Month: May 2022

သမီးကြီးရဲ့မွေးနေ့အလှူအနေနဲ့ လိုအပ်နေတဲ့ သူတွေအတွက် လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ အိတုံ

ပရိသတ်ကြီးရေ အိတုံကတော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေလုပ်ကိုင်ခြင်းမရှိတော့ဘဲ Live Sale လေးတွေသာရောင်းချနေခဲ့ပါတယ်။ ဒီနေ့မှာတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အိတုံကတော့ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ သမီးကြီးရဲ့ မွေးနေ့အတွက် ရည်ရွယ်ပြီးပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “သမီးကြီးမွေးလထဲရောက်ပီးမွေးနေ့နီးပီးဆိုတော့လှူပေးတာပါအဆင်မပြေတဲ့သူတွေခဏတာလေးအဆင်ပြေကြပါစေ။ အများကြီးလှူချင်ပေမဲ့လည်းကိုယ်နိုင်သလောက်လေးပေါ့နော်” ဆိုပြီးတော့ ဆန်၊ကြက်ဥနဲ့ ဆပ်ပြာအဆီဘူးတွေကို လှူဒါန်းခဲ့ကြောင်း မျှဝေဖော်ပြထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ Source – Ei ToneCrd – CeleGabar -Zawgyi Font ဖြင့် ဖတ်ရန်- သမီးကြီးရဲ့မွေးနေ့အလှူအနေနဲ့ လိုအပ်နေတဲ့ သူတွေအတွက် လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ အိတုံ ပရိသတ်ကြီးရေ အိတုံကတော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ […]

မိခင်ဖြစ်သူရဲ့နာရေးမှာ အစ်မကြီးအမိရာပီပီ မောင်လေးတွေရှေ့မှာ မျက်ရည်မကျအောင်ထိန်းချုပ်ထားခဲ့တဲ့ မာသထူးဝါး

ဖိုးမူကြီးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ကရင်အဆိုတော်မလေး မာသထူးဝါးကတော့ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အဖေကိုဆုံးရှုံးထားရတဲ့ မာသထူးဝါးဟာ အခုတစ်ခါမှာလည်း သူမရဲ့မိခင်ကို ဆုံးရှုံးလိုက် ရပြန်ပြီပဲဖြစ်ပါတယ်။ မာသထူးဝါးရဲ့မေမေဟာ ပြီးခဲ့တဲ့ (၂၉) ရက်နေ့ကပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး မာသထူးဝါးတို့ မောင်နှမသုံးယောက်ကို စိတ်ချလက်ချထားရစ်ခဲ့ပြီပဲဖြစ်ပါတယ်။ မာသထူးဝါးကတော့ အဖေလည်းမရှိ၊ အမေလည်းမရှိတော့တာမို့ မောင်လေးနှစ်ယောက်အပေါ် အရင်ကထက်ပိုပြီး တာဝန်ယူစောင့်ရှောက်သွားရတော့မှာမို့ မိခင်ဖြစ်သူရဲ့နာရေးမှာလည်း မောင်လေးတွေပိုပြီး စိတ်မကောင်းမဖြစ်စေဖို့ ချုပ်တည်းထားခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် မာသထူးဝါးရဲ့ လက်ရှိပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။ မာသထူးဝါးရဲ့ မေမေ မမိုင် (Naw Nee Thaw Taw) ဟာ ကွယ်လွန်သွားချိန်မှာ အသက် (၄၁) နှစ်သာရှိသေးတာမို့ သားသမီးတွေအားလုံးဟာ အရွယ်မရောက်သေးပဲ ကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။ […]

သုံးပုံ တပုံနီးပါး တက်လာတဲ့ ကားဈေးနှုန်းတွေနဲ့ မရှုနိုင် မကယ်နိုင်ဖြစ်နေတဲ့ မြန်မာ့ကားဈေးကွက်

