Month: August 2022

ဟင်းမပါလည်း စားရမှာပဲတဲ့ (ယနေ့ခေတ်ကို ထင်ဟပ်ပြနေတဲ့ ကြေကွဲဖွယ် ပုံရိပ်)

ဟင်းလေးတောင် မပါဘူး သားရယ် မပါလည်းစားရမှာပဲ လေတဲ့ ထမင်း (ကော်တွေ – ဘာပရိုတိန်းမှ မပါတဲ့ ကစီတွေ) တွေကို ခေါင်းမဖော်တမ်းငုံ့လွေးနေရာကနေ ဖြေလိုက်တာ ကြည့်မိတဲ့ ကျနော်က ရင်ဆို့ မျက်ရည်တွေ ကျ။ ကျနော်တို့က ဟင်းငတ်ခဲ့တဲ့ မျိုးဆက်ပါ။ မဆလ လက်ထက် နိုင်ငံ မွဲအားကြီးနေတုန်း မွေးလာခဲ့၊ ဟင်းဆိုတာ ဘဲဥ တခြမ်း ၊ အာလူးတစိတ် ဆို သိပ်ကောင်းတဲ့ ဟင်းကောင်း ဖြစ်ခဲ့ရတဲ့ ကာလ၊ အာဟာရ မပြည့်ဝ လို့ ကိုယ့်လူမျိုးစု တနိုင်ငံလုံးက မျိုးဆက်တွေ ပုဝင်ကြုံလှီ သွားရတဲ့ မျိုးဆက်မှာ ကျနော် နိုင်ငံခြားထွက်တော့ လေဆိပ်ကနေ ကြိုလာတဲ့ ကားက ကီလိုမီတာ ၁၀၀ လောက် မောင်းပြီး […]

ဆေးတက္ကသိုလ် ဝင်ခွင့်ကို ရမှတ် (၅၀) ကျော် လျှော့ခေါ်၊ စိတ်ပိုင်းဆိုင်ရာ စာမေးပွဲ ဖြေရမည်

ဆေးတက္ကသိုလ် ဝင်ခွင့်ကို ရမှတ် (၅၀) ကျော် လျှော့ခေါ်၊ စိတ်ပိုင်းဆိုင်ရာ စာမေးပွဲ ဖြေရမည်.. စကစ လက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူတွေထဲက အမှတ်ပေါင်း ၄၅၀ နဲ့အထက် ရရှိသူတွေ ဆေးတက္ကသိုလ် လျှောက်ထားနိုင်တယ်လို့ သတ်မှတ်လိုက်ပါတယ်။ ဆက်လက်ပြီးတော့ ၆ ဘာသာ ရမှတ်စုစုပေါင်း အမှတ် ၄၅၀ နဲ့အထက် ရရှိသူတွေအနက် အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ၃ ဘာသာရမှတ်ပေါင်း အများ/အနည်းပေါ်မူတည်ပြီး ပထမဦးစားပေး ဆေးတက္ကသိုလ် လျှောက်ထားသူတွေကို ပဏာမအဆင့် ရွေးချယ်ခံရသူတွေအဖြစ် သတ်မှတ်ထားရှိမယ်လို့ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက သိရပါတယ်။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို အရင်နှစ်တွေက ရမှတ်သတ်မှတ်ပေးတာမျိုးနဲ့ ဝင်ခွင့်ပေးတာမျိုး မဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူတွေရဲ့ ဦးစားပေးတက္ကသိုလ် […]

ဒေါ်လာစျေး (၄၃၀၀) နဲ့ 92 ဆီ တလီတာ (၂၆၀၀) ကျော်သို့ ရောက်ရှိ၊ ခွက်ဆွဲဖို့သာ ပြင်ထားကြပါတော့

ဒေါ်လာစျေး (၄၃၀၀) နဲ့ 92 ဆီ တလီတာ (၂၆၀၀) ကျော်သို့ ရောက်ရှိ၊ ခွက်ဆွဲဖို့သာ ပြင်ထားကြပါတော့.. ကျပ်ငွေတန်ဖိုးကျဆင်းလာတဲ့အတွက် ဒီနေ့သြဂုတ် ၃၁ ရက် ပြင်ပဒေါ်လာပေါက်ဈေး တစ်ဒေါ်လာကို ကျပ် ၄၃၀၀ အထိ မြင့်တက်လာပြီး ဒေါ်လာ လိုသလောက်ဝယ်မရတဲ့ အခက်အခဲတွေရှိတယ်လို့ နိုင်ငံခြားငွေလဲလှယ်တဲ့ ပြင်ပဈေးကွက်က သိရပါတယ်။ အခေါက်ရွှေကတော့ တစ်ကျပ်သား ၃၄ သိန်း စျေးပေါက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ “ဒေါ်လာဈေးကအတက်ပဲ ဦးတည်နေပြီး ဝယ်လိုအားများလာလို့ ထိပ်စီးပြောင်းလာတယ်။ အခု ၄၁၀၀ ကျော်သွားပြီ။ ဝယ်ရင် ၄၁၀၀ ရောင်းဈေး ၄၃၀၀ ဖြစ်နေတာ။ ဗဟိုဘဏ်က ဒေါ်လာကို မှောင်ခိုဈေးကွက်ကနေ ဝယ်ရောင်းမလုပ်ဖို့ အမျိုးမျိုး ထုတ်ပြန်ချက်တွေထုတ်ပြီး တင်းကြပ်တယ် ဈေးကွက်မှာတော့ ဒေါ်လာမရှိဘူး။ […]

