Month: July 2022

မင်းမော်ကွန်း သြစီရောက်သွားပေမယ့် သူ့အင်အားနဲ့ကြိုးစားပေးဦးမယ့် ရှယ်ပလန်တွေလာဦးမှာဆိုတဲ့ တိုင်းကျော်

ဟားငါးကောင်အဖွဲ့ကတော့ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူတွေရှိရာဘက်ကို မျက်နှာမူပြီး မတရားမှုကို ဆန့်ကျင်တော်လှန်ဖို့ တောခိုခဲ့တဲ့ လူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ဝင်ထဲက တိုင်းကျော်ဟာလည်း တော်လှန်ရေးအတွက် ရဲရဲတောက်စိတ်ထားနဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း တိုင်းကျော်က သရုပ်ဆောင်မင်းမော်ကွန်း သြစတေးလျရောက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောလာတာကို တွေ့ရပါတယ်။တိုင်းကျော်က” ကိုကျော် သြစီရောက်သွားပြီဆိုယုံလောက်နဲ့ဘဲ ဂေါင်းကြီးတို့မျက်ရည်အကုန်မကျနဲ့ဦး ။ ရှယ်ပလန်တွေလာဦးမှာနော် ၊ သူ့ အင်အားနဲ ကြိုးစားပြီးရှာပေးမဲ့တော်လှန်းရေးအတွက် ၊ လိုအပ်နေတဲ့ ပရိဘောကတွေရှာပေးတော့မှာ ၊ အဲ့ကျမှအဝငိုနော် . … ..တိုင်းကား ( ဟား၅ကောင် )” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။ တိုင်းကျော်နဲ့ မင်းမော်ကွန်းတို့ကတော့ အရင်ကတည်းက အနုပညာလောကထဲမှာ အတူတူကျင်လည်ခဲ့သူတွေဖြစ်သလို တော်လှန်ရေးကာလမှာလည်း ရည်မှန်းချက်ချင်းတူညီကြသူတွေပီပီ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းဖေးမပေးနေကြသူတွေပဲဖြစ်ပါတယ်။ Credit Zawgyi […]

ဂျပန်လူမျိုး အသိမိတ်ဆွေတစ်ယောက်ရဲ့ သဘောကျစရာ သူ့သားလူပျိုလေးကို ဆုံးမပုံ

ဂျပန်လူမျိုး အသိမိတ်ဆွေတစ်ယောက်ရဲ့ သူ့သားလူပျိုလေးကို ဆုံးမပုံ ကြားလိုက်ရတာ သဘောကျလွန်းလို့ပါ.. သူ့သားက တက္ကသိုလ်ကျောင်းသား (၂၃) နှစ်.. စာတော်တယ်.. လိမ္မာတယ်.. အားတဲ့အချိန် အချိန်ပိုင်း အလုပ်လုပ်ရင်း သူ့မုန့်ဖိုးသူရှာတယ်.. ကျောင်းစရိတ်ထဲလည်း ထည့်တယ်.. အလုပ်ထဲမှာ သူ့သားနဲ့ အဆင်မပြေတဲ့ လူတစ်ယောက်ရှိတယ်.. အဲဒီလူက အလုပ်လက်မဲ့.. အမြဲတမ်း အလုပ်မရှိသူ.. ပညာက တစ်ပိုင်းတစ်စ.. တက္ကသိုလ်ကျောင်းသားကို မနာလိုတာလည်းပါတယ်.. ခဏခဏ ပြဿနာတက်ကြတယ်.. အလုပ်ထဲက ပြဿနာကို ဆိုင်တာဝန်ခံက ဝင်ဖြေရှင်းပေး မီးအေးသလိုလိုရှိသွားမှ ထပ်ဖြစ်ကြပြန်တယ်.. ဒီတစ်ခါတော့ မိုက်ရင်ချမလားတွေအထိ ဖြစ်ကုန်တယ်.. မြစ်ကမ်းဘေးကွက်လပ်မှာ ချိန်းသတဲ့.. ဂျပန်တက္ကသိုလ်ကျောင်းသားလေးက သူ့အမေကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောတယ်.. သူသွားဆော်မယ်ပေါ့.. လူငယ်ဆိုတော့လည်း စိန်ခေါ်တာကို လက်ခံတာနဲ့တူပါရဲ့.. သူ့အမေက သူ့သားကို မတားဘူး.. စကားတစ်ခွန်းပဲ ပြောတယ်.. […]

