Month: March 2022

ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူလေး အမျိုးသားတဦးနဲ့ ဇွဲကပင်တောင်ကို တက်သွားခဲ့ဟုဆို

ယနေ့ ဇွဲကပင်တောင်မှ ပျောက်ဆုံးနေသည့် ဒုတိယနှစ်-သင်္ချာ ကျောင်းသူလေး၏ သတင်းအနှစ်ချုပ် ပျောက်ဆုံး အမျိုးသမီးအမည် – မဇာခြည်လှိုင် အသက် – (၂၂) နှစ် ပညာအရည်အချင်း – ဒုတိယနှစ်-သင်္ချာ နေရပ် – ဘားကပ် တောကြီးကုန်းကျေးရွာ ယနေ့နေဝင်ပြီဖြစ်၍ ရှာဖွေကယ်ဆယ်ရေး နားပါပြီ။ ပျောက်ဆုံး အမျိုးသမီးအား ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါ၍ မနက်ဖြန် မီးသတ်တပ်ဖွဲ့ နှင့် ဒေသခံရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ထပ်မံ ရှာဖွေပါမည်။ ဖြစ်စဉ်အကျဉ်း – (၃၀-၃-၂၀၂၂)မွန်းလွဲ(၁)နာရီခန့်က ယခုဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးနေသည့် ဒုတိယနှစ်ကျောင်းသူမှာ အမျိုးသားတဦးနဲ့ တောင်ပေါ် တက်သွားပြီး ညနေဘက် တွင် အမျိုးသားတစ်ဦးသာ တောင်ခြေ ပြန်ဆင်းလာခဲ့ပြီး အမျိုးသမီးမှာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟုသိရပါသည်။ အမျိုးသမီးငယ်စီးလာတဲ့ ဆိုင်ကယ်ဟာ တောင်ခြေမှာ ကျန်နေခဲ့ပြီးယနေ့(၃၁-၃-၂၀၂၂)ရက်နေ့ […]

ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မရှိတဲ့ မြန်မာ့ရိုးရာ လှူဒါန်းမှုပုံစံ (သို့) စတုဒီသာ ယဉ်ကျေးမှု

လမ်းမပေါ်မှာစတုဒီသာကို ရက်ရက်ရောရော ကျွေးနေတာကို အားရပါးရသုံးဆောင်နေကြတဲ့လူအုပ်ကြီးကိုတွေ့ဖူးပါလား။ တွေ့ဖူးတယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်။ သင်ဟာ မြန်မာပြည်သားစစ်စစ် ဖြစ်နေပါပြီ။ စတုဒီသာ ဆိုတာ ချစ်စရာ မြန်မာရိုးရာ အလှူပေးနည်းတစ်မျိုးပါ။ ရှေးဟောင်း ဗုဒ္ဓဘာသာ အစဉ်အလာလေးဆိုရင်လည်းမမှားဘူးပေါ့။ မြန်မာ့စတုဒီသာ ပုံစံမျိုး အခြားနိုင်ငံများတွင်ရှိသော်လည်း နေရာဒေသနှင့် ဘာသာတရားပေါ်မူတည်၍ကွဲပြားခြားနားသည်။ စတုဒီသာရဲ့ အကြောင်းကို ဆက်လက်ဖော်ပြ သွားမှာ ဖြစ်ပါတယ်- စတုဒီသာဆိုတာဘာလဲ စတုဒီသာဆိုတာ ပါဠိစကားမှဆင်းသက်လာ ဝေါဟာရဖြစ်ပါသည်။ စတုဆိုသည်မှာ “လေးဂဏန်း” ၊ “ဒီသာ”ဆိုသည်မှာ ရှေ့၊နောက်၊တောင်၊မြောက် အရပ်မျက်နှာများဟု အဓိပ္ပာယ်ရသည်။ ထိုအတွက် စတုဒီသာဆိုသည်မှာ အရပ်မျက်နှာလေးမျက်နှာလုံးမှ လာသူများအား လှူဒါန်းသည့် အလှူပေးနည်းတစ်မျိုးဖြစ်သည်။ လူတန်းစားမရွေး၊ မင်းဘယ်သူပဲဖြစ်နေပါစေ၊ တန်းတူညီမျှ မဝမချင်းဝင်ရောက်စားသောက်နိုင်ခြင်းမှာလည်း စတုဒီသာ၏ အနှစ်သာရဖြစ်သည်။ စတုဒီသာ ကျင်းပပုံဘယ်နှစ်မျိုးရှိလဲ စတုဒီသာနှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးမှာ ယေဘုယျအားဖြင့် […]

ခင်ပွန်းမရှိတော့တဲ့နောက်ပိုင်းမှာ ကလေးနှစ်ယောက်နဲ့ ဗြုတ်စဗျင်းတောင်းဖြစ်နေတဲ့သူမရဲ့အခြေအနေကိုပြသလာခဲ့တဲ့ မေမေနန်းမြတ်ဖြိုးသင်း

ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်သမီးလေးတစ်ယောက်နဲ့ပျော်ရွှင်စရာအချိန်လေးကိုဖြတ်သန်းနေတာကတော့ နန်းမြတ်ဖြိုးသင်းပဲဖြစ်ပါတယ်။ သူမကတော့ ကလေးတွေရဲ့ video လေးတွေပုံရိပ်လေးတွေတင်ပေးရင်းနဲ့ပရိသတ်တွေချစ်နေရတာပါ။ အရင်ကတည်းက ပရိသတ်တွေချစ်နေရတာဖြစ်ပြီးခုမှာတော့ပိုချစ်မဝဖြစ်နေရတာပါ။ ကလေးနှစ်ယောက်ကို တစ်ယောက်တည်းကြိုးစားအားထုတ်မှုတွေနဲ့ ဘဝကိုရှေ့ဆက်နေတာဖြစ်ပါတယ်။သူမဟာ အခက်ခဲတွေရှိတိုင်းလည်း ကလေးတွေကိုကြည့်ရင်း မိမိကိုယ်တိုင်အားပေးကာရပ်တည်နေတာပါ။ ကလေးတွေရဲ့ပုံရိပ်လေးတွေvideo လေးတွေတင်ပေးလေ့ရှိတဲ့သူမဟာခုမှာလည်း ချစ်စရာကောင်းတဲ့သူတို့မိသားစုပုံရိပ်လေးကိုတင်ထားတာပါ။အရမ်းတွေအဆင်ပြေနေပီလေဘယ်သူရှိရှိ မေမေချီ မေမေချီ ဆိုတာကတစ်ယောက်၊ စကားမတတ်သေးလဲ အမ်း အမ်း မေမေ မေမေ ဆိုပီးအောက်ကဆွဲတာကတစ်ယောက်၊စွန်းသာယာပဲဆိုပြီးပုံရိပ်လေးတွေနဲ့တင်ထားတာပါ။ နန်းမြတ်ဖြိုးသင်းတစ်ယောက် သူ့မှာကလေးတွေကိုကြည့်ပြီးပီတိတွေဖြစ်နေရတာပါ။ ဘယ်လိုတောင်ချစ်ဖို့ကောင်းနေကြလဲဆိုတော့အောက်ကပုံရိပ်လေးတွေကိုကြည့်ပြီ းချစ်ပေးကြပါဦးနော်။ Credit ; cele Diary ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်သမီးလေးတစ်ယောက်နဲ့ပျော်ရွှင်စရာအချိန်လေးကိုဖြတ်သန်းနေတာကတော့ နန်းမြတ်ဖြိုးသင်းပဲဖြစ်ပါတယ်။ သူမကတော့ ကလေးတွေရဲ့ video လေးတွေပုံရိပ်လေးတွေတင်ပေးရင်းနဲ့ပရိသတ်တွေချစ်နေရတာပါ။ အရင်ကတည်းက ပရိသတ်တွေချစ်နေရတာဖြစ်ပြီးခုမှာတော့ပိုချစ်မဝဖြစ်နေရတာပါ။ ကလေးနှစ်ယောက်ကို တစ်ယောက်တည်းကြိုးစားအားထုတ်မှုတွေနဲ့ ဘဝကိုရှေ့ဆက်နေတာဖြစ်ပါတယ်။သူမဟာ အခက်ခဲတွေရှိတိုင်းလည်း ကလေးတွေကိုကြည့်ရင်း မိမိကိုယ်တိုင်အားပေးကာရပ်တည်နေတာပါ။ ကလေးတွေရဲ့ပုံရိပ်လေးတွေvideo လေးတွေတင်ပေးလေ့ရှိတဲ့သူမဟာခုမှာလည်း ချစ်စရာကောင်းတဲ့သူတို့မိသားစုပုံရိပ်လေးကိုတင်ထားတာပါ။အရမ်းတွေအဆင်ပြေနေပီလေဘယ်သူရှိရှိ မေမေချီ မေမေချီ ဆိုတာကတစ်ယောက်၊ စကားမတတ်သေးလဲ […]

