“မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လက်ရှိအခြေအနေအရ အောက်တိုဘာ ၃၀ ရက် ဒီကနေ့ကစပြီး ခြွင်းချက်ကိစ္စတွေမှအပ လူ အယောက် ၁၀၀ ထက် ပိုပြီး စုဝေးခြင်းမပြုကြဖို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ကြေညာပါတယ်။ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေဖို့ အရင်က လူ အယောက် ၅၀ ထက်ပိုမစုဖို့ ထုတ်ပြန်ထားရာက အောက်တိုဘာ ၂၉ ရက်နေ့မှာ လူ ၁၀၀ ထက်ပိုပြီး စုဝေးတာမလုပ်ဖို့ ပြင်ဆင်ထုတ်ပြန်လိုက်တာပါ။ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ အမိန့် ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ပါက တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီကလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက အမိန့်ထုတ်ပြန်ထားပါတယ်။ တဖက်မှာ လူ ၁၀၀ ထက်ပိုစုရင် […]
ယနေ့ ယုန်လေးအပါအဝင် မနေကြသည့်အနုပညာများနှင့် တွေ့ဆုံးခဲ့သည့် မင်းအောင်လှိုင်
အာဏာသိမ်းစဉ်ကာလမှစပြီး အနုပညာရှင်များဟာအသီးသီးကွဲပြားခဲ့ပြီး ရုပ်လုံးများပေါ်လာခဲ့ကြပါတယ်။အစမှာတော့ပရိတ်သတ်တစ်ချိူ့ကိုလှည့်စားခဲ့လို့ အားလုံးကစိတ်ဆိုးခဲ့ကြပါတယ်။ အခုချိန်မှာ လူမှန်နေရာမှန်ရုပ်လုံးများပေါ်လာခဲ့ပါပြီ။ယနေ့မှာတော့ အနုပညာရှင်တစ်ချိူ့ဟာ စစ်ကောင်စီဥက္ကဌမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အာဏာသိမ်းစဉ်ကာလမှစပြီး အနုပညာရှင်များဟာအသီးသီးကွဲပြားခဲ့ပြီး ရုပ်လုံးများပေါ်လာခဲ့ကြပါတယ်။အစမှာတော့ပရိတ်သတ်တစ်ချိူ့ကိုလှည့်စားခဲ့လို့ အားလုံးကစိတ်ဆိုးခဲ့ကြပါတယ်။ အခုချိန်မှာ လူမှန်နေရာမှန်ရုပ်လုံးများပေါ်လာခဲ့ပါပြီ။ယနေ့မှာတော့ အနုပညာရှင်တစ်ချိူ့ဟာစစ်ကောင်စီဥက္ကဌမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ အာဏာသိမ်းစဉ်ကာလမှစပြီး အနုပညာရှင်များဟာအသီးသီးကွဲပြားခဲ့ပြီး ရုပ်လုံးများပေါ်လာခဲ့ကြပါတယ်။အစမှာတော့ပရိတ်သတ်တစ်ချိူ့ကိုလှည့်စားခဲ့လို့ အားလုံးကစိတ်ဆိုးခဲ့ကြပါတယ်။ အခုချိန်မှာ လူမှန်နေရာမှန်ရုပ်လုံးများပေါ်လာခဲ့ပါပြီ။ယနေ့မှာတော့ အနုပညာရှင်တစ်ချိူ့ဟာစစ်ကောင်စီဥက္ကဌမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ အာဏာသိမ်းစဉ်ကာလမှစပြီး အနုပညာရှင်များဟာအသီးသီးကွဲပြားခဲ့ပြီး ရုပ်လုံးများပေါ်လာခဲ့ကြပါတယ်။အစမှာတော့ပရိတ်သတ်တစ်ချိူ့ကိုလှည့်စားခဲ့လို့ အားလုံးကစိတ်ဆိုးခဲ့ကြပါတယ်။ အခုချိန်မှာ လူမှန်နေရာမှန်ရုပ်လုံးများပေါ်လာခဲ့ပါပြီ။ယနေ့မှာတော့ အနုပညာရှင်တစ်ချိူ့ဟာစစ်ကောင်စီဥက္ကဌမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ကြပါတယ်။