Month: January 2022

မန္တလေးမြို့တွင် အသံတိတ်သပိတ်၌ ပါဝင်မည့်ပြည်သူများကို အိမ်ထဲကနေထွက်လာအောင် စက်သုံးဆီအခမဲ့ပေးမည်ဟု ကြေငြာ

မန္တလေးမြို့တွင် အသံတိတ်သပိတ်၌ ပါဝင်မည့် ပြည်သူများကို အိမ်ထဲကနေထွက်လာအောင် စက်သုံးဆီ အခမဲ့ပေးမည်ဟု ဖျားယောင်းသွေးဆောင် အသံတိတ်သပိတ်ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့ရှိ ပြည်သူများ နေအိမ်အတွင်းကနေ ထွက်လာရန် ဖျားယောင်းသွေးဆောင်သည့်အနေဖြင့် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီ ဆိုင် ၁၅ ဆိုင်က ဆိုင်ကယ်တစ်စီးလျှင် Octane 92 ၁ လီတာနှုန်းဖြင့် အခမဲ့ပေးဝေမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်ကို တွေ့ရသည်။ အခမဲ့ပေးမည်ဟု ကြေညာထားသည့် ဆိုင်များမှာ Denko၊ BOC ၊ Asia Energy ကုမ္ပဏီ၊‌ေရွှဗျိုင်းဖြူ နှင့် 360 Perto အပြင် မြပါဝါ စက်သုံးဆီဆိုင်တို့၏ဆိုင်ခွဲပေါင်း စုစုပေါင်း ၁၅ ဆိုင်ဖြစ်ပြီး ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီမှညနေ […]

ကာလုံအစည်းအဝေးက အရေးပေါ်ကာလအခြေအနေ နောက်ထပ်(၆)လသက်တမ်းတိုးရန်ဆုံးဖြတ်

အရေးပေါ်ကာလအခြေအနေနောက်ထပ်(၆)လ သက်တမ်းတိုးပေးဖို့ ယာယီသမ္မတအား ကာကွယ်ရေးဦးစီးချုပ်တင်ပြ၊ကာလုံအစည်းအဝေးက အရေးပေါ်ကာလအခြေအနေ နောက်ထပ်(၆)လသက်တမ်းတိုးရန်ဆုံးဖြတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂)အား ယနေ့ ဇန်နဝါရီ ၃၁ရက်တွင် နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့ရာ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ် ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေ အနေအရ အစည်းအဝေးတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်။ […]

တရုတ်နှစ်သစ်ကူးမှာ ဟုန်ပေါင်း (အန်ပေါင်း) ပေးရတဲ့ အကြောင်းရင်း (ဘယ်သူက ဘယ်သူ့ကို ပေးရမလဲ)

ဘယ်သူက ဘယ်သူ့ကိုပေးရမလဲ၊ အချို့ကအိမ်ထောင်ကျမှ ဟုန်ပေါင်း (ဖူကျင့်လို အန်ပေါင်း) ပေးရမယ်လို့ထင်ကြတယ်။ ကိုယ်က အလုပ်ရှိတယ် ဝင်ငွေရှိတယ်ဆိုရင် ကိုယ့်ထက်ငယ်တဲ့ ညီတွေညီမတွေ တူ တွေ တူမတွေကိုပေးလို့ရပါတယ်။ ကိုယ့်လက်အောက်ငယ်သားတွေ ဝန်ထမ်းတွေကို နှစ်ကူးဟုန်ပေါင်းပေးကြတာလည်း ဓလေ့တစ်ခုဖြစ်နေပါပြီ။ ကိုယ်က ပိုက်ဆံရှိတယ် ပေးချင်တယ်ဆိုရင် ဘယ်သူ့ကိုမဆို အသက်အရွယ်မရွေးပေးလို့ရပါတယ်။ ကိုယ်နဲ့ရွယ်တူတန်းတူတွေကိုတော့ သိပ်ပေးလေ့မရှိပါ။ အဓိကတော့ ဝင်ငွေမရှိသေးတဲ့ ကလေးတွေနဲ့ ဝင်ငွေမရှိတော့တဲ့ လူကြီးတွေကို ဟုန်ပေါင်းပေးကြတာ များပါတယ်။ အန်ပေါင်းအိတ်ထဲတွင် တရုတ်အယူအရ ပိုက်ဆံကိုစုံဂဏန်းများဖြင့်ပေးလေ့ရှိသည်။ မဂဏန်းများကိုတော့ တရုတ်နာရေးများတွင်ပေးလေ့ရှိသည်။ မဂဏန်းများထဲတွင် ၉ဂဏန်းကိုတော့ နာရေးများတွင် သုံးလေ့မရှိပါ။ ၉ဂဏန်းသည် အက္ခရာထဲတွင် အကြီးဆုံးဖြစ်သောကြောင့်ဖြစ်သည်။ စုံဂဏန်းထဲတွင် ၄ဂဏန်းကိုတော့ ဟုန်ပေါင်းများတွင် ထည့်မပေးချေ။ ဥပမာ ၄၀၊ ၄၀၀၊ ၄၄၄။ ၄ဆိုသည် တရုတ်အသံထွက် […]

