ပြန်လည်ရှင်သန်လာတော့မယ့် မီးရထားလမ်းဟောင်းများ

ပြန်လည်ရှင်သန်လာတော့မယ့် မီးရထားလမ်းဟောင်းများ========================== ရန်ကုန်၊ ရန်ကုန်ကနေ မန္တလေးကို မိုင် ၅၀၀ ခန့်သာရှိပေမယ့် ရထားနဲ့ ခရီးသွားမယ်ဆိုရင် ယနေ့ကာလမှာ ခရီးစဉ်တစ်ခုကို ၁၅ နာရီလောက်ထိ အချိန်ပေးရမှာဖြစ်ပါတယ်။ ရထားက ခပ်ဖြေးဖြေးသွား၊ ရာသီဥတုကပူ၊ ဖုန်ထူထူနဲ့ ဒီလိုအချက်တွေ ရှိနေပေမယ့် ကုန်ကျစရိတ်က ရိုးရိုးတန်းကို မြန်မာငွေ ၅၀၀၀ ကျပ်နဲ့ အထက်တန်းကို ကျပ် ၁၀၀၀၀ ခန့်သာ ကျသင့်မှာဖြစ်ပါတယ်။ လေအေးပေးစက်ကောင်းကောင်း၊ အဆင့်မြင့်မြင့်နဲ့ပြင်ဆင်ထားတဲ့ ခရီးသည်တင်ဘတ်စ်ကားတွေကို အသုံးပြုမယ်ဆိုရင်တော့ ဒီခရီးကို ပိုပြီးသက်တောင့်သက်သာနဲ့ မြန်မြန်သွားနိုင်မှာဖြစ်ပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ ရထားဟာ အဲယားကွန်း ဘတ်စ်ကားတွေထက် ပိုပြီးသဘောကျစရာရှိနေပါတယ်။ စျေးနှုန်းချိုသာမှု၊ ဘေးအန္တရာယ် ပိုပြီးလုံခြုံစိတ်ချမှု၊ ချောင်ချောင်လည်လည်နဲ့သွားလာနိုင်မှု၊ သစ်သီးစားချင် သစ်သီး၊ ရေအေးအေးသောက်ချင် ရေအေးအေး၊ မုန့်ပဲသရေစာ၊ ထမင်းဟင်းစုံကို အချိန်ပြည်နီးပါး မိမိဝယ်စားလိုတဲ့အချိန်မှာ […]

Back To Top