လက်ရှိကာလတွင် ပြည်တွင်းကားစျေးနှုန်းတွေဟာ ငွေကျပ် သိန်းဆယ်ဂဏန်းဝန်းကျင်အထိ မြင့်တက်လာပြီး မော်ဒယ်မြင့် ကားများထက် Use ကားများသာ စျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရန်ကုန်ကားစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ယခုလို ပြည်တွင်း ကားစျေးနှုန်းတွေ အမြင့်တန်းမှာ ရောက်ရှိနေတာဟာ ဒေါ်လာစျေးနှင့် စက်သုံးဆီ ဂယက် ကြောင့် ဖြစ်တယ်လို့လည်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။ “ပြည်တွင်းကားစျေးက မူလပေါက်စျေးထက် စျေးတွေတက်နေတာပေါ့။ ကားမျိုးအစားအပေါ် မူတည်ပြီး သိန်း ၂၀ ကျော်၊ သိန်း ၃၀ လောက်အထိ မြင့်လာတယ်။ စျေးကွက် အနေအထားကလဲ အေးတယ်။ အရင်ကဆို အခုလို ကျောင်းဖွင့်ရာသီ အချိန်မျိုးဆို ကားတွေရောင်းနေရပြီ။ ဒီနှစ်ကျ ပါးတယ်ပြောရမယ်။ အတော်လေးပါးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ် အနည်းငယ်လောက်ပဲရှိတယ်။ ဒီနှစ်တစ်နှစ်လုံးတော့ ဒီလိုပုံစံနဲ့ပဲ သွားနေအုံးမယ်ထင်ပါတယ်။ စျေးကွက်က […]

ဦးမောင်ဝိတ်က ဒီကနေ့ရုံးချိန်းမှာ အမှန်တိုင်း ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့တယ်လို့ သိရ

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေလှူဒါန်းခဲ့တာကို အကြောင်းပြုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှု ၂ ခုကို မေ ၃၁ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေ ဦးမောင်ဝိတ် လာရောက်ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းခဲ့တာသာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒီကနေ့ရုံးချိန်း အမှုစစ်ဆေးပြီးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ရုံးချိန်းကိုရောက်လာတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ အနေအထားမှာရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ “ဒီနေ့ အတိုင်ပင်ခံကိုစွပ်စွဲထားတဲ့ အဂတိအမှု ၃ နဲ့ ၄ကို ဆက်စစ်တယ်။ ဦးမောင်ဝိတ် ရောက်လာပြီး ထွက်ဆိုတယ်။ သူကတော့ လှူတယ်ပဲ ထွက်ဆိုခဲ့တာပါ။ ညနေပိုင်းမှာတော့ တရားလို ဦးရဲထက်ကို စစ်ဆေးခဲ့ပါတယ်။” လို့ […]

The Voice Myanmar မှ ဟိန်းသူစိုး (ခ) Shake မူးယစ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ဖမ်းဆီးခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြ၀တီမြို့တို့တွင် ငွေကျပ် ၁၇၀၅ ဒသမ ၃၇ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်။ မေ ၃၁ မေလ ၂၅ ရက်နေ့ ၁၄၄၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သတင်းအရ သက်သေများနှင့်အတူ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ —- ဟိုတယ်အခန်းအား ၀င်ရောက်ရှာဖွေရာ တည်းခိုနေသူ ဟိန်းသူစိုး(ခ)Shake နှင့် နိုင်လွင် တို့အားတွေ့ရှိပြီး ဟိန်းသူစိုး(ခ)Shake ထံမှ အက်တက်စီဆေးပြား ၅၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၀)၊ ကတ်တမင်းအလေးချိန် ၃ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၁.၅သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၁၉၀၀ အချိန် ထက်ဝေအောင် အား ရန်ကင်းမြို့နယ်၊ […]

မထင်မှတ်ထားလောက်အောင် ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင်နဲ့အမိုက်စား တီးပြလိုက်တဲ့ မေလသံစဉ်ရဲ့ဗီဒီယို

အဆိုတော်မေလသံစဉ်ကတော့ အောင်မြင်မှုတွေ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင်နေခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခုချိန်အထိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားဆဲပါ ။ ကိုယ်ပိုင်သံစဉ်သီချင်းကောင်းလေးတွေကို ဖန်တီးတတ်တဲ့အပြင် ပြန်ဆိုတေးလေးတွေကိုလည်း ပရိသတ်အကြိုက်တွေ့အောင် သီဆိုနိုင်ကာ ဂီတလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတာ ဖြစ်ပါတယ် ။ လတ်တလောမှာလည်း ချီးကျူးစရာကောင်းရလောက်အောင် ဂစ်တာလေးကို အမိုက်စား တီးပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြထားပါတယ် ။ ဗီဒီယိုလေးထဲမှာ မေလတစ်ယောက် ဂစ်တာလေးတီးပြနေတာ အရမ်းနားထောင်ကောင်းလို့ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။ Credit – Cele Zone Photo – Mayla Melody အဆိုတော်မေလသံစဉ်ကတော့ အောင်မြင်မှုတွေ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို […]

Back To Top