အသက် (၁၀၀) ရှိနေပေမယ့် အခုချိန်ထိ ဝမ်းရေးအတွက် ကြက်သွန်ရောင်းနေရတဲ့ အဖွား

အသက် (၁၀၀) ကြက်သွန်နီသည် အဖွား အဖွားရေ…ကြက်သွန်နီ ဘယ်လိုရောင်းတုန်း။ တပိဿာ (၅၀၀)ကျပ်ပါ သားရယ်။ ဟုတ် အဖွား…ကြာဇံတွေကကော အဖွား။ သားလေး အကုန်လုံး (၁၀၀၀)ကျပ်ပဲ ပေးပါ ဟုတ် အဖွား…ကြက်သွန်နီတွေ အကုန်လုံးဆို ဘယ်လောက်လဲ အဖွား။ သားရယ်…အကုန်လုံးဆို (၂)ပိဿာကျော်လောက်ပဲ ရှိမယ်။ ဟုတ် အဖွား…ဒါဆို အကုန်လုံး ဘယ်လောက်ကျလဲ အဖွား။ သား ၂၀၀၀ ကျပ် ပဲ ပေးပါ သားရယ်။ ဟုတ် အဖွား…ရော့ ၅၀၀၀၀ ကျပ်။ သား…ဒီပိုက်ဆံတွေ အများကြီး အဖွားကိုပေးတာလား ဟင်။ ဒါပေါ့ အဖွားရဲ့…အဖွားကို ကန်တော့တာပေါ့…အဖွား ဘာလုပ်ချင်လဲ။ ကျေးဇူးတင်လိုက်တာ သားရယ်…အိမ်အစောကြီး ပေးပြန်လို့ ကျေးဇူးတင်နေတာပါ သားရယ်။ အဖွားလေ တခြားပစ္စည်းလေးတွေ တင်ရောင်းချင်တာ…အရင်းနှီးမရှိဘူး။ […]

CDMတွဲဖက်ပါမောက္ခ ဂျပန်တက္ကသိုလ်တွင်ဒေါက်တာဘွဲ့ရပြီး ဂျပန်ဘာသာဌာန၌အမြင့်မားဆုံးဘွဲ့ရသူဖြစ်လာတဲ့ ဦးကျော်သက်လင်း၏အမဖြစ်သူ

လူသိများသည့်ရုပ်သံကြေညာသူအဖြစ်မှ CDMပြုလုပ်ပြီး PDF တပ်ဖွဲ့ဝင်ဖြစ်လာသော ဦးကျော်သက်လင်း၏ အစ်မ တွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်သည် ဂျပန်နိုင်ငံ Okayama တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိသည်။ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်ကိုယ်တိုင်လည်း အာဏာသိမ်းစစ်ကောင်စီကိုဖီဆန်၍ CDM ပြုလုပ်ခဲ့သူဖြစ်ပြီးOkayamaတက္ကသိုလ်တွင် ဒေါက်တာဘွဲ့ရသည်မှာမြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျပန်ဘာသာဌာနတွင်အမြင့်ဆုံးဘွဲ့ကို ပထမဆုံးရရှိသူ ဖြစ်လာသည်။ ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ကို ရရှိခဲ့ပြီး ယင်းအတွက် ဂုဏ်ယူရကြောင်း ဒေါ်ယဥ်မိုးသက်၏ မိတ်ဆွေများက လူမှုကွန်ရက်၌ ရေးသားနေကြသည်။ ” ကျွန်မတို့ လေးစားချစ်ခင်ရတဲ့ မြန်မာ့အသံဦးကျော်သက်လင်းရဲ့ အစ်မဖြစ်သူတွဲဖက်ပါမောက္ခ ဆရာမ ဒေါ်ယဥ်မိုးသက်သည် ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ကို ရရှိခဲ့ပါပြီ။ ကျွန်မတို့ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျပန်ဘာသာဌာနတွင် ပထမဆုံးရရှိသောအမြင့်ဆုံးဘွဲ့ဖြစ်ပါသည်” ဟု CDM […]

KFC ကြော်ငြာကို ချစ်စရာလည်းကောင်းသဘောကျစရာလည်းကောင်းအောင်ရိုက်ကူးနေတဲ့ လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည် ရဲ့ပုံရိပ်များ

နှုတ်ခမ်းမွှေးကြောင့် ပရိသတ်တွေက စတင်သတိထားမိလာခဲ့တဲ့ လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည်ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်။ သူကိုယ်တိုင်ကလည်း နှုတ်ခမ်းမွှေးထားရတာ ဝါသနာပါတာကြောင့်လဲ ထားဖြစ်တာပါတဲ့။ ကိုမျိုးကြည် ကတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား တော်တော် များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင် မျိုးကြည်ဟာ အရင်က နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ လုပ်အားပေး ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး ပရဟိတလုပ်ရတာကို သဘောကျတဲ့ နှလုံးသားလှတဲ့ လူကြမ်းကြီးတစ်ဦးဖြစ်ပါတယ်။ ကိုမျိုးကြည် ဟာ KFC Myanmar ရဲ့ ကြော်ငြာကို ရိုက်ကူးနေတဲ့ ဓာတ်ပုံတွေ လိုင်းပေါ်ပျံ့နှံ့လာခဲ့တာကြောင့် ပရိသတ်တွေသဘောကျနေကြပါတယ်။စာဖတ်ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင်ကြီး ရဲ့ ကြော်ငြာရိုက်ကွင်းက ဓာတ်ပုံတွေကို ပရိသတ်ကြီးလဲ ပြန်လည်ကြည့်ရှု့နိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ Credit ; Cele Only နှုတ်ခမ်းမွှေးကြောင့် ပရိသတ်တွေက စတင်သတိထားမိလာခဲ့တဲ့ […]

Back To Top