ပြည်ပရောက် ရွှေမြန်မာများ၏ ပြန်လွှဲငွေများကိုပါ (၂၁၀၀) နဲ့ သိမ်းယူဖို့ ကြံစည်လာပါပြီ

ပြည်ပရောက် ရွှေမြန်မာများ၏ ပြန်လွှဲငွေများကိုပါ (၂၁၀၀) နဲ့ သိမ်းယူဖို့ ကြံစည်လာပါပြီ၊ ဒီရက်ပိုင်း မလိုအပ်ရင် ငွေလုံးဝ မလွှဲကြပါနဲ့.. ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော လုပ်ခ သို့မဟုတ် လစာဝင်ငွေများကို တစ်ဆင့်ဝယ်ယူထားသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် ထပ်ဆင့်ရောင်းချခြင်းမပြုရန် စကစ လက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ပြည်ပရောက် ‌ရွှေမြန်မာများ၏ ပြည်တွင်းသို့ လွှဲပို့သော နိုင်ငံခြားငွေများကို အရောင်းအဝယ်ပြုလုပ်ပါက ၂၁ ရက်အတွင်း အပြီးသတ်ရောင်းချရမည်ဟု လည်းဆိုသည်။ အဆိုပါကန့်သတ်ချက်သည် စက်တင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်ရမည်ဟု စကစခန့် ဗဟိုဘဏ် ဥက္ကဌ အသစ် ဒေါ်သန်းသန်းဆွေက လက်မှတ်ရေးထိုး ထုတ်ပြန်သည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းများအပါအဝင် ဒေါ်လာဝင်ငွေရှိသောလုပ်ငန်းမျိုးစုံကို […]

ဩဂုတ်(၃၁)ရက် နေ့လယ် ရွှေနှင့်ဒေါ်လာ ပေါက်ဈေးရောင်းသူမရှိတော့ဘဲ ဝယ်လိုသူများသာ စုပြုံတိုးနေ

အမေရိကန်တစ်ဒေါ်လာ ၄၄၀၀ ကျပ်နှင့် အခေါက်ရွှေစျေး ၃၅ သိန်း စျေးပေါက် ၊ ရွှေနှင့်ဒေါ်လာ ရောင်းသူမရှိတော့ဘဲ ဝယ်လိုသူများသာ စုပြုံတိုးနေ ရန်ကုန်၊ ဩဂုတ် ၃၁ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၄၀၀ ကျပ်ဝန်းကျင် ၊ အခေါက်ရွှေတစ်ကျပ်သား ၃၅သိန်း စျေးပေါက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ “ဆိုင်မှာတော့ လတ်တလော ပစ္စည်းမရှိပါဘူး” ဟု ရန်ကုန်မြို့၏ နာမည်ကျော် မီးလင်းရွှေ ရောင်းဝယ်ရေး ဆိုင်မှ အရောင်းဝန်ထမ်းက ပြောသည်။ အလားတူ ဒေါ်လာစျေးနှုန်းမှာလည်း အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၀၀ ကျပ်ဝန်းကျင် စျေးစတင်ဖွင့်လှစ်ပြီး ရောင်းသူထက် ဝယ်သူသာ ပိုများကြောင်း၊ လက်ဝယ်ရှိသူများကလည်း ထုတ်မရောင်းကြသဖြင့် အဝယ်သာများ ပြားကြောင်း သိရှိရသည်။ […]

တောထဲမှာကျဆုံးသွားတဲ့ ခင်မင်ရတဲ့မိတ်ဆွေတစ်ဦးကို သတိရလွမ်းဆွတ်နေမိတဲ့ အဆိုတော် R ဇာနည်

ပရိသတ်ကြီးရေ… အဆိုတော် R ဇာနည် ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။ ဒါအပြင် ယောက်င်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မူ့ကိုလဲ အဓိကရရှိထားသူတစ်ဦးလဲဖြစ်ပါတယ်။ R ကြီး လို့ဆိုလိုက်တာနဲ့ မင်္ဂလာပါလို့ အသံပါဝါကောင်းကောင်းနဲ့ သံရှည်စွဲပြီး ပရိသတ်ကို နှုတ်ဆက်လိုက်တဲ့ အသံကြီးကို ပြေးမြင်မိမှာပါပဲနော်။ MRTV-4 ကနေ စီစဥ်တင်ဆက်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာကျားပေါက်၊နီနီခင်ဇော်၊ရန်ရန်ချမ်း တို့နဲအတူပါဝင် အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ပြည့်သူ့အချစ်တော် အာဇာနည် ဟာ ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံထားရတာကြောင့် ဘေးကင်းရာကို တိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။ ဒီလို တိမ်းရှောင်နေရတာကြောင့် R ဇာနည်ကို ချစ်တဲ့ပရိသတ်တွေက အဝေးကနေ စိတ်ပူနေရတာပဲ ဖြစ်ပါတယ်။ R ဇာနည် […]

Back To Top