ပြိုကျကာနီး ဝါးကျောင်းလေးကြောင့် ရာသီဥတု ချမ်းအေးတဲ့ ဒဏ်ခံနေရတဲ့ (၈၂) နှစ် ဆရာလေး

ဝမ်းသာလိုက်တာ…ဆရာလေး နွေးနွေးထွေးထွေး နေရတော့မှာပေါ့နော် ဆရာလေး အသက် (၈၂)နှစ်၊ ပြိုကျခံနီး ဝါးကျောင်းလေးမှာ…တပါးတည်း သီတင်းသုံးပါတယ်။ ကျန်းမာရေး မကောင်းတုန်းက ဆက်သွယ်လာသဖြင့်… အာဟာရဖြစ်မယ့် အစားစားများ/ Ensure များ သွားရောက် လှူဒါန်းခဲ့ပြီနောက်…ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။ ဒုတိယတခါ သွားရောက်လှူဒါန်းခဲ့တုန်းက…ကျနော်တို့ ဆန်အိတ်တွေ ကျောင်းပေါ် တက်တင်ပေးတုန်း ကျွံ့ကျခဲ့ပါတယ်… ခုတခါ သွားရောက်လှူဒါန်းတော့…ကျောင်းလေးက အတော့်ကို ယိုယွင်းပျက်စီးနေပါတယ်…အပေါက်တွေ များစွာဖြင့် အတော့်ကို ပျက်စီးနေပါပြီ။ ဆရာလေး…ညဘက်တွေ အိပ်ရတာ အဆင်ပြေရဲ့လား…ရာသီဥတုအေးတော့ အဆင်ပြေရဲ့လား၊ အရမ်းချမ်းတာပဲ သားရယ်…ညကနေ မနက်ထိ အရမ်းအေးတော့ အိပ်မရဘူး…အရမ်းချမ်းတာပဲ။ မိုးတွင်းဆိုလဲ…မိုးယိုလို့ အိပ်မရ၊ ခက်ခဲပါတယ် သားရယ်။ တင်ပါ့ ဆရာလေး…တပည့်တော် ဆရာလေးကို ကျောင်း အသစ်ဆောက်လှူပါ့မယ်။ ဝမ်းသာလိုက်တာ…ဒါဆို ဆရာလေး လုံခြုံနွေးထွေးစွာ နေရတော့မှာပေါ့နော်။ ဒါပေါ့…ဆရာလေး…တပည့်တော် […]

မင်းသမီးဖြစ်ချင်တဲ့ဆန္ဒကို စွန့်လွှတ်ပြီး ပြည်ပနိုင်ငံမှာ စားပွဲထိုးသွားရောက်လုပ်ကိုင်နေတဲ့ နေခြည်ရွှန်းလက်