နိုင်ငံခြား သွားရင် သယ်သွားလို့ ရမယ့် ဒေါ်လာ ပမာဏနဲ့ ပြန်ယူလာလို့ရမယ့် ပမာဏ

မေး – နိုင်ငံခြားသွားရင် ဒေါ်လာ ဘယ်လောက်သယ်သွားလို့ရသလဲ? ဖြေ – လူတစ်ဦးလျှင် ဒေါ်လာတစ်သောင်း သို့မဟုတ် ၎င်းနှင့်ညီမျှသော နိုင်ငံခြားသုံးငွေ ကို သယ်ဆောင်ခွင့် ရှိပါတယ်။ ၎င်းထက် ပိုလွန်ပါက ကြေညာ (Declare) လုပ်ရန် လိုအပ်ပါတယ်။ မေး – အမေရိကန်ဒေါ်လာ ပြန်ပါလာတာကို လေဆိပ်မှာ ဗဟိုဘဏ်သတ်မှတ်စျေး (၁၈၅၀) နဲ့ မရောင်းမနေရ ရောင်းရပါသလား? ဖြေ – မရောင်းလို့ ရပါတယ်ဗျာ။ ဘဏ်စာရင်းထဲဝင်တဲ့ ဒေါ်လာငွေများအတွက်သာ သတ်မှတ်ချက် ထွက်တာပါ။ လက်ထဲရှိငွေအတွက် မိမိသဘောဆန္ဒအတိုင်းပါ။ ပြည်ပထွက်ခွာ/ဆိုက်ရောက်ရာမှာ နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ- (၁) မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံခြားသားများသည် မြန်မာနိုင်ငံမှ ထွက်ခွာရာ၌ အမေရိကန် ဒေါ်လာ […]

မြန်မာ့ရွှေနဲ့ ဒေါ်လာဈေးကွက် ပျက် (ဒေါ်လာဈေး ၅၀၀၀ အထိဖြစ်မည်ဟု သတင်းထွက်နေ)

ရွှေနှင့်ဒေါ်လာစျေးနှုန်းများ အတည်အတံ့မရှိဘဲ စျေးကွက်အတွင်း၌ လေပတ်ကားအရောင်းအဝယ်ဟုဆိုသည့် ကြိုက်ရောင်းကြိုက်ဝယ်စျေးများဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း ပြင်ပစျေးကွက်မှ သိရပါတယ်။ ပြင်ပစျေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၀၀ ကျပ်ပတ်ဝန်းကျင်အထိ စျေးဖွင့်ရောင်းချလျှက်ရှိပြီး ဒေါ်လာလက်ဝယ်ရှိသူများသည်လည်း ပြန်လည်ရောင်းချရန် စျေးအတက်စောင့်နေကြကြောင်း သိရပါတယ်။ “ဒေါ်လာက စျေးကွက်ထဲ ပျောက်နေတယ်။ ဝယ်ရောင်းသမားတွေနဲ့ အရွက်စုထားတဲ့သူတွေက နေ့တိုင်းစျေးတက်နေတော့ မရောင်းဘဲ ကိုင်ထားကြပြီလေ။ တက်စျေးကိုပဲ စောင့်နေတာ။ နောက်လလောက်ဆို ၅၀၀၀ ထိဖြစ်မယ်လို့တောင် ကောလဟလတွေ ဖြစ်နေပြီ။ အဲ့တော့ တကယ်လိုတဲ့သူဆို လိုအပ်ချက်ပေါ်မူတည်ပြီး စျေးတောင်းကြတော့တာပဲ။ စျေးကွက်ထဲ ဒေါ်လာအဝင်လမ်းမှမရှိတော့တာ။ ဘဏ်ထဲဝင်သမျှ နိုင်ငံခြားငွေအားလုံး ထိုင်သိမ်းခံနေရတာဆိုတော့”လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ပြည်တွင်းရွှေစျေးကွက်ထဲမှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်းခွဲကနေ ၂၃ သိန်းကြား စျေးနှုန်းတွေနဲ့ ရွှေဆိုင်တွေ အရောင်းအဝယ်ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့ရှိ ရွှေဆိုင်တွေဆီကနေ […]