ဆံနွယ်နက်နက် ရှည်ရှည်လေးတွေနဲ့ မြန်မာ ဆန်ဆန် ချစ်စရာကောင်းတဲ့ မင်းသမီး ချောလေး နေခြည်ရွှန်းလက်ကတော့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲ မှာကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင် စားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ နေခြည်ရွှန်းလက် က “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန” ဇာတ်လမ်းတွဲမှာတော့ နှင်းနွေဆိုတဲ့ ခေါင်းဆောင် မင်းသမီးကာရိုက်တာကို သရုပ်ဆောင်ခဲ့ပြီး မထင်ထား လောက်အောင်ကို အနုပညာ အရည်အချင်းပြည့်ဝတာမို့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အနုပညာကို ဝါသနာပါရူးသွပ်တဲ့ နေခြည်ရွှန်းလက်က ပြီးခဲ့တဲ့ နှစ်ကတည်းက အနုပညာအလုပ်တွေကို ရပ်နားထားတာဖြစ်ပြီး အရေးတော်ပုံမအောင်မချင်းတော့ ဇာတ်ကားတွေပြန်ရိုက်ကူးဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့အကြောင်းကို ပြောလာပါတယ်။ နေခြည်ရွှန်းလက်က “ဟယ်လို မတွေ့တာတော်တော်ကြာပြီနော်။ နေခြည့်ကိုလွမ်းနေတဲ့ ပရိသတ်တွေက နေခြည့်ရဲ့ဇာတ်လမ်းတွဲတွေ ဘယ်တော့ကြည့်ရမှာလဲလာလာမေးကြတယ်။ လွမ်းနေတဲ့ပရိတ်သတ်တွေအတွက်ကတော့ […]

ပြိုင်ဖက် ရုရှားဖိုက်တာကို ပေါက်ကွဲမှုနဲ့ အဆုံးသတ် အနိုင်ယူပစ်မယ်လို့ အောင်လအန်ဆန်း ကြုံးဝါး

ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ပြိုင်ပွဲတွင် ရုရှားဖိုက်တာဘစ်ရှ်ဒက်နှင့်တွေ့ဆုံမှုသည် အကောင်းဆုံးတွေ့ဆုံမှုဖြစ်ပြီး ပေါက်ကွဲမှုဖြင့် အဆုံးသတ်ရန်ပြင်ဆင်ထားသဖြင့် မိမိအနေဖြင့် ဒုတိယအကြိမ်အနိုင်ရဦးမည်ဟု အောင်လအန်ဆန်းက ကြုံးဝါး ပြောကြားလိုက်ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စင်ကာပူနိုင်ငံ၌ ကျင်းပသွားမယ့် ပြိုင်ပွဲမှာ အောင်လအန်ဆန်းနဲ့ ရုရှား ဖိုက်တာ ဘစ်ရှ်ဒက်တို့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ “ဒီတစ်ကြိမ်နဲ့ဆိုရင်တော့ ဘစ်ရှ်ဒက်နဲ့ ကျွန်တော် ဆုံတွေ့တာ သုံးကြိမ်မြောက်ဖြစ်မှာပေါ့။ ငါးမိနစ် ငါးချီ ကစားခဲ့ရတဲ့ပွဲတွေ ဖြစ်တာကြောင့် ပြိုင်ဘက်လိုမျိုး ၂၅ မိနစ်တိတိ ကြိုး ဝိုင်းထဲမှာ ရင်ဆိုင်ခဲ့ရတာပါ။ အခုတစ်ကြိမ်ဆိုရင် ပိုပြီးပြင်းထန်တဲ့ပြိုင်ဆိုင်မှုကို ပေါက်ကွဲအားအပြည့်နဲ့ ဖြစ်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူဟာ အနိုင်ရဖို့ပဲ အာရုံ စိုက်တတ်တဲ့ ပြိုင်ဘက်ကောင်းတစ်ဦးပါ။ သူ့စိတ်ထဲမှာ သူပိုင်ဆိုင်ခဲ့တဲ့အရာတွေကို ကျွန်တော်က ရယူသွားတာလို့ ထင်ချင်ထင်နေမှာပါပဲ။ […]

Back To Top