လုံခြုံရေးတင်းကြပ်တဲ့ကြားက ရန်ကုန်လူငယ်တွေ လူထုသစ္စာအဓိဋ္ဌာန်ပြု

လုံခြုံရေးတင်းကြပ်တဲ့ကြားက ရန်ကုန်လူငယ်တွေ လူထုသစ္စာအဓိဋ္ဌာန်ပြု ရန်ကုန်မြို့မှာ ဒီကနေ့ဇူလိုင် ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးတင်းကျပ်မှုတွေကြားကနေ တကသကျောင်းသားဟောင်းများအင်အားစုက ကျောင်းသားလူငယ်တွေက အများပြည်သူလိုက်ပါစီးနင်းကြတဲ့ YBS ယာဥ်လိုင်းတွေမှာ “လူထုသစ္စာအဓိဌာန်ပြုပွဲ’’ အတွက်နှိုးဆော်မှုတွေလုပ်ခဲ့ကြတာတွေ့ရပါတယ်။ စစ်အာဏာသိမ်းတာကိုဆန့်ကျင်ရင်း ကျဆုံးသွားသူတွေကို ဦးညွတ်အလေးပြုကြောင်းနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးကို အောင်မြင်တဲ့အထိပါဝင်ကြဖို့ ကြွေးကြော်သံတွေကိုလည်း လူထုကြားမှာလုပ်ခဲ့တာပါ။ ဒီလှုပ်ရှားမှုတွေမလုပ်ခင် လူထုကို တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရင်တောင်းပန်တယ်ဆိုပြီး တောင်းပန်ဝန်ချတာကိုလည်း တော်လှန်‌ရေးအင်အားစုကလူငယ်တွေကလုပ်ခဲ့ကြတာတွေ့ရပါတယ်။ #ဘီဘီစီမြန်မာပိုင်း ဓါတ်ပုံ- AAMIJ Crd လုံခြုံရေးတင်းကြပ်တဲ့ကြားက ရန်ကုန်လူငယ်တွေ လူထုသစ္စာအဓိဋ္ဌာန်ပြု ရန်ကုန်မြို့မှာ ဒီကနေ့ဇူလိုင် ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးတင်းကျပ်မှုတွေကြားကနေ တကသကျောင်းသားဟောင်းများအင်အားစုက ကျောင်းသားလူငယ်တွေက အများပြည်သူလိုက်ပါစီးနင်းကြတဲ့ YBS ယာဉ်လိုင်းတွေမှာ “လူထုသစ္စာအဓိဌာန်ပြုပွဲ’’ အတွက်နှိုးဆော်မှုတွေလုပ်ခဲ့ကြတာတွေ့ရပါတယ်။ စစ်အာဏာသိမ်းတာကိုဆန့်ကျင်ရင်း ကျဆုံးသွားသူတွေကို ဦးညွတ်အလေးပြုကြောင်းနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးကို အောင်မြင်တဲ့အထိပါဝင်ကြဖို့ […]

ထီးပြင်ကာ ဝမ်းရေးအတွက် သမာအာဇီဝကျကျဖြေရှင်းနေတဲ့ အဘိုးကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်

ပရိသတ်ကြီးရေ မိုးစက်ကတော့ ဝမ်းရေးကို ခက်ခဲစွာနဲ့ သမာအာဇီကျကျ လုပ်ကိုင်စားသောက်နေတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေကို လိုက်လံကူညီထောက်ပံ့နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးစက်က ထီးပြင်ကာ ဝမ်းရေးအတွက် သမာအာဇီဝကျကျဖြေရှင်းနေတဲ့ အဖိုးတစ်ယောက်ကို ကူညီထောက်ပံ့ခဲ့ပါတယ်။ မိုးစက်ကတော့ အဖိုးတို့ မြေးအဖွားကိုတွေ့ပြီး အဖိုးတို့ စားဝတ်နေရေးအတွက်သူက (၁)သိန်းနဲ့ အလှူရှင် လှူဒါန်းပေးထားတဲ့ အလှူငွေ (၁)သိန်း စုစုပေါင်း (၂)သိန်းကျပ်ကို ကူညီထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်။ မိုးစက်ကတော့ အဖိုးနဲ့ တွေ့ဆုံပြီး အဖိုးအတွက် လှူဒါန်းပေးဖြစ်ခဲ့တာလေးကို ဗီဒီယိုလေးရိုက်ကူးပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ထီးပွငျတာကနေ တဈထောငျပဲရရှိသးတဲ့ အဖိုးရဲ့ အိမျပွနျလမျးမှာ မထငျမှတျဘဲ မိုးစကျနဲ့ တှေ့ဆုံခဲ့တာကွောင့ျ အလှူငှေ (၂)သိနျးကပြျရရှိသှားတဲ့ အခါ အဖိုးရဲ့ မကြျနှာပေါျကပီတိအပွုံးတှကေတော့ တကယျကို ကွညျနူးပီတိတှဝေဖွောနခေဲ့ပါသေးတယျ။ ပရိသတျကွီးရေ မိုးစကျရဲ့ မှနျမွတျလှတဲ့ […]

Back To Top